Unicode ဖြင့်ဖတ်ရန်
နှစ်နဲ့ချီပြီး တွဲလာတဲ့ ချစ်သူစုံတွဲတွေ ပြတ်ကုန်တာ ဒီကိစ္စတွေကြောင့်ပဲ…
ချစ်သူသက်တမ်းကြာလာရင် ဖြစ်လာတဲ့ ပြဿနာက ပြောစရာရှားလာတယ်။ ဒါ ပေါ့သေးသေး ပြဿနာ မဟုတ်ဘူးနော် …။
နှစ်နဲ့ချီပြီးတွဲလာတဲ့ စုံတွဲတွေ ပြတ်ကုန်တာ ဒီကိစ္စကြောင့်ပဲ။ ဘာပြောရမှန်းမသိတာ ပြောသမျှတွေကို အပိုတွေလို့ ထင်သွားတာ သိပ် အန္တရယ်ကြီးတယ် …။
ဥပမာ ချစ်သူဖြစ်ကာစ ဖုန်းပြောရင် ဘယ်နှစ်နာရီကြာလည်း နှစ်နဲ့ချီလာတော့ မိနစ်တွေနည်းသွားတယ် လိုရင်းပဲ ပြောတော့တယ် …။
နောက်ပိုင်း ဖုန်းခေါ်တာတောင် သိပ်မရှိတော့ဘူး ဒါ မချစ်တော့တာလားဆိုတော့လည်း မဟုတ်ဘူး တစ်ယောက်နဲ့ တစ်ယောက်ကနှစ်နဲ့ချီပြီး တွဲလာတာ ချစ်တာပေါ့ …။
ဒါပေမယ့် ဘာပြောရမှန်းမသိတာရယ် ကိုယ့်ဘာသာကိုယ် နေချင်တာရယ် ကိုယ်လုပ်ချင်တာလေးတွေ လုပ်ချင်တာရယ်တွေနဲ့ပေါင်းပြီး
စကားမပြောဖြစ်တော့တာပဲ ချစ်တယ်ဆိုတာကို ပြောရမှာတောင် တစ်မျိုးကြီးဖြစ်နေတာမျိုး ဖြစ်လာတယ် …။
မပြောဖြစ်ကြရင်း မပြောဖြစ်ကြရင်းနဲ့ စိမ်းလာတယ် အဲ့အချိန်က ပြတ်ဖို့ အလွယ်ဆုံး အချိန် ကြားလူဝင်ဖို့ အကောင်းဆုံး အချိန်ပါပဲ …။
မယုံမရှိနဲ့ နှစ်တွေအကြာကြီး တွဲလာတဲ့သူတိုင်း ဒီ Feeling ကိုသိတယ်။ ဒါ သိပ်ရင်းနှီးလာလို့လည်း ဖြစ်နိုင်သလိုငါပိုင်သွားပြီဆိုတဲ့စိတ်နဲ့ ပစ်ထားမိတာလည်း ဖြစ်နိုင်တယ် …။
အဲ့အခိုက်အတံ့လေးကို ကျော်လွန်သွားပြီဆိုရင် အရမ်းလက်ထပ် ချင်တဲ့စိတ်တွေပေါ်လာမယ် …။
ပြီးရင် လက်ထပ်ဖို့တိုင်ပင် အနာဂတ်ကိုတွေးပြီး အချစ်က တစ်ဖန်ပြန်လတ်ဆတ်လာမယ် …။
အားလုံး အဲ့အခိုက်အတန့်လေးကို သေချာ ဂရုတစိုက်နဲ့ ငါပစ်ထားမိပြီလား၊ ငါတို့ စကား မပြောဖြစ်တာ မတွေ့ဖြစ်တာ ကြာနေပြီလား …၊
ငါတို့ လက်ထပ်ဖို့ တိုင်ပင်သင့်ပြီလား လို့တွေးပြီး အချင်းချင်းညှိနှိုင်းရင်း ကျော်လွန်သွား နိုင်ကြပါစေ …။ ။
share from:OMG
Zawgyi ဖြင့်ဖတ်ရန်
share from:OMG