Unicode ဖြင့်ဖတ်ရန်

 

ဘုန်းဘုန်းအရှင်သောပါကာဘိဝံသ အကြောင်း ပရိသတ်ကြီးတို့ကို သိရှိဖူးမြော်ကြည်ညိုနိုင်အောင် ပြန်လည် ဖော်ပြပေးလိုက်တယ်နော်…

တိပိဋကတ်စာမေးပွဲပြီးရင် ဒုတိယအရမ်းခက်ခဲလှပါသော သကျသီဟ အဘိဝံသစာမေးပွဲကြီးတွင်

မြန်မာတစ်နိုင်ငံလုံးပထမဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ပါသော မန္တလေးမြို့ မစိုးရိမ်တိုက်သစ်

ဓမ္မဝိနယရံသီကျောင်းဆရာတော်ဘုရား၏တပည့်ရင်းဖြစ်သော အရှင်သောပါကာဘိဝံသ- အား ဂုဏ်ပြုပူဇော်ပါသည်။

မစိုရိမ်တိုက်သစ်ကြီး၏ နာယကတစ်ပါးဖြစ်သွားသော အရှင်သောပါကာဘိဝံသသည် စစ်ကိုင်းတိုင်းဒေသကြီး

ရွှေဘိုခရိုင် တန့်ဆည်မြို့ဇာတိဖြစ်ပြီး ဆယ်တန်းကို (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ပြီးမှ သာသနာဘောင်သို့

ဝင်ရောက်လာသူဖြစ်ပြီးပညာသင်နှစ် (၁၀)နှစ်အတွင်း မစိုးရိမ်တိုက်သစ်နာယကအဖြစ်သို့ ရောက်ရှိသွားပါသည်။ (ဆယ်တန်းအောင်စဉ် (၁၆)နှစ် ယခု(၂၆)နှစ်)

မိမိတို့နှင့် ဓမ္မဝိနယအဆောင်တွင် အတူနေခဲ့သော အရှင်သောပါကာဘိဝံသ- အား ဂုဏ်ပြုပါ၏။

မစိုးရိမ်တိုက်သစ်အတွင်းမှာတပည့်တွေ အဘိဝံသဘွဲ့ရ မစိုးရိမ်တိုက်သစ်နာယကဖြစ်အောင်

ပညာတွေသင်ကြားပေးပါသော ဓမ္မဝိနယရံသီကျောင်းဆရာတော်အားလည်း ဦးခိုက်ပူဇော်ပါ၏ ဘုရား။

အရှင်သောပါကာဘိဝံသသည် ယခုအခါ ဖားအောက်တောရတွင် တရားအားထုတ်နေလေသည်။

သကျသီဟစာမေးပွဲဖြေပြီတိုင်းမော်လမြိုင် ဖားအောက်တောရသို့ အမြဲတရားလာထိုင်လေ့ရှိသော အရှင်တစ်ပါးဖြစ်လေသည်။

ကမ္ဘာ့ဒုတိယအခက်ခဲဆုံးစာမေးပွဲတွင် ပထမဂုဏ်ထူးဖြင့် အောင်မြင်သော အရှင်သောပါကာဘိဝံသအားဂုဏ်ပြုပူဇော်ပါသည်ဘုရား။”

Source ; အရှင်နရိန္ဒ (မော်လမြိုင်)

Credit : အလင်းသစ် ဆရာတော်နေပြည်တော်တပ်ကုန်း

Zawgyi ျဖင့္ဖတ္ရန္

 

ကမာၻ႔ ဒုတိယအခက္ခဲဆုံး အဘိဝံသစာေမးပြဲမွာ ပထမရၿပီး ထူးခြၽန္စြာေအာင္ျမင္ခဲ့တဲ့ ဆရာေတာ္

ဘုန္းဘုန္းအရွင္ေသာပါကာဘိဝံသ အေၾကာင္း ပရိသတ္ႀကီးတို႔ကို သိရွိဖူးေျမာ္ၾကည္ညိဳႏိုင္ေအာင္ ျပန္လည္ ေဖာ္ျပေပးလိုက္တယ္ေနာ္…

တိပိဋကတ္စာေမးပြဲၿပီးရင္ ဒုတိယအရမ္းခက္ခဲလွပါေသာ သက်သီဟ အဘိဝံသစာေမးပြဲႀကီးတြင္

ျမန္မာတစ္ႏိုင္ငံလုံးပထမဂုဏ္ထူးျဖင့္ ထူးခြၽန္စြာ ေအာင္ျမင္ခဲ့ပါေသာ မႏၲေလးၿမိဳ႕ မစိုးရိမ္တိုက္သစ္

ဓမၼဝိနယရံသီေက်ာင္းဆရာေတာ္ဘုရား၏တပည့္ရင္းျဖစ္ေသာ အရွင္ေသာပါကာဘိဝံသ- အား ဂုဏ္ျပဳပူေဇာ္ပါသည္။

မစိုရိမ္တိုက္သစ္ႀကီး၏ နာယကတစ္ပါးျဖစ္သြားေသာ အရွင္ေသာပါကာဘိဝံသသည္ စစ္ကိုင္းတိုင္းေဒသႀကီး

ေ႐ႊဘိုခ႐ိုင္ တန႔္ဆည္ၿမိဳ႕ဇာတိျဖစ္ၿပီး ဆယ္တန္းကို (၃)ဘာသာဂုဏ္ထူးျဖင့္ ေအာင္ျမင္ၿပီးမွ သာသနာေဘာင္သို႔

ဝင္ေရာက္လာသူျဖစ္ၿပီးပညာသင္ႏွစ္ (၁၀)ႏွစ္အတြင္း မစိုးရိမ္တိုက္သစ္နာယကအျဖစ္သို႔ ေရာက္ရွိသြားပါသည္။ (ဆယ္တန္းေအာင္စဥ္ (၁၆)ႏွစ္ ယခု(၂၆)ႏွစ္)

မိမိတို႔ႏွင့္ ဓမၼဝိနယအေဆာင္တြင္ အတူေနခဲ့ေသာ အရွင္ေသာပါကာဘိဝံသ- အား ဂုဏ္ျပဳပါ၏။

မစိုးရိမ္တိုက္သစ္အတြင္းမွာတပည့္ေတြ အဘိဝံသဘြဲ႕ရ မစိုးရိမ္တိုက္သစ္နာယကျဖစ္ေအာင္

ပညာေတြသင္ၾကားေပးပါေသာ ဓမၼဝိနယရံသီေက်ာင္းဆရာေတာ္အားလည္း ဦးခိုက္ပူေဇာ္ပါ၏ ဘုရား။

အရွင္ေသာပါကာဘိဝံသသည္ ယခုအခါ ဖားေအာက္ေတာရတြင္ တရားအားထုတ္ေနေလသည္။

သက်သီဟစာေမးပြဲေျဖၿပီတိုင္းေမာ္လၿမိဳင္ ဖားေအာက္ေတာရသို႔ အၿမဲတရားလာထိုင္ေလ့ရွိေသာ အရွင္တစ္ပါးျဖစ္ေလသည္။

ကမာၻ႔ဒုတိယအခက္ခဲဆုံးစာေမးပြဲတြင္ ပထမဂုဏ္ထူးျဖင့္ ေအာင္ျမင္ေသာ အရွင္ေသာပါကာဘိဝံသအားဂုဏ္ျပဳပူေဇာ္ပါသည္ဘုရား။”

Source ; အရွင္နရိႏၵ (ေမာ္လၿမိဳင္)

Credit : အလင္းသစ္ ဆရာေတာ္ေနျပည္ေတာ္တပ္ကုန္း