Unicodeဖြင့်ဖတ်ရန်
နေပြည်တော် ဇေယျာသီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်မယ့် USDP ပါတီဥက္ကဌ ဦးသန်းဌေးဟာ ဒီကနေ့ အောက်တိုဘာ (၁၃)ရက် မနက်ပိုင်းက မြေပြင်ဆင်း မဲဆွယ်စည်းရုံးဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။
သူဝင်ရောက်ယှဉ်ပြိုင်မယ့် ဇေယျာသီရိမြို့နယ်အတွင်းက ရွှေတွင်းကုန်းကျေးရွာမှာ ဟောပြောစည်းရုံးရေး ပြုလုပ်ခဲ့ပြီး လူ (၅၀) ဦးထက်မပိုပဲ ကန့်သတ်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
ဟောပြောစည်းရုံးပွဲမှာ လာရောက်ဝန်းရံသူ (၅၀) လောက်ဟာ အပြင်ကနေ နားထောင်ဝန်းရံမှုတွေ ပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ပါတီဥက္ကဌ ဦးသန်းဌေးဟာ သူဝင်ပြိုင်မယ့် မဲဆန္ဒနယ်အတွင်းက ရွာတွေကို သွားပြီး အခုလို စည်းရုံးဟောပြောမှုတွေကို နေ့စဉ်နီးပါးပြုလုပ်နေခဲ့တာလို့လည်း သိရပါတယ်။
ဓာတ်ပုံ – ဆူးနစ် (NPT)
Credit:Duwun
Zawgyiဖြင့်ဖတ်ရန်
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး နေပြည်တော်မှာ မြေပြင်ဆင်း မဲဆွယ်စည်းရုံးမှုပြုလုပ်နေ
ဓာတ်ပုံ – ဆူးနစ် (NPT)
Credit:Duwun