Unicode ဖြင့်ဖတ်ရန်

 

ရည်းစားတော်တော်များများ ပြတ်ကြရတဲ့ အကြောင်းရင်းက သစ္စာဖောက်တာ၊ မုသားပြောလွန်းတာ၊ အရက်သေစာမူးယစ်ဆေး စသဖြင့် တစ်ခုခုစွဲလန်းနေတာ၊ ပုံမှန်ဆက်သွယ်ပြောဆိုမှူမရှိတာစတဲ့ အကြောင်းတွေကြောင့်ပါ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ကွာပြဲရတဲ့အကြောင်းရင်းက အရာသေးသေးလေးတွေကနေ အခြေခံပါတယ်။ အစတော့ ဒီအရာတွေကို သိပ်သတိမပြုမိပေမယ့် နောက်ပိုင်း သတိပြုမိလာတာနဲ့အမျှ နှစ်ယောက်သားရဲ့ မကျေနပ်မှူတွေကို စုပုံထားတဲ့ ရင်ထဲက အစိုင်အခဲဟာ တဖြည်းဖြည်းကြီးလာပြီး ဒီလိုနဲ့ ဝေးကွာလာတာ ဖြစ်ပါတယ်။

တစ်ခါတစ်လေမှာ လူတစ်ယောက်ဟာ အကျင့်ဆိုးလည်း မရှိဘူး။ ရုပ်ပိုင်းဆိုင်ရာအားဖြင့်လည်း ကျန်းမာသန်စွမ်းတယ်၊ ကြည့်ပျော်ရှူပျော်လည်းရှိတယ်။ ဒါပေမယ့် ပထမဆုံးအကြိမ် ရန်ပြင်းပြင်းထန်ထန် ဖြစ်ပြီးတဲ့အခါ နှစ်ယောက်ဆက်ဆံရေးမှာ အက်ကြောင်းရာထင်လာတာမျိုး ရှိတတ်ပါတယ်။ ဒီလိုနဲ့ အဆင်ပြေဖို့အတွက် ပြန်လည်ကြိုးစားရင်းကနေ နောက်ဆုံးတော့ ကိုယ်နဲ့ သူပဲ စိတ်ဓာတ်အင်အားတွေကုန်ခမ်းပြီး ပင်ပန်းငြီးငွေ့လာတာမျိုး ဖြစ်တတ်ပါတယ်။ အခုအခါမှာတော့ ဘဝလက်တွဲဖော်တစ်ယောက်မှာ မရှိသင့်တဲ့ ကိုယ်ရည်ကိုယ်သွေးအချို့ကို brightside ကနေတဆင့် ကိုးကားဖော်ပြပေးလိုက်ပါတယ်။ ဒီလိုကိုယ်ရည်ကိုယ်သွေးရှိတဲ့သူတွေကိုလည်း သိပ်သံယောဇဉ်မတွယ်ခင်မှာ ခပ်ဝေးဝေးကနေ ရှောင်ကြဖို့ ဖော်ပြပေးလိုက်ပါတယ်။

စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ချင်း ကွာခြားနေတာ

စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးနိမ့်သူတွေဟာ သူများတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမျိုး ထူထောင်ဖို့ခက်ခဲတဲ့အပြင် သူတို့နဲ့ နီးစပ်သူတွေအပေါ်မှာလည်း စာနာနားလည်မှူ အားနည်းပါတယ်။ ဒီလိုလူတွေဟာ စိတ်ခံစားချက် ပြင်းပြင်းထန်ထန်ဖြစ်ပေါ်တဲ့အခါမျိုးမှာ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ကြပါဘူး။ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးနိမ့်သူတွေဟာ ကိုယ်ချင်းမစာတတ်သလို သူတို့မှားနေတာတောင်မှ အပြစ်ရှိမှန်း မခံစားမိတတ်ကြပါဘူး။ သူများပြောတာကိုလည်း နားထောင်လက်ခံနိုင်စွမ်း အားနည်းပါတယ်။ ဒီလိုလူမျိုးနဲ့သာ ချစ်ကြိုက်မိရင် ရေရှည်မှာ သင်တို့ရဲ့ အချစ်ခရီးက သာယာဖြောင့်ဖြူးမှာ မဟုတ်ပါဘူး။ ကိုယ်ကတော့ သူ့ဆီက နားလည်မှူနဲ့ နွေးထွေးကြင်နာမှူကို လိုအပ်နေပေမယ့် သူတို့ကတော့ သိသလို မသိသလိုနဲ့ ကိုယ့်ခံစားချက်တွကို လျစ်လျူရှူထားမှာပဲ ဖြစ်ပါတယ်။

ကိုယ်ပိုင်လွတ်လပ်မှူပျောက်ဆုံးနေတာ

တစ်ချို့ကျတော့လည်း ကိုယ့်မှာ ကိုယ်ပိုင်ဝါသနာပါတဲ့အရာ၊ စိတ်ဝင်စားတဲ့အရာတွေမရှိတဲ့အတွက် ရည်းစားရဲ့ လွတ်လပ်မှူကိုပါ လိုက်လံချုပ်နှောင်တတ်ကြပါတယ်။ ပထမတော့ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို သူလည်း စိတ်ဝင်စားပြီး လိုက်လုပ်တာက ကောင်းသလိုရှိပေမယ့် နောက်ပိုင်းမှာတော့ မွန်းကြပ်လာပါလိမ့်မယ်။ တစ်ခါတစ်လေ ကိုယ့်ရည်းစားကိုယ်တိုင်ကိုက သူတို့ဟာ ရည်းစားအပေါ်မှာ စိတ်ပိုင်းဆိုင်ရာအားဖြင့် အနိုင်အထက်ပြုကျင့်နေမှန်း သိတောင် မသိကြပါဘူး။

အကြောင်းကတော့ သူဟာ ကိုယ့်အပေါ် သူ့ဘဝတစ်ခုလုံး ပုံအောပြီး ချစ်လိုက်တဲ့အတွက် သူ့ချစ်သူရဲ့ ပုဂ္ဂိလိက လွတ်လပ်ခွင့်ကိုပါ သူပိုင်တယ်အထင်နဲ့ ကျူးကျော်ရယူလာတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရည်ရွယ်ထားတဲ့သူဟာ အတွေးအခေါ်အပြုအမူလွတ်လပ်တဲ့သူလား၊ တစ်စုံတစ်ခုကို စိတ်ပြင်းပြင်းပြပြ ဝါသနာထက်သန်သူဟုတ်ရဲ့လားဆိုတာ စောင့်ကြည့်သင့်ပါတယ်။ နို့မဟုတ်ရင်တော့ သူ့မှာလုပ်စရာမရှိတိုင်း တစ်ချိန်လုံးကိုယ့်ကို လာကပ်နေတာနဲ့ပဲ ကိုယ့်အချိန်တွေ ပြုန်းတီးသွားမှာ ဖြစ်ပါတယ်။

သင့်ကို ပြောင်းလဲဖို့ ကြိုးစားတာ

လူတိုင်းမှာ ကိုယ့်လက်တွဲဖော်နဲ့ပတ်သက်တဲ့ ကိုယ်ပိုင်အမြင်လေးတွေ ရှိကြပါတယ်။ ကိုယ့်လက်တွဲဖော်မှာ ဘယ်လိုအရည်အချင်းတွေတော့ ရှိသင့်တယ်၊ ဘယ်လိုပြုမူနေထိုင်သင့်တယ်၊ ဝင်ငွေဘယ်လောက်တော့ ရှိသင့်တယ် စတာမျိုးတွေပါ။ ဒါပေမယ့် တစ်ချို့လူတွေကတော့ ရည်းစားဖြစ်သူကို သူတို့စိတ်တိုင်းကျ အရုပ်တစ်ရုပ်လို ပုံသွင်းချင်ကြပါတယ်။ အဝတ်အစားဝတ်ပြန်ရင်လည်း သူတို့စိတ်ကြိုက်မဟုတ်လို့ အပြောခံရ၊ အလုပ်ဆိုရင်လည်း လစာကောင်းတဲ့ အလုပ်ကို ရွေးမလုပ်ပဲ ဘာလို့ဒါမျိုးတွေလုပ်နေတာလဲလို့ ပြောလိုပြောနဲ့ ရည်းစားဖြစ်သူရဲ့ အမူအကျင့်တွေ၊ ဓလေ့စရိုက်တွေကို သူတို့ဖြစ်စေချင်တဲ့ပုံစံအတိုင်း ပြောင်းလဲပစ်တာမျိုးပါ။ တစ်ဖက်သားရဲ့ စိတ်ခံစားချက်ကိုလည်း သူတို့က ဂရုမစိုက်တော့ပါဘူး။ တကယ်လို့ တစ်ဖက်ရည်းစားက သူပြောတဲ့အတိုင်း မလိုက်နာနိုင်ခဲ့ရင်တော့ သူတို့ဟာ နှစ်ယောက်ဆက်ဆံရေးကို အလွယ်တကူနဲ့ စွန့်ခွာသွားတတ်ကြပါသေးတယ်။

သင့်အမြင်တွေကို လျစ်လျူရှှူတာ

သမီးရည်းစားနှစ်ယောက် အပြင်ထွက်လည်တဲ့အခါ စားသောက်ဆိုင်ကို သူ့အကြိုက်ပဲ ရွေးတာ၊ ညစာကိုလည်း သူစိတ်ကြိုက်ပဲ မှာပြီးစားတာ၊ ရုပ်ရှင်ကြည့်တဲ့အခါမှာလည်း သူ့အကြိုက်ပဲ သူကြည့်တာ၊ ကိုယ့်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိ၊ကိုယ့်ကို တစ်ခါမှတောင် ရွေးချယ်ခွင့်မပေးဘူးဆိုရင်တော့ ဒါဟာ အဆိပ်အတောက်ဖြစ်နေတဲ့ သမီးရည်းစားဆက်ဆံရေးပါပဲ။ ကိစ္စသေးသေးပဲဖြစ်ဖြစ်၊ ကိစ္စကြီးကြီးပဲဖြစ်ဖြစ် ဘဝတစ်လျှောက်လုံး လက်တွဲရမယ့် ကိုယ့်ကိုတောင် ဘာမှအသိမပေးပဲ သူ့သဘောနဲ့သူ ပြုလုပ်တတ်သူဆိုရင်တော့ ဒီအချစ်ရေးမှာ သင်ဟာ အမြဲတမ်းစိတ်ဆင်းရဲနေမှာ သေချာသလောက်ပါပဲ။ ဒီလိုလူတွေဟာ သူတို့သာ အကုန်သိ၊ သူတို့သာ အကုန်တတ်ပြီး တစ်ဖက်လူကိုတော့ သူတို့လောက်မှ မသိနားမလည်သူရယ်လို့ အထင်အမြင်သေးစွာ ဆက်ဆံတတ်ကြပါတယ်။

မသိရင်တော့ ကိုယ့်ကိုပဲ ဆုံးဖြတ်ချက်ချရာမှာ မှားမှာစိုးတဲ့အတွက် ကာကွယ်ပေးသလိုလိုနဲ့ တကယ်တမ်းတော့ ကိုယ့်မှာ လုပ်ပိုင်ခွင့် ပြောဆိုခွင့်ရယ်လို့ မရှိပဲ ကိုယ့်ဘဝဟာ ပျောက်ဆုံးသွားရတာပါ။ ကိုယ့်အမြင်ကို တင်ပြခွင့်မရှိပဲ ကိုယ့်ကို နားလည်ဖို့တောင် မကြိုးစားတဲ့သူနဲ့ ရေရှည်ဆက်ဆံဖို့ရာမှာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အိမ်ထောင်မပြုခင်ကတည်းက ကိုယ်တွဲနေတဲ့သူမှာ ဒီလိုအချက်တွေများ ရှိနေသလား ကြည့်လိုက်ပါဦး။ ဒီလိုအချက်တွေရှိနေတယ်ဆိုရင်တော့ ကိုယ်အထိမနာခင်မှာ ကိုယ်နဲ့သူကြားက သမီးရည်းစားဆက်ဆံရေးကို စောစောစီးစီးသာ အဆုံးသတ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Credit:Shwemom

Zawgyi ျဖင့္ဖတ္ရန္

စႀကိဳက္ကတည္းက ကိုယ္နဲ႔မသင့္ေတာ္သူမွန္း သိသာထင္ရွားေနတဲ့ အခ်က္မ်ား

ရည္းစားေတာ္ေတာ္မ်ားမ်ား ျပတ္ၾကရတဲ့ အေၾကာင္းရင္းက သစၥာေဖာက္တာ၊ မုသားေျပာလြန္းတာ၊ အရက္ေသစာမူးယစ္ေဆး စသျဖင့္ တစ္ခုခုစြဲလန္းေနတာ၊ ပုံမွန္ဆက္သြယ္ေျပာဆိုမႉမရွိတာစတဲ့ အေၾကာင္းေတြေၾကာင့္ပါ။ ဒါေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ ကြာၿပဲရတဲ့အေၾကာင္းရင္းက အရာေသးေသးေလးေတြကေန အေျခခံပါတယ္။ အစေတာ့ ဒီအရာေတြကို သိပ္သတိမျပဳမိေပမယ့္ ေနာက္ပိုင္း သတိျပဳမိလာတာနဲ႔အမွ် ႏွစ္ေယာက္သားရဲ႕ မေက်နပ္မႉေတြကို စုပုံထားတဲ့ ရင္ထဲက အစိုင္အခဲဟာ တျဖည္းျဖည္းႀကီးလာၿပီး ဒီလိုနဲ႔ ေဝးကြာလာတာ ျဖစ္ပါတယ္။

တစ္ခါတစ္ေလမွာ လူတစ္ေယာက္ဟာ အက်င့္ဆိုးလည္း မရွိဘူး။ ႐ုပ္ပိုင္းဆိုင္ရာအားျဖင့္လည္း က်န္းမာသန္စြမ္းတယ္၊ ၾကည့္ေပ်ာ္ရႉေပ်ာ္လည္းရွိတယ္။ ဒါေပမယ့္ ပထမဆုံးအႀကိမ္ ရန္ျပင္းျပင္းထန္ထန္ ျဖစ္ၿပီးတဲ့အခါ ႏွစ္ေယာက္ဆက္ဆံေရးမွာ အက္ေၾကာင္းရာထင္လာတာမ်ိဳး ရွိတတ္ပါတယ္။ ဒီလိုနဲ႔ အဆင္ေျပဖို႔အတြက္ ျပန္လည္ႀကိဳးစားရင္းကေန ေနာက္ဆုံးေတာ့ ကိုယ္နဲ႔ သူပဲ စိတ္ဓာတ္အင္အားေတြကုန္ခမ္းၿပီး ပင္ပန္းၿငီးေငြ႕လာတာမ်ိဳး ျဖစ္တတ္ပါတယ္။ အခုအခါမွာေတာ့ ဘဝလက္တြဲေဖာ္တစ္ေယာက္မွာ မရွိသင့္တဲ့ ကိုယ္ရည္ကိုယ္ေသြးအခ်ိဳ႕ကို brightside ကေနတဆင့္ ကိုးကားေဖာ္ျပေပးလိုက္ပါတယ္။ ဒီလိုကိုယ္ရည္ကိုယ္ေသြးရွိတဲ့သူေတြကိုလည္း သိပ္သံေယာဇဥ္မတြယ္ခင္မွာ ခပ္ေဝးေဝးကေန ေရွာင္ၾကဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

စိတ္ပိုင္းဆိုင္ရာဉာဏ္ရည္ခ်င္း ကြာျခားေနတာ

စိတ္ပိုင္းဆိုင္ရာ ဉာဏ္ရည္ဉာဏ္ေသြးနိမ့္သူေတြဟာ သူမ်ားေတြနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးမ်ိဳး ထူေထာင္ဖို႔ခက္ခဲတဲ့အျပင္ သူတို႔နဲ႔ နီးစပ္သူေတြအေပၚမွာလည္း စာနာနားလည္မႉ အားနည္းပါတယ္။ ဒီလိုလူေတြဟာ စိတ္ခံစားခ်က္ ျပင္းျပင္းထန္ထန္ျဖစ္ေပၚတဲ့အခါမ်ိဳးမွာ ကိုယ့္ကိုကိုယ္ မထိန္းခ်ဳပ္ႏိုင္ၾကပါဘူး။ စိတ္ပိုင္းဆိုင္ရာ ဉာဏ္ရည္ဉာဏ္ေသြးနိမ့္သူေတြဟာ ကိုယ္ခ်င္းမစာတတ္သလို သူတို႔မွားေနတာေတာင္မွ အျပစ္ရွိမွန္း မခံစားမိတတ္ၾကပါဘူး။ သူမ်ားေျပာတာကိုလည္း နားေထာင္လက္ခံႏိုင္စြမ္း အားနည္းပါတယ္။ ဒီလိုလူမ်ိဳးနဲ႔သာ ခ်စ္ႀကိဳက္မိရင္ ေရရွည္မွာ သင္တို႔ရဲ႕ အခ်စ္ခရီးက သာယာေျဖာင့္ျဖဴးမွာ မဟုတ္ပါဘူး။ ကိုယ္ကေတာ့ သူ႔ဆီက နားလည္မႉနဲ႔ ေႏြးေထြးၾကင္နာမႉကို လိုအပ္ေနေပမယ့္ သူတို႔ကေတာ့ သိသလို မသိသလိုနဲ႔ ကိုယ့္ခံစားခ်က္တြကို လ်စ္လ်ဴရႉထားမွာပဲ ျဖစ္ပါတယ္။

ကိုယ္ပိုင္လြတ္လပ္မႉေပ်ာက္ဆုံးေနတာ

တစ္ခ်ိဳ႕က်ေတာ့လည္း ကိုယ့္မွာ ကိုယ္ပိုင္ဝါသနာပါတဲ့အရာ၊ စိတ္ဝင္စားတဲ့အရာေတြမရွိတဲ့အတြက္ ရည္းစားရဲ႕ လြတ္လပ္မႉကိုပါ လိုက္လံခ်ဳပ္ေႏွာင္တတ္ၾကပါတယ္။ ပထမေတာ့ ကိုယ္စိတ္ဝင္စားတဲ့အရာေတြကို သူလည္း စိတ္ဝင္စားၿပီး လိုက္လုပ္တာက ေကာင္းသလိုရွိေပမယ့္ ေနာက္ပိုင္းမွာေတာ့ မြန္းၾကပ္လာပါလိမ့္မယ္။ တစ္ခါတစ္ေလ ကိုယ့္ရည္းစားကိုယ္တိုင္ကိုက သူတို႔ဟာ ရည္းစားအေပၚမွာ စိတ္ပိုင္းဆိုင္ရာအားျဖင့္ အႏိုင္အထက္ျပဳက်င့္ေနမွန္း သိေတာင္ မသိၾကပါဘူး။

အေၾကာင္းကေတာ့ သူဟာ ကိုယ့္အေပၚ သူ႔ဘဝတစ္ခုလုံး ပုံေအာၿပီး ခ်စ္လိုက္တဲ့အတြက္ သူ႔ခ်စ္သူရဲ႕ ပုဂၢိလိက လြတ္လပ္ခြင့္ကိုပါ သူပိုင္တယ္အထင္နဲ႔ က်ဴးေက်ာ္ရယူလာတာေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ရည္႐ြယ္ထားတဲ့သူဟာ အေတြးအေခၚအျပဳအမူလြတ္လပ္တဲ့သူလား၊ တစ္စုံတစ္ခုကို စိတ္ျပင္းျပင္းျပျပ ဝါသနာထက္သန္သူဟုတ္ရဲ႕လားဆိုတာ ေစာင့္ၾကည့္သင့္ပါတယ္။ ႏို႔မဟုတ္ရင္ေတာ့ သူ႔မွာလုပ္စရာမရွိတိုင္း တစ္ခ်ိန္လုံးကိုယ့္ကို လာကပ္ေနတာနဲ႔ပဲ ကိုယ့္အခ်ိန္ေတြ ျပဳန္းတီးသြားမွာ ျဖစ္ပါတယ္။

သင့္ကို ေျပာင္းလဲဖို႔ ႀကိဳးစားတာ

လူတိုင္းမွာ ကိုယ့္လက္တြဲေဖာ္နဲ႔ပတ္သက္တဲ့ ကိုယ္ပိုင္အျမင္ေလးေတြ ရွိၾကပါတယ္။ ကိုယ့္လက္တြဲေဖာ္မွာ ဘယ္လိုအရည္အခ်င္းေတြေတာ့ ရွိသင့္တယ္၊ ဘယ္လိုျပဳမူေနထိုင္သင့္တယ္၊ ဝင္ေငြဘယ္ေလာက္ေတာ့ ရွိသင့္တယ္ စတာမ်ိဳးေတြပါ။ ဒါေပမယ့္ တစ္ခ်ိဳ႕လူေတြကေတာ့ ရည္းစားျဖစ္သူကို သူတို႔စိတ္တိုင္းက် အ႐ုပ္တစ္႐ုပ္လို ပုံသြင္းခ်င္ၾကပါတယ္။ အဝတ္အစားဝတ္ျပန္ရင္လည္း သူတို႔စိတ္ႀကိဳက္မဟုတ္လို႔ အေျပာခံရ၊ အလုပ္ဆိုရင္လည္း လစာေကာင္းတဲ့ အလုပ္ကို ေ႐ြးမလုပ္ပဲ ဘာလို႔ဒါမ်ိဳးေတြလုပ္ေနတာလဲလို႔ ေျပာလိုေျပာနဲ႔ ရည္းစားျဖစ္သူရဲ႕ အမူအက်င့္ေတြ၊ ဓေလ့စ႐ိုက္ေတြကို သူတို႔ျဖစ္ေစခ်င္တဲ့ပုံစံအတိုင္း ေျပာင္းလဲပစ္တာမ်ိဳးပါ။ တစ္ဖက္သားရဲ႕ စိတ္ခံစားခ်က္ကိုလည္း သူတို႔က ဂ႐ုမစိုက္ေတာ့ပါဘူး။ တကယ္လို႔ တစ္ဖက္ရည္းစားက သူေျပာတဲ့အတိုင္း မလိုက္နာႏိုင္ခဲ့ရင္ေတာ့ သူတို႔ဟာ ႏွစ္ေယာက္ဆက္ဆံေရးကို အလြယ္တကူနဲ႔ စြန႔္ခြာသြားတတ္ၾကပါေသးတယ္။

သင့္အျမင္ေတြကို လ်စ္လ်ဴရွႉတာ

သမီးရည္းစားႏွစ္ေယာက္ အျပင္ထြက္လည္တဲ့အခါ စားေသာက္ဆိုင္ကို သူ႔အႀကိဳက္ပဲ ေ႐ြးတာ၊ ညစာကိုလည္း သူစိတ္ႀကိဳက္ပဲ မွာၿပီးစားတာ၊ ႐ုပ္ရွင္ၾကည့္တဲ့အခါမွာလည္း သူ႔အႀကိဳက္ပဲ သူၾကည့္တာ၊ ကိုယ့္မွာ ဆုံးျဖတ္ပိုင္ခြင့္မရွိ၊ကိုယ့္ကို တစ္ခါမွေတာင္ ေ႐ြးခ်ယ္ခြင့္မေပးဘူးဆိုရင္ေတာ့ ဒါဟာ အဆိပ္အေတာက္ျဖစ္ေနတဲ့ သမီးရည္းစားဆက္ဆံေရးပါပဲ။ ကိစၥေသးေသးပဲျဖစ္ျဖစ္၊ ကိစၥႀကီးႀကီးပဲျဖစ္ျဖစ္ ဘဝတစ္ေလွ်ာက္လုံး လက္တြဲရမယ့္ ကိုယ့္ကိုေတာင္ ဘာမွအသိမေပးပဲ သူ႔သေဘာနဲ႔သူ ျပဳလုပ္တတ္သူဆိုရင္ေတာ့ ဒီအခ်စ္ေရးမွာ သင္ဟာ အၿမဲတမ္းစိတ္ဆင္းရဲေနမွာ ေသခ်ာသေလာက္ပါပဲ။ ဒီလိုလူေတြဟာ သူတို႔သာ အကုန္သိ၊ သူတို႔သာ အကုန္တတ္ၿပီး တစ္ဖက္လူကိုေတာ့ သူတို႔ေလာက္မွ မသိနားမလည္သူရယ္လို႔ အထင္အျမင္ေသးစြာ ဆက္ဆံတတ္ၾကပါတယ္။

မသိရင္ေတာ့ ကိုယ့္ကိုပဲ ဆုံးျဖတ္ခ်က္ခ်ရာမွာ မွားမွာစိုးတဲ့အတြက္ ကာကြယ္ေပးသလိုလိုနဲ႔ တကယ္တမ္းေတာ့ ကိုယ့္မွာ လုပ္ပိုင္ခြင့္ ေျပာဆိုခြင့္ရယ္လို႔ မရွိပဲ ကိုယ့္ဘဝဟာ ေပ်ာက္ဆုံးသြားရတာပါ။ ကိုယ့္အျမင္ကို တင္ျပခြင့္မရွိပဲ ကိုယ့္ကို နားလည္ဖို႔ေတာင္ မႀကိဳးစားတဲ့သူနဲ႔ ေရရွည္ဆက္ဆံဖို႔ရာမွာ ဘယ္လိုမွ အဆင္ေျပမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အိမ္ေထာင္မျပဳခင္ကတည္းက ကိုယ္တြဲေနတဲ့သူမွာ ဒီလိုအခ်က္ေတြမ်ား ရွိေနသလား ၾကည့္လိုက္ပါဦး။ ဒီလိုအခ်က္ေတြရွိေနတယ္ဆိုရင္ေတာ့ ကိုယ္အထိမနာခင္မွာ ကိုယ္နဲ႔သူၾကားက သမီးရည္းစားဆက္ဆံေရးကို ေစာေစာစီးစီးသာ အဆုံးသတ္ၾကပါလို႔ တိုက္တြန္းလိုက္ရပါတယ္။

Credit:Shwemom