Unicodeဖြင့်ဖတ်ရန်

 

မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေထဲမှာ လူနာ ၂၅ ရာခိုင်နှုန်းလောက်မှာသာ ရောဂါလက္ခဏာပြတာတွေ့ရပြီးတော့ ၇၅ ရာခိုင်နှုန်းလောက်က ရောဂါလက္ခဏာပြသခြင်းမရှိဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ ညနေ သမ္မတ အိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စက်တင်ဘာ ၄ ရက် မနက်ပိုင်းအထိကို ကိုဗစ်အတည်ပြုလူနာ ၁၁၃၃ ဦး ရှိနေပြီး အဲ့ဒီထဲက ၂၅ ရာခိုင်နှုန်းလောက်သာ ရောဂါ လက္ခဏာ ခံစားရတာပါ။ ဒါ့အပြင် ပြည်ပကနေ ကူးစက်လာသူက ၂၅ ရာခိုင်နှုန်းကျော်လောက်သာရှိပြီး ကျန်အတည်ပြု လူနာတွေက ပြည်တွင်းမှာ ကူးစက်ခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ပကနေ ကူးစက်ဖြစ်ပွားလာသူ ၂၈၇ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၂၅ ဒသမ ၃၃ ရာခိုင်နှုန်းရှိပြီးတော့ ပြည်တွင်းမှာ ကူးစက်ဖြစ်ပွားသူ ၈၄၆ ဦး ၊ ၇၄ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

အဲ့ဒီမှာ ရခိုင်ပြည်နယ်မှာ ၄၉၆ ဦး (၄၃ ဒသမ ၇၈ ရာခိုင်နှုန်း )နဲ့ အများဆုံးဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးက ၄၈၁ ဦး (၄၂ ဒသမ ၄၅ ရာခိုင်နှုန်း) ဒုတိယအများဆုံးဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ၂၉ ဦး (၆ ဒသမ ၅ ရာခိုင်နှုန်း) ၊ချင်းက ၁၈ ဦး (၄ ရာခိုင်နှုန်း) ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်နဲ့ ရခိုင်ပြည်နယ်မှာ ရောဂါကူးစက်မှု ဆက်လက်မြင့် မားနေဆဲဖြစ်ပြီး ထိရောက်စွာဟန့်တားနိုင်ဖို့ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးဖို့ ဦးဇော်ဌေးက တိုက်တွန်းပါတယ်။

“ လက်ရှိရန်ကုန်ရယ်၊ ရခိုင်ရယ်ပေါ့နော်၊ အဲ့ဒီအခြေအနေမှာတော့ အများအားဖြင့်တော့ ဆက်လက်ပြီးတော့ ကူးစက်နေတဲ့အနေအထားပေါ့နော်၊ အခုလက်ရှိမှာ ကိုဗစ်-၁၉ က ကူးလာတဲ့ အနေအထားတွေတွေ့ရှိရပါတယ်။ ပြည်ထောင်စုအစိုးရရယ်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ စေတနာ့ဝန်ထမ်း၊ အလှူရှင်တွေ၊ ကဏ္ဍပေါင်းစုံကလည်း အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ လမ်းညွှန်မှုနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေတာရှိတယ်။ ဒီလိုဆောင်ရွက်နေတဲ့အချိန်မှာ အချိန်တိုအတွင်းမှာ ထိရောက်အောင်မြင်နိုင်ဖို့အတွက် အရေးကြီးဆုံးအချက်ကတော့ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြည်ပက ပြန်လာသူတွေနဲ့ အနီးကပ်ထိတွေ့သူ စုစုပေါင်း ၃ သိန်းခွဲကျော်ကို အစိုးရက အကုန်အကျခံပြီး Facility Quarantine ထားရှိပေးထားသလို လတ်တလော ရောဂါပိုးတွေ့ရှိမှု မြင့်မားနေတဲ့ ရခိုင်ပြည်နယ်အတွက်ကိုလည်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးအတွက် ဆောင်ရွက်နေရာမှာ အစိုးရဝန်ထမ်းတွေက အဓိကဆောင်ရွက်နေပြီး ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုက အားနည်းနေသေးတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

စက်တင်ဘာ ၄ ရက်ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၁၇၁ ဦး၊ သေဆုံးသူ ၇ ဦး၊ နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၅၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၅၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၉၈ ဦးရှိပါတယ်။

သတင်း-ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Photo – Ye Myo Khant / MPA

Credit:DVB

 

Zawgyiျဖင့္ဖတ္ရန္

 

ျမန္မာျပည္ကကိုဗစ္-၁၉ အတည္ျပဳလူနာမ်ားအနက္ ေရာဂါလကၡဏာမျပသူ ၇၅ ရာခိုင္ႏႈန္းရွိေန

 

ျမန္မာႏိုင္ငံမွာ ေတြ႕ရွိရတဲ့ ကိုဗစ္-၁၉ အတည္ျပဳလူနာေတြထဲမွာ လူနာ ၂၅ ရာခိုင္ႏႈန္းေလာက္မွာသာ ေရာဂါလကၡဏာျပတာေတြ႕ရၿပီးေတာ့ ၇၅ ရာခိုင္ႏႈန္းေလာက္က ေရာဂါလကၡဏာျပသျခင္းမရွိဘူးလို႔ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ဒီကေန႔ ညေန သမၼတ အိမ္ေတာ္သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

စက္တင္ဘာ ၄ ရက္ မနက္ပိုင္းအထိကို ကိုဗစ္အတည္ျပဳလူနာ ၁၁၃၃ ဦး ရွိေနၿပီး အဲ့ဒီထဲက ၂၅ ရာခိုင္ႏႈန္းေလာက္သာ ေရာဂါ လကၡဏာ ခံစားရတာပါ။ ဒါ့အျပင္ ျပည္ပကေန ကူးစက္လာသူက ၂၅ ရာခိုင္ႏႈန္းေက်ာ္ေလာက္သာရွိၿပီး က်န္အတည္ျပဳ လူနာေတြက ျပည္တြင္းမွာ ကူးစက္ခံရသူေတြျဖစ္တယ္လို႔ ဆိုပါတယ္။

ျပည္ပကေန ကူးစက္ျဖစ္ပြားလာသူ ၂၈၇ ဦး၊ ရာခိုင္ႏႈန္းအားျဖင့္ ၂၅ ဒသမ ၃၃ ရာခိုင္ႏႈန္းရွိၿပီးေတာ့ ျပည္တြင္းမွာ ကူးစက္ျဖစ္ပြားသူ ၈၄၆ ဦး ၊ ၇၄ ဒသမ ၆ ရာခိုင္ႏႈန္းရွိတယ္လို႔ သိရပါတယ္။

အဲ့ဒီမွာ ရခိုင္ျပည္နယ္မွာ ၄၉၆ ဦး (၄၃ ဒသမ ၇၈ ရာခိုင္ႏႈန္း )နဲ႔ အမ်ားဆုံးျဖစ္ၿပီး၊ ရန္ကုန္တိုင္းေဒသႀကီးက ၄၈၁ ဦး (၄၂ ဒသမ ၄၅ ရာခိုင္ႏႈန္း) ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။ ကရင္ျပည္နယ္မွာ ၂၉ ဦး (၆ ဒသမ ၅ ရာခိုင္ႏႈန္း) ၊ခ်င္းက ၁၈ ဦး (၄ ရာခိုင္ႏႈန္း) ျဖစ္တယ္လို႔ သိရပါတယ္။

ရန္ကုန္နဲ႔ ရခိုင္ျပည္နယ္မွာ ေရာဂါကူးစက္မႈ ဆက္လက္ျမင့္ မားေနဆဲျဖစ္ၿပီး ထိေရာက္စြာဟန႔္တားႏိုင္ဖို႔ ျပည္သူေတြ ပူးေပါင္းပါဝင္ေပးဖို႔ ဦးေဇာ္ေဌးက တိုက္တြန္းပါတယ္။

“ လက္ရွိရန္ကုန္ရယ္၊ ရခိုင္ရယ္ေပါ့ေနာ္၊ အဲ့ဒီအေျခအေနမွာေတာ့ အမ်ားအားျဖင့္ေတာ့ ဆက္လက္ၿပီးေတာ့ ကူးစက္ေနတဲ့အေနအထားေပါ့ေနာ္၊ အခုလက္ရွိမွာ ကိုဗစ္-၁၉ က ကူးလာတဲ့ အေနအထားေတြေတြ႕ရွိရပါတယ္။ ျပည္ေထာင္စုအစိုးရရယ္၊ တိုင္းေဒသႀကီး/ျပည္နယ္အစိုးရအဖြဲ႕၊ ေစတနာ့ဝန္ထမ္း၊ အလႉရွင္ေတြ၊ က႑ေပါင္းစုံကလည္း အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီရဲ႕ လမ္းၫႊန္မႈနဲ႔ အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္ေနတာရွိတယ္။ ဒီလိုေဆာင္႐ြက္ေနတဲ့အခ်ိန္မွာ အခ်ိန္တိုအတြင္းမွာ ထိေရာက္ေအာင္ျမင္ႏိုင္ဖို႔အတြက္ အေရးႀကီးဆုံးအခ်က္ကေတာ့ ျပည္သူလူထုရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈပဲ ျဖစ္ပါတယ္” လို႔ ေျပာပါတယ္။

ျပည္ပက ျပန္လာသူေတြနဲ႔ အနီးကပ္ထိေတြ႕သူ စုစုေပါင္း ၃ သိန္းခြဲေက်ာ္ကို အစိုးရက အကုန္အက်ခံၿပီး Facility Quarantine ထားရွိေပးထားသလို လတ္တေလာ ေရာဂါပိုးေတြ႕ရွိမႈ ျမင့္မားေနတဲ့ ရခိုင္ျပည္နယ္အတြက္ကိုလည္း ေဆာင္႐ြက္ေပးေနတယ္လို႔ ဆိုပါတယ္။

ရခိုင္ျပည္နယ္အတြင္း ကိုဗစ္-၁၉ တားဆီးကာကြယ္ေရးအတြက္ ေဆာင္႐ြက္ေနရာမွာ အစိုးရဝန္ထမ္းေတြက အဓိကေဆာင္႐ြက္ေနၿပီး ျပည္သူေတြရဲ႕ပူးေပါင္းပါဝင္မႈက အားနည္းေနေသးတယ္လို႔လည္း ဦးေဇာ္ေဌးက ေျပာပါတယ္။

စက္တင္ဘာ ၄ ရက္ည ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ ၁,၁၇၁ ဦး၊ ေသဆုံးသူ ၇ ဦး၊ ႏွစ္ ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ရွိသူ ၃၅၉ ဦး၊ ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့သူ ၃၅၆ ဦးနဲ႔ ေစာင့္ၾကည့္လူနာအသစ္ ၉၈ ဦးရွိပါတယ္။

သတင္း-ၿဖိဳးသက္ပိုင္ျမင့္ (ေနျပည္ေတာ္)

Photo – Ye Myo Khant / MPA

Credit:DVB