Unicodeဖြင့်ဖတ်ရန်

 

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ နီးကပ်လာချိန်မှာ ပါတီအလံတံဆိပ် နဲ့ တီရှပ်အထည်တွေ ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းလာတယ်လို့ တံရိုက်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလကို စက်တင်ဘာ ၈ ရက်ကနေ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင်အနီးတစ်ဝိုက်က တံဆိပ်ရိုက်လုပ်ငန်းတွေမှာ ပါတီအလံတံဆိပ်နဲ့ တီရှပ်တွေကို ပြည်သူအများစုက လာရောက်ဝယ်ယူတာတွေလည်း ရှိပါတယ်။

လက်ရှိ ဈေးကွက်အနေအထားအရ အန်အယ်လ်ဒီပါတီ အလံတံဆိပ်နဲ့ တီရှပ်တွေက အများဆုံးရောင်းနေရတယ်လို့ အောင်သပြေ တံဆိပ်ရိုက်လုပ်ငန်းက ကိုအောင်ဇော်ထွန်းက ပြောပါတယ်။

တခြားပါတီတွေကလည်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းလုပ်ဆောင်ဖို့အတွက် ပါတီအလံ တံဆိပ်တွေ မှာယူတာတွေ အနည်းငယ်တော့ ရှိတယ်လို့ တံဆိပ်ရိုက်လုပ်ငန်း လုပ်ကိုင်သူ တဦးကလည်း ဆိုပါတယ်။

လတ်တလော တံဆိပ်ရိုက်ဈေးကွက်အတွင်း အများစုမှာယူနေတာကတော့ အန်အယ်လ်ဒီ ပါတီ အလံ၊ တံဆိပ်၊ တီရှပ် အင်္ကျီ၊ ဦးထုပ်၊ ထီး၊ ရင်ထိုး၊ နှာခေါင်းစည်း Mask စတာတွေ ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၈ ရက်နေ့မှာ ပါတီအလံလွှင့်ထူဖို့ တိုက်တွန်း ထားတာကြောင့် ပါတီအလံတံဆိပ်တွေ လာရောက်ဝယ်ယူနေကြတယ်လို့လည်း သိရပါတယ်။

အခုချိန်တော့ ကြိုတင်ရိုက်နှိပ်ထားတဲ့ အထည်ပစ္စည်းတွေကို ရောင်းချပေးနေတာဖြစ်ပြီး ကြိုတင်မှာယူရင်တော့ အထည်အရေအတွက်အပေါ် မူတည်ပြီး အချိန် တစ်ပတ်ကြာ စောင့်ဆိုင်းရတာတွေ ရှိပါတယ်။

သတင်း – နန့်ခိုင်

Credit:DVB

 

Zawgyiျဖင့္ဖတ္ရန္

 

ပါတီအလံ၊ တံဆိပ္ႏွင့္ တီရွပ္မ်ား ပစၥည္းျပတ္သည္အထိ ေရာင္းအားေကာင္း

 

၂၀၂၀ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးကာလ နီးကပ္လာခ်ိန္မွာ ပါတီအလံတံဆိပ္ နဲ႔ တီရွပ္အထည္ေတြ ပစၥည္းျပတ္တဲ့အထိ ေရာင္းအားေကာင္းလာတယ္လို႔ တံ႐ိုက္လုပ္ငန္း လုပ္ကိုင္သူေတြက ေျပာပါတယ္။

လာမယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးေရးကာလကို စက္တင္ဘာ ၈ ရက္ကေန ႏိုဝင္ဘာ ၆ ရက္ ည ၁၂ နာရီအထိ ရက္ေပါင္း ၆၀ ခြင့္ျပဳလိုက္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ေၾကညာထားပါတယ္။

ရန္ကုန္ၿမိဳ႕ ေ႐ႊဂုံတိုင္အနီးတစ္ဝိုက္က တံဆိပ္႐ိုက္လုပ္ငန္းေတြမွာ ပါတီအလံတံဆိပ္နဲ႔ တီရွပ္ေတြကို ျပည္သူအမ်ားစုက လာေရာက္ဝယ္ယူတာေတြလည္း ရွိပါတယ္။

လက္ရွိ ေစ်းကြက္အေနအထားအရ အန္အယ္လ္ဒီပါတီ အလံတံဆိပ္နဲ႔ တီရွပ္ေတြက အမ်ားဆုံးေရာင္းေနရတယ္လို႔ ေအာင္သေျပ တံဆိပ္႐ိုက္လုပ္ငန္းက ကိုေအာင္ေဇာ္ထြန္းက ေျပာပါတယ္။

တျခားပါတီေတြကလည္း မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းလုပ္ေဆာင္ဖို႔အတြက္ ပါတီအလံ တံဆိပ္ေတြ မွာယူတာေတြ အနည္းငယ္ေတာ့ ရွိတယ္လို႔ တံဆိပ္႐ိုက္လုပ္ငန္း လုပ္ကိုင္သူ တဦးကလည္း ဆိုပါတယ္။

လတ္တေလာ တံဆိပ္႐ိုက္ေဈးကြက္အတြင္း အမ်ားစုမွာယူေနတာကေတာ့ အန္အယ္လ္ဒီ ပါတီ အလံ၊ တံဆိပ္၊ တီရွပ္ အက်ႌ၊ ဦးထုပ္၊ ထီး၊ ရင္ထိုး၊ ႏွာေခါင္းစည္း Mask စတာေတြ ပါဝင္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က စက္တင္ဘာ ၈ ရက္ေန႔မွာ ပါတီအလံလႊင့္ထူဖို႔ တိုက္တြန္း ထားတာေၾကာင့္ ပါတီအလံတံဆိပ္ေတြ လာေရာက္ဝယ္ယူေနၾကတယ္လို႔လည္း သိရပါတယ္။

အခုခ်ိန္ေတာ့ ႀကိဳတင္႐ိုက္ႏွိပ္ထားတဲ့ အထည္ပစၥည္းေတြကို ေရာင္းခ်ေပးေနတာျဖစ္ၿပီး ႀကိဳတင္မွာယူရင္ေတာ့ အထည္အေရအတြက္အေပၚ မူတည္ၿပီး အခ်ိန္ တစ္ပတ္ၾကာ ေစာင့္ဆိုင္းရတာေတြ ရွိပါတယ္။

သတင္း – နန္႔ခိုင္

Credit:DVB