Unicode ဖြင့်ဖတ်ရန်

 

*တင်းတိပ်အတွက် သဘာဝနည်းလမ်းတခုကတော့ ဆန်မှုန့်ကို အသုံးပြုတာဖြစ်တယ်။

ဆန်မှုန့်သဘောက နေလောင်တဲ့အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။

အမဲစက်၊ အမဲကွက်ကို ပျောက်ကင်းစေတယ်။

အသားရေကို နဂိုတိုင်းပြန်ဖြစ်စေပြီး အရေပြားအရောင် ညီညာစေတယ်။

အထူးသဖြင့် အာရှအသားအရေနဲ့လည်း သင့်တော်တယ်။

ဘယ်လိုလုပ်မလဲ
• ဆန်မှုန့် ထမင်းစားဇွန်း(၂) ဇွန်း
• ဒိန်ချဉ် ထမင်းစားဇွန်း (၂) ဇွန်း
• လိမ္မော်သီး (၂)စိတ်
• ပန်းသီး (၂) စိတ်

(လိမ္မော်သီးနဲ့ ပန်းသီးနေရာမှာ ချောကလက်မှုန့် တဇွန်းကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်)

ပန်းသီးနဲ့ လိမ္မော်သီး (၂)စိတ်ကို ရောပြီး blender ထဲမှာ ထည့်ခြေပါ။

အစိတ်သေးလေးတွေလုပ်ပြီး လက်နဲ့ ခြေပေးလို့လည်း ရတယ်။ ပြီးရင် ဆန်မှုန့်နဲ့ ဒိန်ချဉ်ကို ထည့်ပါ။

ရလာတဲ့ အရေပျစ်ပျစ်ကို မျက်နှာပေါ်လိမ်းပါ။

ပြီးရင် နာရီဝက်ထားပြီး ကြက်သီးနွေးရည်နဲ့ မျက်နှာ ပြန်သစ်ပါ။

ညပိုင်းမအိပ်မှီ နေ့စဉ်ပြုလုပ်ရုံနဲ့ တင်းတိပ်အမဲစက် ကင်းစင်တဲ့ မျက်နှာလှလှလေး ပိုင်ဆိုင်စေမှာ ဖြစ်တယ်။

[မူရင်းတင်သူဒေါက်တာအေးမင်းထူးအားလေးစားစွာခရက်ဒစ်ပေးပါသည်]

Zawgyi ဖြင့်ဖတ်ရန်

 







ဘယ်လိုလုပ်မလဲ
• လိမ္မော်သီး (၂)စိတ်
• ပန်းသီး (၂) စိတ်






