Unicode ဖြင့်ဖတ်ရန်

့ကိုယ်အခုတွဲနေတဲ့ချစ်သူရည်းစားက ကိုယ်လှလို့ချစ်နေတာလား ဒါမှမဟုတ် ကိုယ့်စိတ်ရော လူရော တကယ်ချစ်တာလား?နှစ်ခုလုံးလှလို့ချစ်တာဆိုရင်တော့ သိပ်ပြီးကိစ္စမရှိပါဘူး။ဒါပေမဲ့ အပေါ်ယံရုပ်အလှကိုပဲ မက်ပြီး ချစ်တာဆိုရင်တော့ နည်းနည်းလေးတွေးဖို့လိုပါပြီ။ကိုယ်က အချစ်စစ်ကိုလိုချင်တာမဟုတ်လား။ဒီတော့ ဘယ်လိုအချက်တွေက သူကိုယ့်ရဲ့အပေါ်ယံရုပ်အလှကိုသာမက်မောကြောင်းပြနေလဲ….ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။

*သင့်အဝတ်အစားတွေနဲ့ပတ်သက်ပြီး အရမ်းစိတ်ဝင်စားတယ်

သူက သင့်ကို အမြဲတမ်းအလှဆုံးဖြစ်နေစေချင်တယ်။အဲ့ဒါကြောင့် ဘယ်လိုပုံစံလေးဝတ်၊ဘယ်လိုအကျီမျိုးလေးဝတ်ဆိုပြီး အမြတမ်းအကြံပေးနေမယ်။ကိုယ့်ချစ်သူကိုလှစေချင်တာကတော့ ယောကျ်ားလေးတိုင်းပေါ့။ဒါပေမဲ့ လိုအပ်တာထက်ပိုနေရင်တော့လည်း ဒါကြီးက အတော်လေးစိတ်ကသိကအောက်ဖြစ်စရာပါ။သူနဲ့တစ်ခါတွေ့ဖို့အပြင်ထွက်တိုင်း မင်းသမီးတစ်ပါးလိုပြင်ဆင်နေရတော့မှာအမှန်ပါပဲ။

*သင် မလှမပဝတ်လာရင် ပွစိပွစိနဲ့ပြောဆိုနေမယ်

သူက ကိုယ့်ရဲ့အပေါ်ယံရုပ်အလှကိုသဘောကျတာလား။ကိုယ်မို့လို့သဘောကျတာလားဆိုတာ အဝတ်အစားဖက်ရှင်ဒီဇိုင်းပေါ်သူဘယ်လိုအာရုံစိုက်လဲဆိုတာသတိထားကြည့်ကြည့်ပါ။တကယ်လို့ အဝတ်အစားကြီးကပုံတုံးနေရင်၊ဟောင်းနေရင် သင့်ကိုအပြစ်တင်ပြီး နောက်တစ်ခါလှလှပပဝတ်ဖို့တောက်လျှောက်ပြောနေတယ်ဆိုရင်တော့ သူက သင့်ရဲ့အပေါ်ယံရုပ်အလှကိုပဲ သဘောကျတာသေချာနေပါပြီ။ကိုယ့်ကိုချစ်တဲ့သူက တကယ်တမ်းကိုယ်ဘာဝတ်ဝတ် သူတို့မျက်စိထဲမှာလှနေမှာပါ။

*တစ်ခြားကောင်လေးတွေသင့်ကိုကြည့်ရင် ကျေနပ်နေမယ်

သူအချောအလှလေးကိုပိုင်ဆိုင်ထားပါတယ်ပေါ့။ကျေနပ်ပီတဖြစ်နေတာ။တကယ်တမ်းကိုယ့်ကိုချစ်တဲ့သူက တစ်ခြားကောင်လေးက လာကြည့်ရင် တအားသဝန်တိုတတ်ပြီး နောက်ဆို ဒီလိုလှအောင်မဝတ်နဲ့ဆိုပြီးတောင်ပြောကြတာပါ။ဟုတ်တယ်ဟုတ်!

*တစ်ခြားမိန်းကလေးတွေနဲ့နှိုင်းယှဉ်မယ်

ဟိုကောင်မလေးကိုကြည့်စမ်း။ဘယ်လိုဝတ်ထားလို့ချစ်စရာလေး၊ဟိုမင်းသမီးလိုဝတ်၊အဲ့ဒါဆိုပိုပြီးဆွဲဆောင်မှုရှိမှာ၊ဆံပင်ပုံလေးပြောင်းလိုက်ပါလား ပိုလှသွားအောင်စသဖြင့် နှစ်ယောက်အတူဆုံချိန်မှာတောင် မရိုးနိုင်ပဲ ကိုယ့်ရဲ့လှပမှုနဲ့ပတ်သက်ပြီး အကြံပေ
းနေမယ်။သူပြောသလို မလုပ်ရင်စိတ်ဆိုးမယ်။အဲ့လိုမျိုးဆိုရင်တော့ သင့်ချစ်သူက သူကိုယ်တိုင်အလှအပရေးရာကိုစိတ်ဝင်စားနေတာဖြစ်ရင်ဖြစ် မဟုတ်ရင် သင့်ရဲ့ အပေါ်ယံရုပ်အလှကိုပဲ မက်မောတာကြောင့် အမြဲတမ်းလှနေတဲ့ပုံစံပဲမြင်ချင်နေတာပါ။

*သင့်ရဲ့ကိုယ်အလေးချိန်ကိုအမြဲဂရုစိုက်တယ်

ကိုယ်ကသာ စားချင်တာစား၊သောက်ချင်တာသောက်မယ်။သူကတော့ ကိုယ်ဝိတ်တက်လာမှာစိုးလို့ ဘေးကတတွတ်တွတ်လိုက်တားနေမယ်။ဝိတ်တက်လာတာနဲ့ချက်ချင်းချခိုင်းမယ်။အတင်းအားကစားလုပ်ဖို့တိုက်တွန်းမယ်။သင်ပိန်သွားတဲ့အခါမှာတော့ သူက ကျေနပ်နေမယ်။သင့်ကျန်းမာရေးကိုတောင်ဂရုမစိုက်ပဲ အတင်းပိန်အောင်လုပ်ခိုင်းနေမယ်ဆိုရင်တော့ သင့်အနေနဲ့ ဒီအချစ်ရေးကို ပြန်စဉ်းစားဖို့လိုနေပါပြီ။

*သူ့ဆီကအကောင်းမြင်ခံရတဲ့အချိန်က သင်အရမ်းလှနေတဲ့အချိန်တစ်ခုပဲ

တကယ်လို့များသင်တို့ရဲ့အချစ်ရေးမှာ သင့်အပေါ်အကောင်းမြင်တဲ့အချိန်က သင်အရမ်းလှနေတဲ့အချိန်ပဲဖြစ်မယ်ဆိုရင် သင်တို့ရဲ့အချစ်ရေးကိုပြန်ပြီးစဉ်းစားသင့်ပါပြီ။တကယ်ဆို ကိုယ့်ရဲ့သဘာဝအလှကိုလည်း ချစ်တတ်ရမယ်၊ကိုယ့်ရဲ့စိတ်ကိုလည်းချစ်ရမယ်။ကိုယ့်ရဲ့ဆန္ဒကိုလည်းလေးစားရမယ်မဟုတ်လား။အဲ့လိုမဟုတ်ပဲကြွေရုပ်လေးလိုလှနေချိန်သာ သူက ကိုယ့်အနားမှာရှိနေချင်တယ်ဆိုရင်တော့ ဒီအချစ်ရေးက ရေရှည်အဆင်ပြေဖို့ ဝေးပါတယ်။

ဒီအချက်တွေနဲ့ထပ်တူကျနေမယ်ဆိုရင်တော့ သင့်အနေနဲ့ ဒီအချစ်ရေးကို ပြန်စဉ်းစားသင့်ပါပြီနော်။

Credit: trend

Zawgyi ျဖင့္ဖတ္ရန္

 

သူဟာ သင့္ရဲ႕အေပၚယံ႐ုပ္ရည္သြင္ျပင္ကိုသာ မက္ေမာတာျဖစ္ေၾကာင္းျပသေနတဲ့အခ်က္ေတြ….

့ကိုယ္အခုတြဲေနတဲ့ခ်စ္သူရည္းစားက ကိုယ္လွလို႔ခ်စ္ေနတာလား ဒါမွမဟုတ္ ကိုယ့္စိတ္ေရာ လူေရာ တကယ္ခ်စ္တာလား?ႏွစ္ခုလုံးလွလို႔ခ်စ္တာဆိုရင္ေတာ့ သိပ္ၿပီးကိစၥမရွိပါဘူး။ဒါေပမဲ့ အေပၚယံ႐ုပ္အလွကိုပဲ မက္ၿပီး ခ်စ္တာဆိုရင္ေတာ့ နည္းနည္းေလးေတြးဖို႔လိုပါၿပီ။ကိုယ္က အခ်စ္စစ္ကိုလိုခ်င္တာမဟုတ္လား။ဒီေတာ့ ဘယ္လိုအခ်က္ေတြက သူကိုယ့္ရဲ႕အေပၚယံ႐ုပ္အလွကိုသာမက္ေမာေၾကာင္းျပေနလဲ….ဆက္ၿပီးဖတ္ၾကည့္လိုက္ပါဦး။

*သင့္အဝတ္အစားေတြနဲ႔ပတ္သက္ၿပီး အရမ္းစိတ္ဝင္စားတယ္

သူက သင့္ကို အၿမဲတမ္းအလွဆုံးျဖစ္ေနေစခ်င္တယ္။အဲ့ဒါေၾကာင့္ ဘယ္လိုပုံစံေလးဝတ္၊ဘယ္လိုအက်ီမ်ိဳးေလးဝတ္ဆိုၿပီး အျမတမ္းအႀကံေပးေနမယ္။ကိုယ့္ခ်စ္သူကိုလွေစခ်င္တာကေတာ့ ေယာက်္ားေလးတိုင္းေပါ့။ဒါေပမဲ့ လိုအပ္တာထက္ပိုေနရင္ေတာ့လည္း ဒါႀကီးက အေတာ္ေလးစိတ္ကသိကေအာက္ျဖစ္စရာပါ။သူနဲ႔တစ္ခါေတြ႕ဖို႔အျပင္ထြက္တိုင္း မင္းသမီးတစ္ပါးလိုျပင္ဆင္ေနရေတာ့မွာအမွန္ပါပဲ။

*သင္ မလွမပဝတ္လာရင္ ပြစိပြစိနဲ႔ေျပာဆိုေနမယ္

သူက ကိုယ့္ရဲ႕အေပၚယံ႐ုပ္အလွကိုသေဘာက်တာလား။ကိုယ္မို႔လို႔သေဘာက်တာလားဆိုတာ အဝတ္အစားဖက္ရွင္ဒီဇိုင္းေပၚသူဘယ္လိုအာ႐ုံစိုက္လဲဆိုတာသတိထားၾကည့္ၾကည့္ပါ။တကယ္လို႔ အဝတ္အစားႀကီးကပုံတုံးေနရင္၊ေဟာင္းေနရင္ သင့္ကိုအျပစ္တင္ၿပီး ေနာက္တစ္ခါလွလွပပဝတ္ဖို႔ေတာက္ေလွ်ာက္ေျပာေနတယ္ဆိုရင္ေတာ့ သူက သင့္ရဲ႕အေပၚယံ႐ုပ္အလွကိုပဲ သေဘာက်တာေသခ်ာေနပါၿပီ။ကိုယ့္ကိုခ်စ္တဲ့သူက တကယ္တမ္းကိုယ္ဘာဝတ္ဝတ္ သူတို႔မ်က္စိထဲမွာလွေနမွာပါ။

*တစ္ျခားေကာင္ေလးေတြသင့္ကိုၾကည့္ရင္ ေက်နပ္ေနမယ္

သူအေခ်ာအလွေလးကိုပိုင္ဆိုင္ထားပါတယ္ေပါ့။ေက်နပ္ပီတျဖစ္ေနတာ။တကယ္တမ္းကိုယ့္ကိုခ်စ္တဲ့သူက တစ္ျခားေကာင္ေလးက လာၾကည့္ရင္ တအားသဝန္တိုတတ္ၿပီး ေနာက္ဆို ဒီလိုလွေအာင္မဝတ္နဲ႔ဆိုၿပီးေတာင္ေျပာၾကတာပါ။ဟုတ္တယ္ဟုတ္!

*တစ္ျခားမိန္းကေလးေတြနဲ႔ႏႈိင္းယွဥ္မယ္

ဟိုေကာင္မေလးကိုၾကည့္စမ္း။ဘယ္လိုဝတ္ထားလို႔ခ်စ္စရာေလး၊ဟိုမင္းသမီးလိုဝတ္၊အဲ့ဒါဆိုပိုၿပီးဆြဲေဆာင္မႈရွိမွာ၊ဆံပင္ပုံေလးေျပာင္းလိုက္ပါလား ပိုလွသြားေအာင္စသျဖင့္ ႏွစ္ေယာက္အတူဆုံခ်ိန္မွာေတာင္ မ႐ိုးႏိုင္ပဲ ကိုယ့္ရဲ႕လွပမႈနဲ႔ပတ္သက္ၿပီး အႀကံေပ
းေနမယ္။သူေျပာသလို မလုပ္ရင္စိတ္ဆိုးမယ္။အဲ့လိုမ်ိဳးဆိုရင္ေတာ့ သင့္ခ်စ္သူက သူကိုယ္တိုင္အလွအပေရးရာကိုစိတ္ဝင္စားေနတာျဖစ္ရင္ျဖစ္ မဟုတ္ရင္ သင့္ရဲ႕ အေပၚယံ႐ုပ္အလွကိုပဲ မက္ေမာတာေၾကာင့္ အၿမဲတမ္းလွေနတဲ့ပုံစံပဲျမင္ခ်င္ေနတာပါ။

*သင့္ရဲ႕ကိုယ္အေလးခ်ိန္ကိုအၿမဲဂ႐ုစိုက္တယ္

ကိုယ္ကသာ စားခ်င္တာစား၊ေသာက္ခ်င္တာေသာက္မယ္။သူကေတာ့ ကိုယ္ဝိတ္တက္လာမွာစိုးလို႔ ေဘးကတတြတ္တြတ္လိုက္တားေနမယ္။ဝိတ္တက္လာတာနဲ႔ခ်က္ခ်င္းခ်ခိုင္းမယ္။အတင္းအားကစားလုပ္ဖို႔တိုက္တြန္းမယ္။သင္ပိန္သြားတဲ့အခါမွာေတာ့ သူက ေက်နပ္ေနမယ္။သင့္က်န္းမာေရးကိုေတာင္ဂ႐ုမစိုက္ပဲ အတင္းပိန္ေအာင္လုပ္ခိုင္းေနမယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ ဒီအခ်စ္ေရးကို ျပန္စဥ္းစားဖို႔လိုေနပါၿပီ။

*သူ႔ဆီကအေကာင္းျမင္ခံရတဲ့အခ်ိန္က သင္အရမ္းလွေနတဲ့အခ်ိန္တစ္ခုပဲ

တကယ္လို႔မ်ားသင္တို႔ရဲ႕အခ်စ္ေရးမွာ သင့္အေပၚအေကာင္းျမင္တဲ့အခ်ိန္က သင္အရမ္းလွေနတဲ့အခ်ိန္ပဲျဖစ္မယ္ဆိုရင္ သင္တို႔ရဲ႕အခ်စ္ေရးကိုျပန္ၿပီးစဥ္းစားသင့္ပါၿပီ။တကယ္ဆို ကိုယ့္ရဲ႕သဘာဝအလွကိုလည္း ခ်စ္တတ္ရမယ္၊ကိုယ့္ရဲ႕စိတ္ကိုလည္းခ်စ္ရမယ္။ကိုယ့္ရဲ႕ဆႏၵကိုလည္းေလးစားရမယ္မဟုတ္လား။အဲ့လိုမဟုတ္ပဲေႂကြ႐ုပ္ေလးလိုလွေနခ်ိန္သာ သူက ကိုယ့္အနားမွာရွိေနခ်င္တယ္ဆိုရင္ေတာ့ ဒီအခ်စ္ေရးက ေရရွည္အဆင္ေျပဖို႔ ေဝးပါတယ္။

ဒီအခ်က္ေတြနဲ႔ထပ္တူက်ေနမယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ ဒီအခ်စ္ေရးကို ျပန္စဥ္းစားသင့္ပါၿပီေနာ္။

Credit: trend