Unicodeဖြင့်ဖတ်ရန်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်လာတဲ့အတွက် တရားမဝင်ခိုးဖွင့်နေတဲ့ KTV ၊ အနှိပ်ခန်းနဲ့ နိုက်ကလပ်တွေကို စတင် အရေးယူနေပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသိရပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းက အမိန့်ညွှန်ကြားချက်ကို လိုက်နာမှုမရှိတဲ့ KTV ဆိုင်၂ ဆိုင်ကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးပြီး ဆိုင်ပိုင်ရှင်၂ ဦးနဲ့ မန်နေဂျာ၂ ဦးကို သက်ဆိုင်ရာရဲစခန်းအသီးသီးမှာ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ-၃၀(က) ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ “COVID 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်လုပ်ငန်းကော်မတီရဲ့အမိန့်နဲ့ ညွှန်ကြားချက်လိုက်နာဖို့ KTV ဆိုင်ပဲဖြစ်ဖြစ် နိုက်ကလပ်၊ အနှိပ်ခန်း အားလုံးကို မဖွင့်ဖို့ မှာကြားထားတယ်။ ဒါကိုမှ ဖွင့်တယ်ဆိုရင်သတင်းရတာ၊ စုံစမ်းသိရှိရတယ်ဆိုတာနဲ့ အရေးယူသွားမှာဖြစ်တယ်။ နောက်ပြီး ညမထွက်ရ အမိန့်ညွှန်ကြားချက်ကိုလည်း ပြည်သူတွေ လိုက်နာဖို့ လိုအပ်တယ်။ စည်းကမ်းဥပဒေဖောက်ဖျက်တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ထိထိရောက်ရောက်ကိုအရေးယူမှာ ဖြစ်တယ်” လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အဆင့်မြင့် အရာရှိတစ်ဦးက ပြောပါတယ်။

အရေးယူထားတဲ့ KTV ဆိုင်တွေကတော့ ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ်(၂၄)ရှိ LAX KTV ဆိုင်နဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅)ရပ်ကွက်၊ ပြည် ထောင်စုလမ်း၊ အမှတ်(၁၁၁/၁၁၂)ရှိ Privacy KTV ဆိုင်တို့ဖြစ်ပါတယ်။ ဒါ့အပြင် ည ၁၂ နာရီမှ နံနက် ၄ နာရီထိအပြင်မထွက်ရ ညွှန်ကြားချက်ကို ဖောက်ဖျက်ကျူးလွန်သူ ၆၄၇ ဦးနဲ့ ကား ၁၁၁ စီး၊ ဆိုင်ကယ် ၁၈ စီးကို သိမ်းဆည်းပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့်အရေးယူ ထားရှိတယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် ဒေသန္တရအမိန့်ကို တိုင်းအတွင်းက မြိုနယ်အလိုက်က တာဝန်ရှိသူတွေဟာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။

Credit:Duwun

 

Zawgyiျဖင့္ဖတ္ရန္

 

ရန္ကုန္မွာ KTV ေတြကို ေရွာင္တခင္ဝင္ေရာက္ ဖမ္းဆီးမႈေတြျပဳလုပ္

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ကိုဗစ္ေရာဂါကူးစက္မႈျမင့္တက္လာတဲ့အတြက္ တရားမဝင္ခိုးဖြင့္ေနတဲ့ KTV ၊ အႏွိပ္ခန္းနဲ႔ ႏိုက္ကလပ္ေတြကို စတင္ အေရးယူေနၿပီ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကသိရပါတယ္။

လက္ရွိ ရန္ကုန္တိုင္းအတြင္းက အမိန႔္ၫႊန္ၾကားခ်က္ကို လိုက္နာမႈမရွိတဲ့ KTV ဆိုင္၂ ဆိုင္ကို ေရွာင္တခင္ ဝင္ေရာက္ဖမ္းဆီးၿပီး ဆိုင္ပိုင္ရွင္၂ ဦးနဲ႔ မန္ေနဂ်ာ၂ ဦးကို သက္ဆိုင္ရာရဲစခန္းအသီးသီးမွာ သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ-၃၀(က) ျဖင့္ အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။ “COVID 19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳးသားအဆင့္လုပ္ငန္းေကာ္မတီရဲ႕အမိန႔္နဲ႔ ၫႊန္ၾကားခ်က္လိုက္နာဖို႔ KTV ဆိုင္ပဲျဖစ္ျဖစ္ ႏိုက္ကလပ္၊ အႏွိပ္ခန္း အားလုံးကို မဖြင့္ဖို႔ မွာၾကားထားတယ္။ ဒါကိုမွ ဖြင့္တယ္ဆိုရင္သတင္းရတာ၊ စုံစမ္းသိရွိရတယ္ဆိုတာနဲ႔ အေရးယူသြားမွာျဖစ္တယ္။ ေနာက္ၿပီး ညမထြက္ရ အမိန႔္ၫႊန္ၾကားခ်က္ကိုလည္း ျပည္သူေတြ လိုက္နာဖို႔ လိုအပ္တယ္။ စည္းကမ္းဥပေဒေဖာက္ဖ်က္တယ္ဆိုရင္ ကြၽန္ေတာ္တို႔အေနနဲ႔ ထိထိေရာက္ေရာက္ကိုအေရးယူမွာ ျဖစ္တယ္” လို႔ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ အဆင့္ျမင့္ အရာရွိတစ္ဦးက ေျပာပါတယ္။

အေရးယူထားတဲ့ KTV ဆိုင္ေတြကေတာ့ ဗဟန္းၿမိဳ႕နယ္၊ သာသနာ့ရိပ္သာရပ္ကြက္၊ ဆရာစံလမ္း၊ အမွတ္(၂၄)ရွိ LAX KTV ဆိုင္နဲ႔ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ (၄၅)ရပ္ကြက္၊ ျပည္ ေထာင္စုလမ္း၊ အမွတ္(၁၁၁/၁၁၂)ရွိ Privacy KTV ဆိုင္တို႔ျဖစ္ပါတယ္။ ဒါ့အျပင္ ည ၁၂ နာရီမွ နံနက္ ၄ နာရီထိအျပင္မထြက္ရ ၫႊန္ၾကားခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္သူ ၆၄၇ ဦးနဲ႔ ကား ၁၁၁ စီး၊ ဆိုင္ကယ္ ၁၈ စီးကို သိမ္းဆည္းၿပီး ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၁၈၈ ျဖင့္ အမႈဖြင့္အေရးယူ ထားရွိတယ္လို႔ သိရပါတယ္။ ကိုဗစ္-၁၉ ေရာဂါကာကြယ္တားဆီးေရးအတြက္ ေဒသႏၲရအမိန႔္ကို တိုင္းအတြင္းက ၿမိဳနယ္အလိုက္က တာဝန္ရွိသူေတြဟာ ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးမႈေတြကို လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

အလြတ္တန္းသတင္းေထာက္ ခ်စ္ခြန္းခ်ိဳေပးပို႔ေသာ သတင္းျဖစ္ပါသည္။

Credit:Duwun