Unicodeဖြင့်ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် (၇)မြို့နယ်ကို Semi Lockdown ချလိုက်တယ်လို့ အစိုးရက ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဲဒီမြို့နယ်တွေကတော့ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နဲ့ မင်္ဂလာဒုံမြို့နယ်တို့ဖြစ်ပါတယ်။
ဒါကြောင့် အဲဒီမြို့နယ်တွေမှာ နေထိုင်တဲ့ပြည်သူတွေအနေနဲ့ Stay at Home အစီအစဉ်ကို ကျင့်သုံးကြဖို့နဲ့ အမိန့်ကြေညာချက်ဟာလည်း စက်တင်ဘာ (၂)ရက်နေ့ မနက် (၈)နာရီကနေ စတင်အသက်ဝင်မှာဖြစ်ပါတယ်။
ညွှန်ကြားချက်တွေကို မလိုက်နာရင်တော့ တည်ဆဲဥပဒေတွေအရ အရေးယူခံရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အစိုးရဌာန၊ အဖွဲ့အစည်းနဲ့ ဝန်ထမ်းတွေကလွဲပြီး ကျန်တဲ့သူတွေအနေနဲ့ အိမ်မှာပဲနေထိုင်ရမှာဖြစ်သလို မဖြစ်မနေဈေးဝယ်ထွက်ရင် တစ်ယောက်ထဲသွားရမှာဖြစ်ပါတယ်။
ဒါ့အပြင် ဆေးရုံဆေးခန်းသွားတဲ့အခါ တစ်အိမ်ကို (၂)ယောက်ပဲသွားဖို့ နေအိမ်အပြင်ထွက်ရင် နှာခေါင်းစည်း (Mask) တပ်ဖို့နဲ့ ဝန်ထမ်းကြိုပို့ယာဉ်တွေ ရပ်ကွက်ကျော်လွန်မသွားလာဖို့လည်း စည်းကမ်းချက်တွေမှာ ပါရှိပါတယျ။
CreditSunDawBarTha
Zawgyiဖြင့်ဖတ်ရန်
ရန်ကုန်မြို့က မြို့နယ် (၇) ခုကို Semi Lockdown ချ၊ လိုက်နာမှုမရှိလျှင် ဥပဒေအရ အရေးယူမည်
CreditSunDawBarTha