Unicodeဖြင့်ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၉၂ ဦးထပ်မံစစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၁,၆၁၀ ဦးအထိရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက် ထုတ်ပြန်ချက်အရသိရပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေရဲ့ သတင်းအချက်အလက်တွေကို မသိရသေးဘဲ ထပ်မံထုတ်ပြန်ပေးမယ်လို့ ကြေညာထားပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၂၆,၉ ခုနဲ့ တခြားပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးတွေက ထပ်မံစစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာတွေအပါအဝင် ဓာတ်ခွဲနမူနာ ၁,၅၂၇ ခု ကို စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၉၂ ဦးထပ်တွေ့ရတာပါ။
မနေ့ညကလည်း ဓာတ်ခွဲနမူနာ ၁,၁၇၀ ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာ ရန်ကုန်က ၃၉ ဦး အပါအဝင် လူနာသစ် ၅၄ ဦး တွေ့ရှိခဲ့ပါတယ်။
စက်တင်ဘာ ၈ ရက်မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၆၁၀ ဦး၊ သေဆုံးသူ ၈ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၈၈ ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၆၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၂၉ ဦးရှိပါတယ်။
Credit:DVB
Zawgyiျဖင့္ဖတ္ရန္
ကိုဗစ္-၁၉ ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ ၉၂ ဦးထပ္မံေတြ႕ရွိ
ကိုဗစ္-၁၉ ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ ၉၂ ဦးထပ္မံစစ္ေဆးေတြ႕ရွိရၿပီး ျမန္မာႏိုင္ငံမွာ အတည္ျပဳလူနာေပါင္း ၁,၆၁၀ ဦးအထိရွိလာၿပီလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ မနက္ ထုတ္ျပန္ခ်က္အရသိရပါတယ္။
ဓာတ္ခြဲအတည္ျပဳလူနာသစ္ေတြရဲ႕ သတင္းအခ်က္အလက္ေတြကို မသိရေသးဘဲ ထပ္မံထုတ္ျပန္ေပးမယ္လို႔ ေၾကညာထားပါတယ္။
အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ ထပ္မံစစ္ေဆးၿပီးစီးခဲ့ေသာ ဓာတ္ခြဲနမူနာ ၁၂၆,၉ ခုနဲ႔ တျခားျပည္နယ္နဲ႔တိုင္းေတြမွာရွိတဲ့ ျပည္သူ႔ေဆး႐ုံႀကီးေတြက ထပ္မံစစ္ေဆးၿပီးစီးခဲ့တဲ့ ဓာတ္ခြဲနမူနာေတြအပါအဝင္ ဓာတ္ခြဲနမူနာ ၁,၅၂၇ ခု ကို စစ္ေဆးၿပီးစီးခဲ့ရာ လူနာသစ္ ၉၂ ဦးထပ္ေတြ႕ရတာပါ။
မေန႔ညကလည္း ဓာတ္ခြဲနမူနာ ၁,၁၇၀ ခုကို စစ္ေဆးၿပီးစီးခဲ့ရာမွာ ရန္ကုန္က ၃၉ ဦး အပါအဝင္ လူနာသစ္ ၅၄ ဦး ေတြ႕ရွိခဲ့ပါတယ္။
စက္တင္ဘာ ၈ ရက္မနက္ ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ ၁,၆၁၀ ဦး၊ ေသဆုံးသူ ၈ ဦး၊ ႏွစ္ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ရွိသူ ၃၈၈ ဦး ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့သူ ၃၆၉ ဦးနဲ႔ ေစာင့္ၾကည့္လူနာအသစ္ ၁၂၉ ဦးရွိပါတယ္။
Credit:DVB