Unicodeဖြင့်ဖတ်ရန်

 

ကိုဗစ်-၁၉ ကပ်ဘေး အကြပ်အတည်းကာလမှာ ရခိုင်ပြည်နယ်က အခြေခံပြည်သူ အိမ်ထောင်စု ၁၅၀ အတွက် ပြေတီဦးဖောင်ဒေးရှင်းက ငွေကျပ် ၃,၇၅၀,၀၀၀ လှူဒါန်းခဲ့ တယ်လို့ သိရပါတယ်။

ခုလိုထောက်ပံ့ကူညီမှုမှာတော့ အိမ်ထောင်စုတစုစီအတွက် ကျပ် ၂၅,၀၀၀ ကျသင့် တဲ့ အခြေခံစားသောက်ကုန် ၁၈ မျိုးစီကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အလိုတော်ပြည့် ကျောင်းတိုက် အသျှင်ကုမာရထံမှတဆင့် ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင်ပြေတီဦးရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။

“ရခိုင်ပြည်နယ်အတွက် ကျနော်တို့ဖောင်ဒေးရှင်းမှ သွားရောက်လှူဒါန်းခဲ့ပါ တယ်… ရခိုင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်သားများအားလုံး ဘေးအန္တရာယ်များကို အမြန် ဆုံး ကျော်လွှားနိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ…🙏🙏🙏🙏🙏”

ေပြေတီဦးဖောင်ဒေးရှင်းကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က စတင်ကာ ကျပ်သိန်း ၁၀၀ မ တည်ငွေနဲ့ တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဖောင်ဒေးရှင်းသက်တမ်းဟာ ဆယ် စုနှစ်တစုကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပညာရေးဖောင်ဒေးရှင်းတခုအနေနဲ့ တည်ထောင်ခဲ့တဲ့ ပြေတီဦးဖောင်ဒေးရှင်းအ နေနဲ့ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ စီးပွားရေး၊ ဉပဒေ စတဲ့ အထူးပြုမေဂျာတွေအလိုက် ပညာဆက်လက်သင်ယူဖို့ အခက်အခဲရှိတဲ့ ထူးချွန် ကျောင်းသားတွေကို ထောက်ပံ့ကူညီမှုပေးနေခဲ့တာပါ။

လတ်တလောမှာတော့ တကျော့ပြန် ကိုဗစ်-၁၉ ကပ်ဘေးဒဏ်သင့် ရခိုင်ပြည်သူ တွေအတွက် ဖောင်ဒေးရှင်းအနေနဲ့ လှူဒါန်းမှု ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ နေ့လည် ၁ နာရီခွဲအချိန်ထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၄၆၄ ယောက်ရှိပြီး သေဆုံးသူ ၈ ယောက် ရှိပါတယ်။

Credit:DVB

 

Zawgyiျဖင့္ဖတ္ရန္

 

ေျပတီဦးေဖာင္ေဒးရွင္းက ကိုဗစ္ကပ္ေဘးသင့္ ရခိုင္မိသားစုမ်ားအတြက္ ေငြက်ပ္ ၃၇ သိန္းခြဲလႉ

 

ကိုဗစ္-၁၉ ကပ္ေဘး အၾကပ္အတည္းကာလမွာ ရခိုင္ျပည္နယ္က အေျခခံျပည္သူ အိမ္ေထာင္စု ၁၅၀ အတြက္ ေျပတီဦးေဖာင္ေဒးရွင္းက ေငြက်ပ္ ၃,၇၅၀,၀၀၀ လႉဒါန္းခဲ့ တယ္လို႔ သိရပါတယ္။

ခုလိုေထာက္ပံ့ကူညီမႈမွာေတာ့ အိမ္ေထာင္စုတစုစီအတြက္ က်ပ္ ၂၅,၀၀၀ က်သင့္ တဲ့ အေျခခံစားေသာက္ကုန္ ၁၈ မ်ိဳးစီကို ရန္ကုန္ၿမိဳ႕၊ တာေမြၿမိဳ႕နယ္၊ အလိုေတာ္ျပည့္ ေက်ာင္းတိုက္ အသွ်င္ကုမာရထံမွတဆင့္ ေပးအပ္လႉဒါန္းခဲ့တာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေျပတီဦးရဲ႕ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚမွာေတာ့ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ခုလိုေရးသားၿပီး မွ်ေဝထားခဲ့တာပါ။

“ရခိုင္ျပည္နယ္အတြက္ က်ေနာ္တို႔ေဖာင္ေဒးရွင္းမွ သြားေရာက္လႉဒါန္းခဲ့ပါ တယ္… ရခိုင္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္သားမ်ားအားလုံး ေဘးအႏၲရာယ္မ်ားကို အျမန္ ဆုံး ေက်ာ္လႊားႏိုင္ၿပီး ေဘးအႏၲရာယ္ကင္းရွင္းၾကပါေစ…🙏🙏🙏🙏🙏”

ေေျပတီဦးေဖာင္ေဒးရွင္းကို ၿပီးခဲ့တဲ့ ၂၀၀၉ ခုႏွစ္က စတင္ကာ က်ပ္သိန္း ၁၀၀ မ တည္ေငြနဲ႔ တည္ေထာင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ေဖာင္ေဒးရွင္းသက္တမ္းဟာ ဆယ္ စုႏွစ္တစုေက်ာ္ ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။

ပညာေရးေဖာင္ေဒးရွင္းတခုအေနနဲ႔ တည္ေထာင္ခဲ့တဲ့ ေျပတီဦးေဖာင္ေဒးရွင္းအ ေနနဲ႔ ေဆးတကၠသိုလ္၊ နည္းပညာတကၠသိုလ္၊ ပညာေရးတကၠသိုလ္၊ စီးပြားေရး၊ ဉပေဒ စတဲ့ အထူးျပဳေမဂ်ာေတြအလိုက္ ပညာဆက္လက္သင္ယူဖို႔ အခက္အခဲရွိတဲ့ ထူးခြၽန္ ေက်ာင္းသားေတြကို ေထာက္ပံ့ကူညီမႈေပးေနခဲ့တာပါ။

လတ္တေလာမွာေတာ့ တေက်ာ့ျပန္ ကိုဗစ္-၁၉ ကပ္ေဘးဒဏ္သင့္ ရခိုင္ျပည္သူ ေတြအတြက္ ေဖာင္ေဒးရွင္းအေနနဲ႔ လႉဒါန္းမႈ ျပဳခဲ့တာ ျဖစ္ပါတယ္။

ဒီကေန႔ ေန႔လည္ ၁ နာရီခြဲအခ်ိန္ထိ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၁,၄၆၄ ေယာက္ရွိၿပီး ေသဆုံးသူ ၈ ေယာက္ ရွိပါတယ္။

Credit:DVB