Unicodeဖြင့်ဖတ်ရန်

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး အလံတော် လွှင့်ထူခြင်း အခမ်းအနား ဒီနေ့မနက်ပိုင်းက နေပြည်တော် ယာယီဌာနချုပ်ရုံးခွဲမှာကျင်းပရာမှာ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အလံလွှင့်ထူခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မူလက ဒီနေ့မနက် သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်ကို သွားရောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ခရီးစဉ်ကို ဖျက်သိမ်းကာ နေပြည်တော်မှာပဲ အလံလွှင့်ထူတဲ့ အခမ်းအနားကျင်းပခဲ့တာပါ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကိုလည်း ဒီကနေ့ စက်တင်ဘာလ ၈ ရက် မနက် ၆ နာရီကနေစတင်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

မဲဆွယ်စည်းရုံးရာမှာ ကျန်းမာရေး လမ်းညွှန်နဲ့အညီ နေရာအကျယ်အဝန်း အနေအထားပေါ်မူတည်ပြီး တကြိမ်ကို လူဦးရေ ၅၀ ထက် မပိုပဲ မဲဆွယ်စည်းရုံးဟောပြောနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက်က သတင်းထုတ်ပြန်ပါတယ်။

သတင်း-ဓာတ်ပုံ – ဖြိုးသက်ပိုင်မြင့်

Credit:DVB

Zawgyiျဖင့္ဖတ္ရန္

 

ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးအလံေတာ္ ေဒၚေအာင္ဆန္းစုၾကည္ လႊင့္ထူ

 

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး အလံေတာ္ လႊင့္ထူျခင္း အခမ္းအနား ဒီေန႔မနက္ပိုင္းက ေနျပည္ေတာ္ ယာယီဌာနခ်ဳပ္႐ုံးခြဲမွာက်င္းပရာမွာ ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ၿပီး အလံလႊင့္ထူခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ မူလက ဒီေန႔မနက္ သူ႔ရဲ႕ မဲဆႏၵနယ္ျဖစ္တဲ့ ေကာ့မႉးၿမိဳ႕နယ္ကို သြားေရာက္ဖို႔ စီစဥ္ထားတာျဖစ္ၿပီး က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္အရ ခရီးစဥ္ကို ဖ်က္သိမ္းကာ ေနျပည္ေတာ္မွာပဲ အလံလႊင့္ထူတဲ့ အခမ္းအနားက်င္းပခဲ့တာပါ။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးခြင့္ကာလကိုလည္း ဒီကေန႔ စက္တင္ဘာလ ၈ ရက္ မနက္ ၆ နာရီကေနစတင္ၿပီး ႏိုဝင္ဘာလ ၆ ရက္ေန႔ ည ၁၂ နာရီအထိ ရက္ေပါင္း ၆၀ ခြင့္ျပဳထားတာ ျဖစ္ပါတယ္။

မဲဆြယ္စည္း႐ုံးရာမွာ က်န္းမာေရး လမ္းၫႊန္နဲ႔အညီ ေနရာအက်ယ္အဝန္း အေနအထားေပၚမူတည္ၿပီး တႀကိမ္ကို လူဦးေရ ၅၀ ထက္ မပိုပဲ မဲဆြယ္စည္း႐ုံးေဟာေျပာႏိုင္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက စက္တင္ဘာ ၆ ရက္က သတင္းထုတ္ျပန္ပါတယ္။

သတင္း-ဓာတ္ပုံ – ၿဖိဳးသက္ပိုင္ျမင့္

Credit:DVB