Unicode ဖြင့်ဖတ်ရန်

လွန်ခဲ့သောရက်၌ တရုတ်နိုင်ငံ၊ လျောင်းနင်ပြည်နယ်၊ အသက် ၅၅ အရွယ် အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးတွင် မိသားစုမိတ်ဆုံစားပွဲတစ်ခုမှာ ကာရာအိုကေသီချင်းပျော်ပျော်ပါးပါးသီဆိုနေရင်း ကီး(Key) အရမ်းမြင့်တဲ့သီချင်းသီဆိုဖို့ ကြိုးစားနေစဉ် ရုတ်တရက်ဦးနှောက်သွေးကြောပြတ်သွား၍ အသက်အန္တရာယ်ကြုံတွေ့ခဲ့ရပါတယ်။

ဤအဖြစ်အပျက်မတိုင်မီ သူမ သီချင်းနှစ်ပုဒ်သီဆိုပြီးသွားခဲ့ပြီး၊ “ဂျင်းဟိုင်-တိဘက် ကုန်းမြင့်” ဆိုတဲ့သီချင်းကို ဆက်လက်သီဆိုဖို့ သူမ ပြင်ဆင်နေခဲ့တာပါ။ အဲ့ဒီသီချင်းက ကီး(Key) အရမ်းမြင့်တဲ့သီချင်းတစ်ပုဒ်လည်းဖြစ်တယ်။ အရမ်းမြင့်တဲ့အသံ သီဆိုနေစဉ်တစ်ခဏအတွင်းမှာပဲ သူမ ခေါင်းတွေအရမ်းကိုက်လာပြီး အော့အန်လာကာ မိသားစုဝင်များက ချက်ချင်း သူမကို ဒါ့လျဲန်းဗဟိုဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ကြပါတယ်။

ဆေးရုံမှာ ဆရာဝန်များက စစ်ဆေးကြည့်သောအခါ ဦးနှောက်ထဲက သွေးကြောတစ်ချောင်းယောင်ကိုင်းပြီး ကွဲနေတယ်လို့ဆိုပါတယ်။ ဆရာဝန်ရဲ့ထင်မြင်ချက်အရ ဒါဟာ သူမ သီချင်းသီဆိုစဉ်ဖြစ်လိမ့်မယ်လို့ ဆိုပြီး၊ ဤလက္ခဏာသည် အချိန်မီမကုသပေးရင် အသက်အန္တရာယ်ထိခိုက်နိုင်နှုန်း ၃၀% အထိရှိကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

၂ နာရီကြာ အရေးပေါ်ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက် သူမသည် သက်သာပျောက်ကင်းလာပြီး၊ ကျန်းကျန်းမာမာရှိလာပါတယ်။ ဤလက္ခဏာဟာ ကီး(Key) မြင့်တဲ့သီချင်းသီဆိုသူတိုင်းမှာတော့ မဖြစ်ပါဘူး။ ဒါပေမယ့် သူမကတော့ သွေးတိုးနဲ့ဆီးချို နဂိုအခံရောဂါရှိနေတဲ့သူမို့ဖြစ်နိုင်ကြောင်း ဆရာဝန်များက ပြောကြားသွားပါတယ်။

Credit: popolay

Zawgyi ျဖင့္ဖတ္ရန္

ကီး(Key) ျမင့္တဲ့သီခ်င္းသီဆိုရင္း ဦးေႏွာက္ေသြးေၾကာေပါက္သြားေသာအမ်ိဳးသမီး

လြန္ခဲ့ေသာရက္၌ တ႐ုတ္ႏိုင္ငံ၊ ေလ်ာင္းနင္ျပည္နယ္၊ အသက္ ၅၅ အ႐ြယ္ အမည္မေဖာ္လိုသူ အမ်ိဳးသမီးတစ္ဦးတြင္ မိသားစုမိတ္ဆုံစားပြဲတစ္ခုမွာ ကာရာအိုေကသီခ်င္းေပ်ာ္ေပ်ာ္ပါးပါးသီဆိုေနရင္း ကီး(Key) အရမ္းျမင့္တဲ့သီခ်င္းသီဆိုဖို႔ ႀကိဳးစားေနစဥ္ ႐ုတ္တရက္ဦးေႏွာက္ေသြးေၾကာျပတ္သြား၍ အသက္အႏၲရာယ္ႀကဳံေတြ႕ခဲ့ရပါတယ္။

ဤအျဖစ္အပ်က္မတိုင္မီ သူမ သီခ်င္းႏွစ္ပုဒ္သီဆိုၿပီးသြားခဲ့ၿပီး၊ “ဂ်င္းဟိုင္-တိဘက္ ကုန္းျမင့္” ဆိုတဲ့သီခ်င္းကို ဆက္လက္သီဆိုဖို႔ သူမ ျပင္ဆင္ေနခဲ့တာပါ။ အဲ့ဒီသီခ်င္းက ကီး(Key) အရမ္းျမင့္တဲ့သီခ်င္းတစ္ပုဒ္လည္းျဖစ္တယ္။ အရမ္းျမင့္တဲ့အသံ သီဆိုေနစဥ္တစ္ခဏအတြင္းမွာပဲ သူမ ေခါင္းေတြအရမ္းကိုက္လာၿပီး ေအာ့အန္လာကာ မိသားစုဝင္မ်ားက ခ်က္ခ်င္း သူမကို ဒါ့လ်ဲန္းဗဟိုေဆး႐ုံသို႔ အျမန္ပို႔ေဆာင္ေပးခဲ့ၾကပါတယ္။

ေဆး႐ုံမွာ ဆရာဝန္မ်ားက စစ္ေဆးၾကည့္ေသာအခါ ဦးေႏွာက္ထဲက ေသြးေၾကာတစ္ေခ်ာင္းေယာင္ကိုင္းၿပီး ကြဲေနတယ္လို႔ဆိုပါတယ္။ ဆရာဝန္ရဲ႕ထင္ျမင္ခ်က္အရ ဒါဟာ သူမ သီခ်င္းသီဆိုစဥ္ျဖစ္လိမ့္မယ္လို႔ ဆိုၿပီး၊ ဤလကၡဏာသည္ အခ်ိန္မီမကုသေပးရင္ အသက္အႏၲရာယ္ထိခိုက္ႏိုင္ႏႈန္း ၃၀% အထိရွိေၾကာင္း ထပ္မံေျပာၾကားခဲ့ပါတယ္။

၂ နာရီၾကာ အေရးေပၚခြဲစိတ္ကုသမႈခံယူၿပီးတဲ့ေနာက္ သူမသည္ သက္သာေပ်ာက္ကင္းလာၿပီး၊ က်န္းက်န္းမာမာရွိလာပါတယ္။ ဤလကၡဏာဟာ ကီး(Key) ျမင့္တဲ့သီခ်င္းသီဆိုသူတိုင္းမွာေတာ့ မျဖစ္ပါဘူး။ ဒါေပမယ့္ သူမကေတာ့ ေသြးတိုးနဲ႔ဆီးခ်ိဳ နဂိုအခံေရာဂါရွိေနတဲ့သူမို႔ျဖစ္ႏိုင္ေၾကာင္း ဆရာဝန္မ်ားက ေျပာၾကားသြားပါတယ္။

Credit: popolay