Unicodeဖြင့်ဖတ်ရန်
နည်းပညာက တစ်နေ့ထက်တစ်နေ့ တိုးတက်လာချိန်မှာ လူသားတွေဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိနိုင်တဲ့ ဇိမ်ခံပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေဝိုင်းဝိုင်းလည်နေပါတယ်။ Headphoneတွေ နားကြပ်တွေကလည်း နောက်ကွယ်ကဆိုးကျိုးတွေကို သတိမထားမိကြပဲ ယနေ့ခေတ်လူငယ်တွေ အသုံးများတဲ့ နည်းပညာပစ္စည်းတွေပဲဖြစ်ပါတယ်။
နားကြပ်လေးတပ်ပြီး သီချင်းနားထောင်နေကြတဲ့လူတွေကို ရထားပေါ်၊ Busကားပေါ်၊ လမ်းပေါ်၊ နေရာအနှံ့ တွေ့နေရသလို မိမိကိုယ်တိုင်လည်း စိတ်အပန်းဖြေဖို့၊ ပြင်ပအသံတွေမကြားချင်လို့၊ စိတ်ဖိစီးမှုပြေလျော့ဖို့၊သီချင်ကြိုက်လို့ စသည်ဖြင့် နားကြပ်နဲ့ နားထောင်လေ့ရှိပါတယ်။ဒါဆိုရင် ကျန်းမာရေးအတွက်ကျတော့ရော သတိထားမိကြရဲ့လား။တစ်ခါတစ်ရံဆိုရင်တော့ ကိစ္စမရှိပေမယ့် အမြဲနားကြပ်တပ်ပြီး သုံးနေတာ အကျင့်ပါပြီး ကြာလာရင် ကျန်းမာရေးအတွက် ဆိုးရွားတဲ့သက်ရောက်မှုတွေပေးနိုင်တယ်ဆိုတာတော့ သိထားသင့်ပါတယ်။
၁။အကြားအာရုံဆုံးရှုံးခြင်းနှင့် အကြားအာရုံပိုင်း နောက်ဆက်တွဲပြဿနာများ
headphones သို့မဟုတ် နားကြပ်ကိုအသုံးပြုတဲ့အခါ သင့်ရဲ့နားထဲကို အသံကအနီးကပ် တိုက်ရိုက် ဝင်ရောက်လာတာဖြစ်ပါတယ်။ 90 decibels ထက်ကျော်တဲ့အသံအတိုင်းအတာက အကြားအာရုံမှာ နောက်ဆက်တွဲထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ နေ့စဉ်headphones နဲ့နားကြပ်တပ်ပြီး နားထောင်လေ့ရှိသူတွေဟာ အကြားအာရုံဆုံးရှုံးဖို့ရာခိုင်နှုန်းအလွန်များပါတယ်။ 100 decibels ထက်ကျော်တဲ့အသံနှုန်းကို၁၅ မိနစ် လောက် နားထောင်ရုံနဲ့ပဲ ဒီအန္တရာယ်ကို စိုးရိမ်ရပါတယ်။ ဒါ့ကြောင့် ကိုယ်က ဒီလိုအလေ့အထမျိုးရှိနေသူဖြစ်ရင် ကိုယ့်နားကို နည်းနည်းလောက်အနားပေးပြီး အသံအကျယ်ကြီးဖွင့်နားမထောင်ဖို့ သတိပြုဖို့လိုအပ်ပါတယ်။
သင်က ကိုယ့်နားကြပ်ကိုပဲ သုံးလေ့ရှိလား။ ဒါမှမဟုတ် တခြားသူဆီက ငှားရမ်းသုံးတတ်သလား။ သူငယ်ချင်းတွေ၊ မိသားစုတွေဆီက တခါတရံတော့ ငှားသုံးမိမှာပါ။ဒါပေမယ့် ဒီလိုတစ်ကြိမ်တစ်ခါတည်းကနေတောင်မှ နားပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။ နားထဲက ဘက်တီးရီးယားပိုးတွေက နားကြပ်တွေကတဆင့် တစ်ယောက်နဲ့တစ်ယောက်ကူးစက်ဖို့လွယ်ကူပါတယ်။ ဒါ့ကြောင့် တခြားသူဆီက ငှားရတော့မယ်ဆိုရင် သန့်စင်ဆေးရည်နဲ့ပိုးသတ်တာမျိုး၊ ဒါမှမဟုတ် လုံးဝမငှားတာမျိုး၊ ငှားမသုံးတာမျိုး ပြုလုပ်သင့်ပါတယ်။
၃။လေလမ်းကြောင်းပိတ်စေခြင်း
နားကြပ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေကတော့ sound system ကောင်းမွန်ကြောင်း ကြော်ငြာကြမှာပါပဲ။သို့ပေမယ့် အသံဘယ်လောက်ပဲကောင်းကောင်း ကျန်းမာရေးရှုထောင့်အရတော့ ကိုယ့်ရဲ့အသုံးပြုမှုကိုမူတည်ပြီး ထိခိုက်မှုအနည်းနဲ့အများရှိလာစေနိုင်ပါတယ်။ နားထဲကို နားကြပ်ထိုးထည့် ထားရင်ပဲ လေလမ်းကြောင်းပိတ်ဆို့စေနိုင်ပါတယ်။ လေအဝင်အထွက်မရှိရင် သိချင်းသံပိုနားထောင်ကောင်းတယ်ဆိုပေမယ့် နားပိုးဝင်ခြင်း ဖြစ်လာနိုင်ခြေများပါတယ်။
၄။အကြားအာရုံခေတ္တပျောက်ရှခြင်း
တစ်နေကုန် အသံအကျယ်ကြီးနဲ့ နားကြပ်အသုံးများတဲ့သူတွေဟာ အကြားအာရုံခေတ္တပျောက်ဆုံးတတ်ပါတယ်။ အဲ့ဒီလို numb ears ဖြစ်ပြီးရင် ခဏနေတာနဲ့ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒီအခြေအနေက အန္တရာယ်များတဲ့အပြင် တကယ်နားမကြားတော့တဲ့အထိဖြစ်စေနိုင်ပါတယ်။
၅။နားကိုက်ခြင်း
နားကြပ်အမြဲသုံးတဲ့သူတွေမှာ နားကိုက်တဲ့ပြဿနာခဏခဏကြားရပါတယ်။ နားထဲမှာ တဝီဝီနဲ့အသံတွေကြားနေရတာ၊ ဟိုးအတွင်းက စူးကနဲနာကျင်ကိုက်ခဲတာတွေ ခံစားရတတ်ကြပါတယ်။
၆။ဦးနှောက်ကို ဆိုးကျိုးသက်ရောက်စေခြင်း
နားကြပ်တွေ၊ headphone တွေဆီကထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက ဦးနှောက်ကို ပြင်းထန်တဲ့အန္တရာယ်တွေဖြစ်စေနိုင်ပါတယ်။ ဒါကိုသက်သေပြဖို့တော့ လုံလောက်တဲ့ဆေးပညာအထောက်အထားတော့မရှိသေးပါဘူး။ Bluetooth ၊ headphone နဲ့ နားကြပ်ကို နေ့စဉ်သုံးသူတွေဟာ ဦးနှောက်နဲ့ ပတ်သက်တဲ့ရောဂါတွေ ပိုအဖြစ်များတာတွေ့ရပါတယ်။ နားအတွင်းပိုင်းဟာ ဦးနှောက်နဲ့တိုက်ရိုက်ချိတ်ဆက်နေတာဖြစ်ပြီး နည်းနည်းလောက်ပိုးဝင်ရင်တောင် ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။
၇။အသက်အန္တရာယ်ရှိတဲ့ မတေ်ာတဆမှုတွေ
ခုနောက်ပိုင်းမှာ နားကြပ်တပ်ရင်း လမ်းသွားလမ်းလာတွေ မတော်တဆဖြစ်မှုတွေ ပိုမိုများပြားလာပါတယ်။ ကားဟွန်းသံမကြား၊ ရထားသံ မာကြားနိုင်တဲ့သူတွေဟာ ဖြစ်ရပ်ဆိုးရဲ့သားကောင်ဖြစ်သွားနိုင်ပါတယ်။ တခါတရံ နားကြပ်တပ်ထားသူရဲ့အသက်ကို ကယ်တင်နိုင်ဖို့ ကြိုးစားရင်း တခြားသူတွေရဲ့အသက် အန္တရာယ်ဖြစ်ရတာတွေတောင် ရှိတက်ပါတယ်။နားကိုမထိခိုက်စေဘဲ နားကြပ် ဆက်သုံးနိုင်ဖို့ ဘယ်လိုဆင်ခြင်မလဲ? ဒီအတိုင်းတော့ မသုံးတော့ဘဲ လက်မလျေျာ့လိုက်ပါနဲ့။ နားကိုလည်း မထိခိုက်စေဘဲ နားကြပ်တွေကို သုံးနိုင်မယ့် နည်းလမ်းတွေလဲရှိပါသေးတယ်။
နားထဲကို ထည့်သွင်းထားရတဲ့ နားကြပ်သေးသေးလေးတွေကိုမသုံးပါနဲ့။ နားအပြင်မှာတပ်ဆင်ရတဲ့ headphone တွေကိုသုံးပါ။ ကိုယ့်နားကြပ်ကို တခြားသူတွေနဲ့ မျှဝေမသုံးပါနဲ့။ နားကြပ်ရဲ့ရော်ဘာအစွပ်လေးတွေကို တစ်လတစ်ကြိမ်ခန့်လဲပေးပါ။ နားကြပ်မှာ အစွပ်မပါဘူးဆိုရင် သန့်စင်ဆေးရည်နဲ့ ပိုးသတ်ပေးပါ။ နားကြပ်/headphone တပ်ထားရင် အသံအကျယ်ကြီးမထားပါနဲ့။ လူ့အသုံးအဆောင် ပစ္စည်းတွေကြောင့် နေထိုင်သုံးစွဲရလွယ်ကူစေတယ်ဆိုပေမယ့် အကန့်အသတ်နဲ့ပဲအသုံးပြုသင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Credit:luckymyanmar
Zawgyiဖြင့်ဖတ်ရန်
နားကြပ်အမြဲတပ်လေ့ ရှိတဲ့သူတွေ သတိထားသင့်တဲ့ ကြောက်စရာကောင်းတဲ့ ဘေးထွက်ဆိုးကျိုးများ
၅။နားကိုက်ခြင်း
၇။အသက်အန္တရာယ်ရှိတဲ့ မတော်တဆမှုတွေ
Credit:luckymyanmar