Unicodeဖြင့်ဖတ်ရန်
ရန်ကုန်တိုင်းရှိ မြို့တွင်းမြို့နယ် (၁၂) ခုတွင် လာမည့် စက်တင်ဘာလ (၉) ရက်နေ့ မနက် (၉) နာရီမှ ည (၉) နာရီအထိ ရေအားပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေရရှိရေးနှင့် ရေပေးဝေရေး တာဝန်ခံအဖွဲ့မှ ထုတ်ပြန် ကြေညာထားသည်။
မြို့တော်စည်ပင်အနေဖြင့် ကုက္ကိုင်းကန်အဆင်း 42” Ǿ MS ပိုက်လိုင်းတွင် 42” Ǿ Butterfly Valve တပ်ဆင်ခြင်း လုပ်ငန်းအား ဆောင်ရွက်သွားမည် ဖြစ်ပြီး ထိုသို့ လုပ်ဆောင်နေသည့် ကာလအတွင်း အောက်ပါမြို့နယ်များတွင် ရေအားပြတ်တောက်ခြင်း ဖြစ်ပေါ်မည် ဖြစ်သည်။
ရန်ကုန်ရှိ ရေအားပြတ်တောက်မည့် မြို့နယ် (၁၂) မြို့နယ်မှာ –
ဗဟန်းမြို့နယ်
ဒဂုံမြို့နယ်
ကြည့်မြင်တိုင်မြို့နယ်
စမ်းချောင်းမြို့နယ်
အလုံမြို့နယ်
ကျောက်တံတားမြို့နယ်
ပန်းဘဲတန်းမြို့နယ်
လသာမြို့နယ်
လမ်းမတော်မြို့နယ်
ဗိုလ်တစ်ထောင်မြို့နယ်
ပုဇွန်တောင်မြို့နယ်
တာမွေမြို့နယ် တို့ ဖြစ်သည်။
ရန်ကုန်မြို့ အနောက်ပိုင်းခရိုင်နှင့် မြို့တွင်းမြို့နယ်များအား ကုက္ကိုင်းရေလှောင်ကန်မှတစ်ဆင့် အဓိက ရေဖြန့်ဝေပေးလျက်ရှိပြီး ရေဖိအား ညီမျှစွာ ရရှိစေရန်နှင့် အချိန်ပိုင်း ရေပေးဝေရေးစနစ် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါလုပ်ငန်းစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
အထက်ပါ မြို့နယ်များတွင် နေထိုင်သူများအနေဖြင့် မိမိတို့၏ နေအိမ်၌ ရေသုံးစွဲမှု အခက်မတွေ့စေရေးအတွက် သုံးရေများ ကြိုတင် စုဆောင်းထားကြရန်လည်း မြို့တော်စည်ပင်မှ အသိပေး ကြေညာထားသည်။
Credit:Rainbow- Cele Gabar
စက္တင္ဘာ (၉) ရက္ေန႔ တစ္ရက္လုံး ရန္ကုန္ၿမိဳ႕တြင္း ၿမိဳ႕နယ္မ်ားတြင္ ေရျပတ္ေတာက္မည္
ရန္ကုန္တိုင္းရွိ ၿမိဳ႕တြင္းၿမိဳ႕နယ္ (၁၂) ခုတြင္ လာမည့္ စက္တင္ဘာလ (၉) ရက္ေန႔ မနက္ (၉) နာရီမွ ည (၉) နာရီအထိ ေရအားျပတ္ေတာက္မည္ ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၊ ေရရရွိေရးႏွင့္ ေရေပးေဝေရး တာဝန္ခံအဖြဲ႕မွ ထုတ္ျပန္ ေၾကညာထားသည္။
ၿမိဳ႕ေတာ္စည္ပင္အေနျဖင့္ ကုကၠိဳင္းကန္အဆင္း 42” Ǿ MS ပိုက္လိုင္းတြင္ 42” Ǿ Butterfly Valve တပ္ဆင္ျခင္း လုပ္ငန္းအား ေဆာင္႐ြက္သြားမည္ ျဖစ္ၿပီး ထိုသို႔ လုပ္ေဆာင္ေနသည့္ ကာလအတြင္း ေအာက္ပါၿမိဳ႕နယ္မ်ားတြင္ ေရအားျပတ္ေတာက္ျခင္း ျဖစ္ေပၚမည္ ျဖစ္သည္။
ရန္ကုန္ရွိ ေရအားျပတ္ေတာက္မည့္ ၿမိဳ႕နယ္ (၁၂) ၿမိဳ႕နယ္မွာ –
ဗဟန္းၿမိဳ႕နယ္
ဒဂုံၿမိဳ႕နယ္
ၾကည့္ျမင္တိုင္ၿမိဳ႕နယ္
စမ္းေခ်ာင္းၿမိဳ႕နယ္
အလုံၿမိဳ႕နယ္
ေက်ာက္တံတားၿမိဳ႕နယ္
ပန္းဘဲတန္းၿမိဳ႕နယ္
လသာၿမိဳ႕နယ္
လမ္းမေတာ္ၿမိဳ႕နယ္
ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္
ပုဇြန္ေတာင္ၿမိဳ႕နယ္
တာေမြၿမိဳ႕နယ္ တို႔ ျဖစ္သည္။
ရန္ကုန္ၿမိဳ႕ အေနာက္ပိုင္းခ႐ိုင္ႏွင့္ ၿမိဳ႕တြင္းၿမိဳ႕နယ္မ်ားအား ကုကၠိဳင္းေရေလွာင္ကန္မွတစ္ဆင့္ အဓိက ေရျဖန႔္ေဝေပးလ်က္ရွိၿပီး ေရဖိအား ညီမွ်စြာ ရရွိေစရန္ႏွင့္ အခ်ိန္ပိုင္း ေရေပးေဝေရးစနစ္ ထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ရန္အတြက္ အဆိုပါလုပ္ငန္းစဥ္ကို ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
အထက္ပါ ၿမိဳ႕နယ္မ်ားတြင္ ေနထိုင္သူမ်ားအေနျဖင့္ မိမိတို႔၏ ေနအိမ္၌ ေရသုံးစြဲမႈ အခက္မေတြ႕ေစေရးအတြက္ သုံးေရမ်ား ႀကိဳတင္ စုေဆာင္းထားၾကရန္လည္း ၿမိဳ႕ေတာ္စည္ပင္မွ အသိေပး ေၾကညာထားသည္။
Credit:Rainbow- Cele Gabar