Zawgyiျဖင့္ဖတ္ရန္

 

သင့္ေမြးခုက ေျပာေသာ သင့္အေၾကာင္း

ျမန္မာရိုးရာ ေဗဒင္ လက္ဆန္းတြက္နည္းတစ္ခုျဖစ္ပါတယ္ ….တြက္နည္းဟာ လြယ္ကူျပီး ေတာ္ေတာ္နီးစပ္ေအာင္မွန္လွပါတယ္… ဒါေၾကာင့္ေဆာင္ရန္ေရွာင္ရန္အတြက္ေလးပါ။

လူတစ္ဦးဆီမွာ ပင္ကိုယ္ အက်င့္စရိုက္ ေလးေတြ ပါလာတတ္ပါတယ္ ။အခုလိုအႂကြင္းမ်ားအလိုက္သတ္မွတ္ထားပါတယ္။

( ၀ ) ႂကြင္း ေလာဘႀကီးသူ

( ၁ ) ႂကြင္း ေဒါသႀကီးသူ

( ၂ ) ႂကြင္း ေမာဟစိတ္လြန္ကဲသူ

( ၃ ) ႂကြင္း ေမတၲာစိတ္ရိွသူ

( ၄ )ႂကြင္း ဂရုဏာစိတ္မ်ားသူ

( ၅ ) ႂကြင္း မုဒိတာတရားလက္ကိုင္ထားသူ

( ၆ )ႂကြင္း ဥေပကၡာသမား

ဆိုၿပီး ( ၇ )မ်ိဳး ခြဲျခာထားပါတယ္

တြက္နည္းကေတာ့ လြယ္ပါတယ္ ….ကိုယ္ရဲ့ ေမြးသကၠရာဇ္ရယ္ ၊ေမြးနံကို ဂဏန္းေျပာင္းၿပီး ေပါင္းပါ။

ရတဲ့ အေျဖ ( ၇ ) နဲ႔ စားရပါမယ္ ….ထြက္လာတဲ့ အေျဖကေတာ့ ကိုယ့္ရဲ ပင္ကိုယ္စရိုက္ေပါ့ ။

ဥပမာ –

သင့္ ေမြးသကၠရာဇ္က ၁၃၅၈ ခု ေသာၾကာသားဆိုရင္ ၆ ေပါ့။

၁၃၅၈ + ၆ =၁၃၆၄

၁၃၆၄÷၇= ၆ ၾကြင္း ျဖစ္ပါတယ္

အၾကြင္းအလိုက္ကိုေအာက္တြင္ ဖက္ရူေလ့လာနိုင္ပါတယ္….

ျမန္မာေမြးႏွစ္မသိတဲ့လူေတြအတြက္ေတာ့ အဂၤလိပ္ခုႏွစ္က ျမန္မာခုႏွစ္ေျပာင္းၿပီး ၾကၫ့္ႏိုင္ပါတယ္။

ေမြးနံဂဏန္းေတြကေတာ့….

တနဂၤေႏြ= ၁

တနလၤာ= ၂

အဂၤါ = ၃

ဗုဒၶဟူး = ၄

ၾကာသပေတး = ၅

ေသာၾကာ = ၆

ေစန = ၇

အႂကြင္း (၀ ) ေလာဘ

သူကေတာ့ လိုခ်င္စိတ္မ်ားတယ္ ။ရတာနဲ႔ မတင္းတိမ္ဘူး ။ေရာင့္၇ဲတဲ့ စိတ္မရိွဘူး ။ေရာက္တဲ့ ေနရာမွာ မေပ်ာ္ဘူး ဒီထက္သာယာတဲ့ဘ၀ကို လိုလားတဲ့ သူ။

တစ္ခုမၿပီးခင္ ေနာက္တစ္ခုလုပ္ခ်င္တယ္ ဘယ္အရာမဆို လက္ဝါးႀကီး အုပ္ခ်င္တယ္ ။ဘယ္ေတာ့မွလည္း ေနာက္လိုက္မလုပ္ခ်င္ဘူး ။

ကိုယ္ရယူပိုင္ဆိုင္ဖို႔ဆိုရင္ ဘယ္အရာကိုမွ မေထာက္ထားဘူးမွားသည္မွန္သည္ မခြဲျခားဘူး၊ဘယ္နည္းနဲ႔ မဆို ရအာင္ယူမွ ေက်နပ္တဲ့ သူ။

လိုခ်င္စိတ္မ်ားေတာ့ ဘာမဆိုလုပ္ရမွာ၀န္မေလးသူေပါ့။ ခ်မ္းသာလိုတယ္ ႂကြယ္၀လိုတယ္ ခ်မ္းသာျခင္းကိုလဲရမဲ့ သူ။

ဒါေပမဲ့ မွားလား မွန္လား တရား၀င္လား တရားမ၀င္လားေတြးမွာ မဟုတ္တဲ့အတြက္ ဒုကၡေတာ့ ေတြ့ႏိုင္တာေပါ့ ။ ဘယ္လိုပဲ ျဖစ္ပါေစ သူကဘ၀ကို ရည္မွန္းခ်က္ႀကီးႀကီးနဲ႔ ျဖတ္သန္းမၫ့္သူပါ။

သူတစ္ပါးမွာရိွတာထက္ လိုခ်င္စိတ္ျမင့္မားေနေတာ့ လူေတာ္ေတြ ျဖစ္တတ္ပါတယ္ ။လိုခ်င္တဲ့ စိတ္ကေလးကို စနစ္တက် အသံုးျပဳသြာမယ္ဆိုရင္ ဒိတ္ဒိတ္ႀကဲ လူသားဘ၀ကို ပိုင္ဆိုင္ရမွာ အမွန္ပါ။( ၀ ) ႂကြင္းသမားေတြ မွန္ရင္ရွဲယ္ထားလိုက္ေတာ့ေနာ္….။

အႂကြင္း ( ၁ ) ေဒါသ

စိတ္ႀကီးတယ္ မဟုတ္မခံစိတ္မ်ားတယ္ မေတာ္မတရား လုပ္တာေတြ့ရင္ ကိုယ့္ကိစၥမဟုတ္လဲ ၀င္ပါဖို႔ ၀င္ေျပာဖို႔ ၀န္မေလးတဲ့သူ ေဘးကေန အလိုလို ေဒါသထြက္ေနတတ္တယ္ ။

စိတ္တိုေဒါသထြက္ရင္လဲ ဘာမဆို လုပ္ပစ္ေျပာပစ္လိုက္မွ ေက်နပ္တဲ့သူေပါ့ ။ စိတ္ကသာႀကီးပါတယ္ သူ႔ႏွလံုးသားကေတာ့ ျဖဴစင္လြန္းပါတယ္ ။ဘယ္ေတာ့မွလဲ ကိုယ့္ဘက္ကစၿပီး ရန္မလုပ္ဘူး သန္႔သန္႔ေလးေျပာတတ္ဆိုတတ္တယ္ ။

လာေစာ္ကားၿပီး လာၿငိျပီ ဆိုရင္ေတာ့ စိန္ေခၚရင္ တိမ္ေပၚ အထိ လိုက္မဲ့သူပဲ ။ ပင္ကိုစိတ္ရင္းေကာင္းတယ္ ။သူတစ္ပါးကို ေပးရမွာ ေကြၽးရမွာ ထိပ္ဆံုးကေပါ့ ။ဒါေပမဲ့ စိတ္ျမန္ ေဒါသ ထြက္လြယ္တာေၾကာင့္ အႏၲရာယ္ အၿမဲ ရင္ဆိုင္ရတတ္တယ္။

စိတ္ျမန္ပံုကေတာ့ ဖိနပ္စီးရတာ ခက္ေနရင္ေတာင္ ဖိနပ္ကိုကန္ထုတ္ ရန္လုပ္ၿပီး ဖိနပ္မပါပဲ ေလ်ွာက္သြာတတ္တဲ့ သူမ်ိဳး။ကိုယ္ကို လာေစာ္ကားလာရင္လဲ ဘယ္ေတာ့မွ ခြင့္မလႊတ္ဘူး။ ျဖစ္ခဲ့တာကို စဉ္းစားၿပီး စိတ္ထဲမွာ တစ္ႏံု႔ႏံု့နဲ႔ေတြးၿပီး ႀကိတ္မႏိုင္ခဲမရ ေဒါပြေနတတ္တယ္။

အဲဒီစိတ္ကေလးကို ထိန္းႏိုင္တဲ့ ေန့ေရာက္ရင္ ခ်မ္းသာႀကီးပြားတဲ့ လမ္းေပၚကိုစေရာက္တဲ့ေန့ပါပဲ ။ ဘယ္သို႔ဆိုေစ “လူေျဖာင့္စိတ္တို´´ဆိုတဲ့ စကားအတိုင္း အလြန္ရိုးေျဖာင့္တဲ့ သူတစ္ေယာက္ပါ ။( ၁ ) ႂကြင္းသမားေတြ မွန္ရင္ရွဲယ္ထားလိုက္ေတာ့ေနာ္….။

အႂကြင္း (၂ )ေမာဟ

သိပ္ေတြေဝတတ္တယ္ ဘယ္အရာမဆို ဆံုးျဖတ္ခ်က္ကို ပိုင္ပိုင္ႏိုင္ မခ်ႏိုင္ဘူး ။အရာရာကို ေမ့ေလ်ွာ့ေနတတ္တယ္ ။ တစ္ခါတစ္ေလ ေငါင္ေတာင္ေတာင္နဲ႔ ေငးေမာေနတတ္တာေတာင္ေတြ့ရတတ္ပါတယ္ ။ သီးသန္႔ေနလို႔စိတ္ျပင္းတယ္ ။

ျပႆနာတစ္ခုတစ္ေယာက္ထဲ မေျဖရွင္းႏိုင္ဘူး ေႁမြမေသ ဒုတ္မက်ိဳး လုပ္တတ္တယ္ ။အလြန္ေတာ္တဲ့ ျဖန္ေျဖေရ း သမာေလး။ ၾကား၀င္ေျဖရွင္း ရမယ္ဆိုရင္ ႏွစ္ဖက္ႏွစ္ခြ ျမင္တဲ့သူ။

အေျပာေအးေအးေလးနဲ႔ က်ေလာက္ေအာင္ ေျပာတတ္တဲ့သူ။ သူ႔၇ဲ့ ရိုးပံုေအးပံုေၾကာင့္ လူတိုင္းက ခင္ၾကတယ္ ။သူကေတာ့ ေရာက္တဲ့ေနရမွာ ေပ်ာ္ေအာင္ေနမယ္ ။

ျပႆနာေတြ့ရင္ေတာင္ ဒါေတြကို ေမ့ေလ်ွာ့ၿပီး ကိုယ္လုပ္ခ်င္တာလုပ္ေနမဲ့သူပဲ ။ဒါ့ေၾကာင္ဘာကိုမွ ေလးေလးနက္နက္မရိွဘူးလို႔ အထင္ခံရတတ္တယ္။ စကားသာက်ေလာက္ေအာင္ေျပာတာတစ္ခါတစ္ေလ ေရ႔ွေနာက္မညီ ေျပာၿပီးတာေတြေမ့တတ္ျပန္တယ္ ။

စိတ္ဓာတ္တတ္လြယ္ က်လြယ္တယ္ ။အရာရာမျပတ္မသားေနွာင့္ေနွးလြန္းေတာ့ ဘ၀အခြင့္အေရးေတြ မၾကာခဏ လက္တစ္လံုးၾကားဆံုးရႈံးရတတ္တယ္။သူ႔ဘ၀ကို နိင္နိင္နင္းႏွင္းပဲ့ထိန္းေပတဲ့ သူရိွမွ သူဘ၀က ဟန္က်မယ္ ။

ေနာက္ကတစ္ခ်ိန္လံုး လိုက္ေျပာေနမွ တန္ရံုက်မွာအေျပာခံရလို႔ စိတ္ဆိုးမွာေတာ့ မပူနဲ႔ သူကဘယ္ေတာ့မွ မွတ္မထားလို႔ပါ ။( ၂ ) ႂကြင္းသမားေတြ မွန္ရင္ရွဲယ္ထားလိုက္ေတာ့ေနာ္….။

အႂကြင္း( ၃ ) ေမတၲာ

သူကေတာ့ ေမတၲာ ရွင္ႀကီးေပါ့ ။အားနာတတ္တယ္ ၊ယံုစားလြယ္တယ္ ၊သူတစ္ပါးအေပၚ ခြင့္လြတ္နားလည္စိတ္ရိွတယ္ ။သည္းခံစိတ္ရိွတဲံ့ေနရမွာ ႏွစ္ေယာက္မရိွဘူး ေၾသာခ်ရေလာက္တဲ့ အထိေပါ့။ အရာရာကို ရင္ဆိုင္ရဲတယ္။

လူသားအားလံုးအေပၚေလးေလး စားစား ဆက္ဆံတတ္တယ္ ။ကိုယ့္ကိုယ္ကို အၿမဲ ႏိွမ့္ခ်ေနတတ္တယ္ ။သူအေနနဲ႔ ရိုးေပမဲ့႔ သြားအထင္မေသးပါနဲ႔ သူ႔မွာခ်စ္တဲ့ခင္တဲသူေတြ အလြန္ေပါတဲ့သူပါ ။လမ္းေဘးေတေလဂ်ပိုး လူမိုက္ကအစလုပ္ငန္းရွင္ႀကီး အထိ သူ႔ကိုခင္ၾကတယ္ ။

အေရးအေၾကာင္းဆို ကူညီဖို႔အသင့္ပဲ ။ျမင့္ျမတ္တဲ့စိတ္သေဘာထားအေပၚ လူတိုင္းက ေနရာေပးဆက္ဆံၾကတယ္ ။ရန္သူအေပၚမွာေတာင္ေမတၲာထား ေတာ့ ေဘးလူေတြနားမလည္ အားမလိုအား မရ ျဖစ္တတ္ၾကတယ္။

ဒါေပမဲ့ ရန္သူကိုေမတၲာနဲ႔အဆံုးမွာ စည္းရံုးႏိုင္တဲ့ သူပါ ။စိတ္သေဘာထား ႀကီးတယ္ မဟုတ္တာ မလုပ္တဲ့သူ။ဘယ္သူ႔ကိုမဆို တန္ဖို႔းထားဆက္ဆံတတ္တယ္။အေျပာသမားမဟုတ္ဘူး လက္ေတြ့႔ဆန္တယ္ ။ေအးေအးခ်မ္းခ်မ္းေနခ်င္တဲ့သူ။

အခ်စ္ေမတၲာအေပၚ အေလးအနက္ထားတယ္။အခက္အခဲကိုရင္ဆိုင္ရရင္ေတာင္ ေမတၲာေရ႔ွထားၿပီး ေအာင္ျမင္မႈကို ရယူတဲ့သူ ပါ ။အားလံုးသိပါတယ္ ေအာင္ျခင္း( ၈ )ပါးကို ျမတ္စြာဘုရားက ေမတၲာနဲ႔ ေအာင္ျမင္ခဲ့တာကိုေလ။( ၃) ႂကြင္းသမားေတြ မွန္ရင္ရွဲယ္ထားလိုက္ေတာ့ေနာ္….။

အႂကြင္း( ၄ )ဂရုဏာ

ရင္တဲမွာစာနာတတ္တယ္ ၊ ခံစားတတ္တယ္၊ ၾကင္နာတဲ့စိတ္အျပၫ့္ရိွေနတယ္ ။သိပ္ကို ကိုယ္ခ်င္းစာတတ္တယ္။ ခ်စ္သူခင္သူျဖစ္ေစ သတၲဝါေတြကိုျဖစ္ေစ “သနားပါတယ္ေနာ္´´ဆိုၿပီး စာနာစိတ္နဲ႔ အၿမဲ ကူညီလို႔စိတ္ရိွတယ္ ။

သနားေအာင္ေျပာရင္ဘယ္ေလာက္စိတ္ဆိုးေနပါေစ ခြင့္လႊတ္တယ္ ။ဂရုဏာသမားမို႔ ရန္သူကိုေတာင္ သနားတတ္တဲသူ ။စိတ္ဆိုးလဲ ခဏပဲ ။ရန္သူကို သူ႔ခမ်ာ ငါ့ကိုတစ္ခ်ိန္လံုးရန္လိုေနတာ သနားပါတယ္တဲ့ေလ။

ဒါေပမဲ သူကသူတစ္ပါးအေပၚ ဂရုနာထားသလိုသူ႔အေပၚမွာ ဂရုစိုက္မွေက်နပ္တတ္တဲသူ။ သူကိုဂရုမစိုက္ဘူး အေလးမထာဘူး အခ်စ္ေပါ့တယ္လို႔ ထင္ရင္ စိတ္ေကာက္ၿပီး ဝုန္းတိုင္းက်ဲ အရြဲ႔တိုက္တတ္သူ။

၀မ္းနည္းလြယ္တယ္ တစ္ဇြတ္ထိုးလုပ္တတ္တယ္ ။ ငါေကာင္းသေလာက္ငါ့အေပၚမေကာင္းဘူးလို႔ စိတ္၀င္ ၀မ္းနည္းသြာၿပီဆိုရင္အျမန္ေလးသာ ေခ်ာ့႔လိုက္ပါ ။

လူပံုစံ စတိုင္၊ ဟန္ပန္က အစျပဳမူေျပာဆိုပံုက မာက်စ္က်စ္ ၊ဘုခြေျပာ၊မသနားတတ္တဲ့ ၾကင္နာစိတ္မရိွတဲ့ သူလိုအျပင္ပန္းမွာ ေပၚေနတယ္ ။တကယ္အတြင္းစိတ္ ရင္ထဲမွာေတာ့ ဂရုဏာ အျပၫ့္ရိွတဲသူပါ …..

ဂရုဏာႀကီးတဲ့ဟန္ေဆာင္ေနတဲ့ သူနဲေတာ့တျခာစီေပါ့ ။သူ႔သေဘာ သူ႔သဘာ၀ သူ႔မေနာကိုသိတဲ့ သူေတြကေတာ့ ေလးေလးစားစား နဲ႔ သူ႔အရိပ္ကို ခို၀င္ၾကတယ္ ။ဦးေဆာင္သူ ၊ဆရာေတြ ၊ သမားေတာ္ေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ ကရုဏာရွင္ေတြေပါ့ ။( ၄ ) ႂကြင္းသမားေတြ မွန္ရင္ရွဲယ္ထားလိုက္ေတာ့ေနာ္….။

အႂကြင္း( ၅ )မုဒိတာ

မုဒိတာကို လက္ကိုင္ထားႏိုင္သူမ်ိဳးကေတာ့ ရွားပါးလွပါတယ္ ။သူကေတာ့ ရွားရွားပါးပါးထဲကသူတစ္ေယာက္မို႔ လူတစ္ေသာင္းမွာ တစ္ေယာက္ေတြ့ခဲလွတဲ့ မုဒိတာ ပြားႏိုင္တဲ့ သူတစ္ေယာက္ေပါ့ ။

သူတစ္ပါးေအာင္ျမင္တာ ၊ခ်မ္းသာႂကြယ္၀တာ ၊ ထြန္းထြန္းေပါက္ေပါက္ျဖစ္တာ၊နာမည္ႀကီးတာ ၊ေငြရတာ ၊အလုပ္တိုးတတ္တာ ေတြ့ရင္ ကိုယ္ကပဲ ဒါေတြကို ခံစားေနရသလိုလိုနဲ႔ ပိတိျဖာၿပီး ေဘးကေနၾကည္ႏူးေနတတ္တဲ့ သူမ်ိဳး ဒီကမ႓ာမွား ရွားပါတဲသူေပါ့။

မနာလို ၀န္တိုစိတ္မရိွဘူးအတင္းအဖ်င္းမေျပာတတ္ဘူး ၊ျမင့္ျမတ္တဲ့ စိတ္ရိွတယ္ ။အရာရာ ရင္ထဲ ခံစားၿပီးမွ လုပ္တတ္ေျပာတတ္တဲ့သူ ။မွန္ကန္ ျမင့္ျမတ္တဲ့စိတ္ေၾကာင့္ေအာင္ျမင္မႈထိတ္တန္းေရာက္တယ္။

ကိုယ္က သူတစ္ပါးကို ေဝဖန္တိုက္ခိုက္တာ ၊သူတစ္ပါးကို ငယ္က်ိဳးငယ္နာ ေဖာ္ၿပီး ဒုကၡေပးတာမ်ိဳးလံုး၀မုန္းတီးတယ္ ။ကိုယ္ကလဲ မလုပ္ဘူး၊လုပ္ရပ္ေတြကိုလဲ လက္မခံဘူး ။ေရွာင္ရွားတယ္ ။.

သူတစ္ပါ း အားနည္ခ်က္အားသာခ်က္ကိုေဖာ္ထုတ္ၿပီး ခ်ီက်ူးၿပီးေကာင္းတဲ့ အျပဳသေဘာေတြကို အႀကံေပးမႈေလးေတြေၾကာင့္ သူ႔ကိုခ်စ္ခင္သူေတြေပါတယ္ ။မနာလို၀န္တိုစိတ္မရိွပဲ သူတစ္ပါးအေပၚ မ်ွေဝခံစား တတ္လို႔ ႀကီပြားေအာင္ျမင္မွာ မလြဲပါဘူး ။

အရာရာအေပၚမွာရင္ထဲက လိႈက္လိႈက္လွဲလွဲ နဲ႔ ျဖစ္ထြန္းေစသလို ကိုယ္တိုင္လဲ ေျဖာင့္ေျဖာင့္ မွႏ္ွမွန္နဲ႔အၿမဲႀကိဳးစားေနတဲ့ ျမင့္ျမတ္တဲ့ ႏွလံံုးသား ပိုင္ရွင္တစ္ဦးပါ ။( ၅ ) ႂကြင္းသမားေတြ မွန္ရင္ရွဲယ္ထားလိုက္ေတာ့ေနာ္….။

အႂကြင္း( ၆ )ဥေပကၡာ

အလြန္ထူးျခားတဲ့ ႏွလံုးသားပိုင္ရွင္ေပါ့။ ဘာသိဘာသာ ေအးေအးေဆေဆးပဲ ေနတတ္တယ္ ။သူုတစ္ပါးကိစၥေတြကိုလဲ ကိုယ္နဲ႔မဆိုင္ေအာင္ အၿမဲႀကိဳးစာေနတတ္တယ္။ ၀င္ၿပီးစြတ္ဖက္တဲ့ သဘာ၀ကင္းတယ္ ။

ရန္သူကိုေတာင္ ေဒါသထြက္ၿပီး ရင္မဆိုင္ပဲ မသိသလို႔ ကိုယ့္ကို ရန္လုပ္တာ မဟုတ္သလို႔ ခပ္မဆိတ္ေနတတ္တယ္။ဥေပကၡာျပဳ ေက်ာခိုင္းေနတတ္တယ္။တည္ၾကည္တည္ၿငိမ္ၿပီး လူးသားအာလံုးကို ကိုယ္စိတ္ကမွန္တယ္ထင္တာလုပ္ေနၾကတာပဲတဲ့ ။

ဘာ၀င္စြတ္ဖက္စရာလို႔လဲဆိုတဲ့ သေဘာ ထားတတ္တယ္ ။ ကိုယ့္ကိစၥနဲ႔ ဆိုင္တဲ့ ၀န္းက်င္အလုပ္ကို စူးစူးစိုက္စိုက္ လုပ္တတ္လို႔ေအာင္ျမင္ႀကီးပြားၾကပါတယ္ ။ ထူးျခားခ်က္က အေနေအးၿပီး အရာရာ ကိုမသိဘူးမထင္နဲ႔ ။ အရာရာကို သိတယ္ ေလ့လာတယ္ ။

ပတ္၀န္းက်င္ကို အၿမဲ ေလ့လာေနတယ္ ။ျဖစ္ေပၚလာတဲ့ အေၾကာင္ း ဆက္ေတြအေပၚ နားလည္လြန္းလို႔ အရာရာကို အျပစ္မျမင္ပဲ ေနတတ္တဲ့သူ ။အခက္အခဲေတြ ၊ ဒုကၡေတြကို သူ႔ဆီမွာအကူညီေတာင္းၾကၫ့္။

ကိုယ့္ျပႆနာ တစ္ခုကို သူ႔ျပႆနာတစ္ခုလို လိႈက္လိႈက္လွဲလွဲသေဘာထာၿပီး ကူညီမွာေသခ်ာတယ္ ။ကိုယ္နဲ႔ မပတ္သက္သမ်ွ ၀င္မပါဘူး။ ကိုယ္နဲ႔မိတ္ဆက္မေပးသမ်ွ မည္မ်ွမ်က္မွန္းတန္းေနပါေစ ၿပံဳးျပႏႈတ္ဆက္မွာမဟုတ္ဘူး ။

ယဉ္ေက်းတယ္ သိမ္ေမြ့တယ္ ၊ အေရႀကံဳလာရင္ တကယ္အားထားရတယ္ ။ အကယ္ကို အျမင္ၾကည္လင္တဲ့ သူေတြေပါ့ ။တစ္ေန့မွာသူဟာ ဘာသာ သာသနာအတြက္ တန္ဖိုးရိွတဲ့လူတစ္ေယာက္ျဖစ္ႏိုင္သူ ေတြလို႔ ေရွးပညာရိွေတြက ဆိုပါတယ္။( ၆ ) ႂကြင္းသမားေတြ မွန္ရင္ရွဲယ္ထားလိုက္ေတာ့ေနာ္….။

Credit:ဆရာ ဂ်ာမိုးဦးေနျပည္ေတာ္ ေဗဒင္လကၡဏာ / 09785426564

 

Unicodeဖြင့်ဖတ်ရန်

 

ကိုယ့်မွေးခုကပြောသော ကိုယ့်ဘဝအကြောင်း

 

သင့်မွေးခုက ပြောသော သင့်အကြောင်း

မြန်မာရိုးရာ ဗေဒင် လက်ဆန်းတွက်နည်းတစ်ခုဖြစ်ပါတယ် ….တွက်နည်းဟာ လွယ်ကူပြီး တော်တော်နီးစပ်အောင်မှန်လှပါတယ်… ဒါကြောင့်ဆောင်ရန်ရှောင်ရန်အတွက်လေးပါ။

လူတစ်ဦးဆီမှာ ပင်ကိုယ် အကျင့်စရိုက် လေးတွေ ပါလာတတ်ပါတယ် ။အခုလိုအကြွင်းများအလိုက်သတ်မှတ်ထားပါတယ်။

( ၀ ) ကြွင်း လောဘကြီးသူ

( ၁ ) ကြွင်း ဒေါသကြီးသူ

( ၂ ) ကြွင်း မောဟစိတ်လွန်ကဲသူ

( ၃ ) ကြွင်း မေတ္တာစိတ်ရှိသူ

( ၄ )ကြွင်း ဂရုဏာစိတ်များသူ

( ၅ ) ကြွင်း မုဒိတာတရားလက်ကိုင်ထားသူ

( ၆ )ကြွင်း ဥပေက္ခာသမား

ဆိုပြီး ( ၇ )မျိုး ခွဲခြာထားပါတယ်

တွက်နည်းကတော့ လွယ်ပါတယ် ….ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို ဂဏန်းပြောင်းပြီး ပေါင်းပါ။

ရတဲ့ အဖြေ ( ၇ ) နဲ့ စားရပါမယ် ….ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ်စရိုက်ပေါ့ ။

ဥပမာ –

သင့် မွေးသက္ကရာဇ်က ၁၃၅၈ ခု သောကြာသားဆိုရင် ၆ ပေါ့။

၁၃၅၈ + ၆ =၁၃၆၄

၁၃၆၄÷၇= ၆ ကြွင်း ဖြစ်ပါတယ်

အကြွင်းအလိုက်ကိုအောက်တွင် ဖက်ရူလေ့လာနိုင်ပါတယ်….

မြန်မာမွေးနှစ်မသိတဲ့လူတွေအတွက်တော့ အင်္ဂလိပ်ခုနှစ်က မြန်မာခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ်။

မွေးနံဂဏန်းတွေကတော့….

တနင်္ဂနွေ= ၁

တနင်္လာ= ၂

အင်္ဂါ = ၃

ဗုဒ္ဓဟူး = ၄

ကြာသပတေး = ၅

သောကြာ = ၆

စေန = ၇

အကြွင်း (၀ ) လောဘ

သူကတော့ လိုချင်စိတ်များတယ် ။ရတာနဲ့ မတင်းတိမ်ဘူး ။ရောင့်ရဲတဲ့ စိတ်မရှိဘူး ။ရောက်တဲ့ နေရာမှာ မပျော်ဘူး ဒီထက်သာယာတဲ့ဘဝကို လိုလားတဲ့ သူ။

တစ်ခုမပြီးခင် နောက်တစ်ခုလုပ်ချင်တယ် ဘယ်အရာမဆို လက်ဝါးကြီး အုပ်ချင်တယ် ။ဘယ်တော့မှလည်း နောက်လိုက်မလုပ်ချင်ဘူး ။

ကိုယ်ရယူပိုင်ဆိုင်ဖို့ဆိုရင် ဘယ်အရာကိုမှ မထောက်ထားဘူးမှားသည်မှန်သည် မခွဲခြားဘူး၊ဘယ်နည်းနဲ့ မဆို ရအာင်ယူမှ ကျေနပ်တဲ့ သူ။

လိုချင်စိတ်များတော့ ဘာမဆိုလုပ်ရမှာဝန်မလေးသူပေါ့။ ချမ်းသာလိုတယ် ကြွယ်ဝလိုတယ် ချမ်းသာခြင်းကိုလဲရမဲ့ သူ။

ဒါပေမဲ့ မှားလား မှန်လား တရားဝင်လား တရားမဝင်လားတွေးမှာ မဟုတ်တဲ့အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။ ဘယ်လိုပဲ ဖြစ်ပါစေ သူကဘဝကို ရည်မှန်းချက်ကြီးကြီးနဲ့ ဖြတ်သန်းမည့်သူပါ။

သူတစ်ပါးမှာရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။လိုချင်တဲ့ စိတ်ကလေးကို စနစ်တကျ အသုံးပြုသွာမယ်ဆိုရင် ဒိတ်ဒိတ်ကြဲ လူသားဘဝကို ပိုင်ဆိုင်ရမှာ အမှန်ပါ။( ၀ ) ကြွင်းသမားတွေ မှန်ရင်ရှဲယ်ထားလိုက်တော့နော်….။

အကြွင်း ( ၁ ) ဒေါသ

စိတ်ကြီးတယ် မဟုတ်မခံစိတ်များတယ် မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စမဟုတ်လဲ ဝင်ပါဖို့ ဝင်ပြောဖို့ ဝန်မလေးတဲ့သူ ဘေးကနေ အလိုလို ဒေါသထွက်နေတတ်တယ် ။

စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်လိုက်မှ ကျေနပ်တဲ့သူပေါ့ ။ စိတ်ကသာကြီးပါတယ် သူ့နှလုံးသားကတော့ ဖြူစင်လွန်းပါတယ် ။ဘယ်တော့မှလဲ ကိုယ့်ဘက်ကစပြီး ရန်မလုပ်ဘူး သန့်သန့်လေးပြောတတ်ဆိုတတ်တယ် ။

လာစော်ကားပြီး လာငြိပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကိုစိတ်ရင်းကောင်းတယ် ။သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကပေါ့ ။ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ်။

စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကိုကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ လျှောက်သွာတတ်တဲ့ သူမျိုး။ကိုယ်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ်။

အဲဒီစိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကိုစရောက်တဲ့နေ့ပါပဲ ။ ဘယ်သို့ဆိုစေ “လူဖြောင့်စိတ်တို´´ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါ ။( ၁ ) ကြွင်းသမားတွေ မှန်ရင်ရှဲယ်ထားလိုက်တော့နော်….။

အကြွင်း (၂ )မောဟ

သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင် မချနိုင်ဘူး ။အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါတစ်လေ ငေါင်တောင်တောင်နဲ့ ငေးမောနေတတ်တာတောင်တွေ့ရတတ်ပါတယ် ။ သီးသန့်နေလို့စိတ်ပြင်းတယ် ။

ပြဿနာတစ်ခုတစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး မြွေမသေ ဒုတ်မကျိုး လုပ်တတ်တယ် ။အလွန်တော်တဲ့ ဖြန်ဖြေရေ း သမာလေး။ ကြားဝင်ဖြေရှင်း ရမယ်ဆိုရင် နှစ်ဖက်နှစ်ခွ မြင်တဲ့သူ။

အပြောအေးအေးလေးနဲ့ ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့ရဲ့ ရိုးပုံအေးပုံကြောင့် လူတိုင်းက ခင်ကြတယ် ။သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် ။

ပြဿနာတွေ့ရင်တောင် ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာလုပ်နေမဲ့သူပဲ ။ဒါ့ကြောင်ဘာကိုမှ လေးလေးနက်နက်မရှိဘူးလို့ အထင်ခံရတတ်တယ်။ စကားသာကျလောက်အောင်ပြောတာတစ်ခါတစ်လေ ရှေ့နောက်မညီ ပြောပြီးတာတွေမေ့တတ်ပြန်တယ် ။

စိတ်ဓာတ်တတ်လွယ် ကျလွယ်တယ် ။အရာရာမပြတ်မသားနှောင့်နှေးလွန်းတော့ ဘဝအခွင့်အရေးတွေ မကြာခဏ လက်တစ်လုံးကြားဆုံးရှုံးရတတ်တယ်။သူ့ဘဝကို နိင်နိင်နင်းနှင်းပဲ့ထိန်းပေတဲ့ သူရှိမှ သူဘဝက ဟန်ကျမယ် ။

နောက်ကတစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံကျမှာအပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ့ သူကဘယ်တော့မှ မှတ်မထားလို့ပါ ။( ၂ ) ကြွင်းသမားတွေ မှန်ရင်ရှဲယ်ထားလိုက်တော့နော်….။

အကြွင်း( ၃ ) မေတ္တာ

သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။အားနာတတ်တယ် ၊ယုံစားလွယ်တယ် ၊သူတစ်ပါးအပေါ် ခွင့်လွတ်နားလည်စိတ်ရှိတယ် ။သည်းခံစိတ်ရှိတဲံ့နေရမှာ နှစ်ယောက်မရှိဘူး သြောချရလောက်တဲ့ အထိပေါ့။ အရာရာကို ရင်ဆိုင်ရဲတယ်။

လူသားအားလုံးအပေါ်လေးလေး စားစား ဆက်ဆံတတ်တယ် ။ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချနေတတ်တယ် ။သူအနေနဲ့ ရိုးပေမဲ့ သွားအထင်မသေးပါနဲ့ သူ့မှာချစ်တဲ့ခင်တဲသူတွေ အလွန်ပေါတဲ့သူပါ ။လမ်းဘေးတေလေဂျပိုး လူမိုက်ကအစလုပ်ငန်းရှင်ကြီး အထိ သူ့ကိုခင်ကြတယ် ။

အရေးအကြောင်းဆို ကူညီဖို့အသင့်ပဲ ။မြင့်မြတ်တဲ့စိတ်သဘောထားအပေါ် လူတိုင်းက နေရာပေးဆက်ဆံကြတယ် ။ရန်သူအပေါ်မှာတောင်မေတ္တာထား တော့ ဘေးလူတွေနားမလည် အားမလိုအား မရ ဖြစ်တတ်ကြတယ်။

ဒါပေမဲ့ ရန်သူကိုမေတ္တာနဲ့အဆုံးမှာ စည်းရုံးနိုင်တဲ့ သူပါ ။စိတ်သဘောထား ကြီးတယ် မဟုတ်တာ မလုပ်တဲ့သူ။ဘယ်သူ့ကိုမဆို တန်ဖို့းထားဆက်ဆံတတ်တယ်။အပြောသမားမဟုတ်ဘူး လက်တွေ့ဆန်တယ် ။အေးအေးချမ်းချမ်းနေချင်တဲ့သူ။

အချစ်မေတ္တာအပေါ် အလေးအနက်ထားတယ်။အခက်အခဲကိုရင်ဆိုင်ရရင်တောင် မေတ္တာရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့သူ ပါ ။အားလုံးသိပါတယ် အောင်ခြင်း( ၈ )ပါးကို မြတ်စွာဘုရားက မေတ္တာနဲ့ အောင်မြင်ခဲ့တာကိုလေ။( ၃) ကြွင်းသမားတွေ မှန်ရင်ရှဲယ်ထားလိုက်တော့နော်….။

အကြွင်း( ၄ )ဂရုဏာ

ရင်တဲမှာစာနာတတ်တယ် ၊ ခံစားတတ်တယ်၊ ကြင်နာတဲ့စိတ်အပြည့်ရှိနေတယ် ။သိပ်ကို ကိုယ်ချင်းစာတတ်တယ်။ ချစ်သူခင်သူဖြစ်စေ သတ္တဝါတွေကိုဖြစ်စေ “သနားပါတယ်နော်´´ဆိုပြီး စာနာစိတ်နဲ့ အမြဲ ကူညီလို့စိတ်ရှိတယ် ။

သနားအောင်ပြောရင်ဘယ်လောက်စိတ်ဆိုးနေပါစေ ခွင့်လွှတ်တယ် ။ဂရုဏာသမားမို့ ရန်သူကိုတောင် သနားတတ်တဲသူ ။စိတ်ဆိုးလဲ ခဏပဲ ။ရန်သူကို သူ့ခမျာ ငါ့ကိုတစ်ချိန်လုံးရန်လိုနေတာ သနားပါတယ်တဲ့လေ။

ဒါပေမဲ သူကသူတစ်ပါးအပေါ် ဂရုနာထားသလိုသူ့အပေါ်မှာ ဂရုစိုက်မှကျေနပ်တတ်တဲသူ။ သူကိုဂရုမစိုက်ဘူး အလေးမထာဘူး အချစ်ပေါ့တယ်လို့ ထင်ရင် စိတ်ကောက်ပြီး ဝုန်းတိုင်းကျဲ အရွဲ့တိုက်တတ်သူ။

ဝမ်းနည်းလွယ်တယ် တစ်ဇွတ်ထိုးလုပ်တတ်တယ် ။ ငါကောင်းသလောက်ငါ့အပေါ်မကောင်းဘူးလို့ စိတ်ဝင် ဝမ်းနည်းသွာပြီဆိုရင်အမြန်လေးသာ ချော့လိုက်ပါ ။

လူပုံစံ စတိုင်၊ ဟန်ပန်က အစပြုမူပြောဆိုပုံက မာကျစ်ကျစ် ၊ဘုခွပြော၊မသနားတတ်တဲ့ ကြင်နာစိတ်မရှိတဲ့ သူလိုအပြင်ပန်းမှာ ပေါ်နေတယ် ။တကယ်အတွင်းစိတ် ရင်ထဲမှာတော့ ဂရုဏာ အပြည့်ရှိတဲသူပါ …..

ဂရုဏာကြီးတဲ့ဟန်ဆောင်နေတဲ့ သူနဲတော့တခြာစီပေါ့ ။သူ့သဘော သူ့သဘာ၀ သူ့မနောကိုသိတဲ့ သူတွေကတော့ လေးလေးစားစား နဲ့ သူ့အရိပ်ကို ခိုဝင်ကြတယ် ။ဦးဆောင်သူ ၊ဆရာတွေ ၊ သမားတော်တွေ တော်တော်များများကတော့ ကရုဏာရှင်တွေပေါ့ ။( ၄ ) ကြွင်းသမားတွေ မှန်ရင်ရှဲယ်ထားလိုက်တော့နော်….။

အကြွင်း( ၅ )မုဒိတာ

မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့ ရှားပါးလှပါတယ် ။သူကတော့ ရှားရှားပါးပါးထဲကသူတစ်ယောက်မို့ လူတစ်သောင်းမှာ တစ်ယောက်တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့ ။

သူတစ်ပါးအောင်မြင်တာ ၊ချမ်းသာကြွယ်ဝတာ ၊ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ၊နာမည်ကြီးတာ ၊ငွေရတာ ၊အလုပ်တိုးတတ်တာ တွေ့ရင် ကိုယ်ကပဲ ဒါတွေကို ခံစားနေရသလိုလိုနဲ့ ပိတိဖြာပြီး ဘေးကနေကြည်နူးနေတတ်တဲ့ သူမျိုး ဒီကမ္ဘာမှား ရှားပါတဲသူပေါ့။

မနာလို ဝန်တိုစိတ်မရှိဘူးအတင်းအဖျင်းမပြောတတ်ဘူး ၊မြင့်မြတ်တဲ့ စိတ်ရှိတယ် ။အရာရာ ရင်ထဲ ခံစားပြီးမှ လုပ်တတ်ပြောတတ်တဲ့သူ ။မှန်ကန် မြင့်မြတ်တဲ့စိတ်ကြောင့်အောင်မြင်မှုထိတ်တန်းရောက်တယ်။

ကိုယ်က သူတစ်ပါးကို ဝေဖန်တိုက်ခိုက်တာ ၊သူတစ်ပါးကို ငယ်ကျိုးငယ်နာ ဖော်ပြီး ဒုက္ခပေးတာမျိုးလုံးဝမုန်းတီးတယ် ။ကိုယ်ကလဲ မလုပ်ဘူး၊လုပ်ရပ်တွေကိုလဲ လက်မခံဘူး ။ရှောင်ရှားတယ် ။.

သူတစ်ပါ း အားနည်ချက်အားသာချက်ကိုဖော်ထုတ်ပြီး ချီကျူးပြီးကောင်းတဲ့ အပြုသဘောတွေကို အကြံပေးမှုလေးတွေကြောင့် သူ့ကိုချစ်ခင်သူတွေပေါတယ် ။မနာလိုဝန်တိုစိတ်မရှိပဲ သူတစ်ပါးအပေါ် မျှဝေခံစား တတ်လို့ ကြီပွားအောင်မြင်မှာ မလွဲပါဘူး ။

အရာရာအပေါ်မှာရင်ထဲက လှိုက်လှိုက်လှဲလှဲ နဲ့ ဖြစ်ထွန်းစေသလို ကိုယ်တိုင်လဲ ဖြောင့်ဖြောင့် မှန်ှမှန်နဲ့အမြဲကြိုးစားနေတဲ့ မြင့်မြတ်တဲ့ နှလံုံးသား ပိုင်ရှင်တစ်ဦးပါ ။( ၅ ) ကြွင်းသမားတွေ မှန်ရင်ရှဲယ်ထားလိုက်တော့နော်….။

အကြွင်း( ၆ )ဥပေက္ခာ

အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့။ ဘာသိဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။သူုတစ်ပါးကိစ္စတွေကိုလဲ ကိုယ်နဲ့မဆိုင်အောင် အမြဲကြိုးစာနေတတ်တယ်။ ဝင်ပြီးစွတ်ဖက်တဲ့ သဘာဝကင်းတယ် ။

ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို့ ကိုယ့်ကို ရန်လုပ်တာ မဟုတ်သလို့ ခပ်မဆိတ်နေတတ်တယ်။ဥပေက္ခာပြု ကျောခိုင်းနေတတ်တယ်။တည်ကြည်တည်ငြိမ်ပြီး လူးသားအာလုံးကို ကိုယ်စိတ်ကမှန်တယ်ထင်တာလုပ်နေကြတာပဲတဲ့ ။

ဘာဝင်စွတ်ဖက်စရာလို့လဲဆိုတဲ့ သဘော ထားတတ်တယ် ။ ကိုယ့်ကိစ္စနဲ့ ဆိုင်တဲ့ ဝန်းကျင်အလုပ်ကို စူးစူးစိုက်စိုက် လုပ်တတ်လို့အောင်မြင်ကြီးပွားကြပါတယ် ။ ထူးခြားချက်က အနေအေးပြီး အရာရာ ကိုမသိဘူးမထင်နဲ့ ။ အရာရာကို သိတယ် လေ့လာတယ် ။

ပတ်ဝန်းကျင်ကို အမြဲ လေ့လာနေတယ် ။ဖြစ်ပေါ်လာတဲ့ အကြောင် း ဆက်တွေအပေါ် နားလည်လွန်းလို့ အရာရာကို အပြစ်မမြင်ပဲ နေတတ်တဲ့သူ ။အခက်အခဲတွေ ၊ ဒုက္ခတွေကို သူ့ဆီမှာအကူညီတောင်းကြည့်။

ကိုယ့်ပြဿနာ တစ်ခုကို သူ့ပြဿနာတစ်ခုလို လှိုက်လှိုက်လှဲလှဲသဘောထာပြီး ကူညီမှာသေချာတယ် ။ကိုယ်နဲ့ မပတ်သက်သမျှ ဝင်မပါဘူး။ ကိုယ်နဲ့မိတ်ဆက်မပေးသမျှ မည်မျှမျက်မှန်းတန်းနေပါစေ ပြုံးပြနှုတ်ဆက်မှာမဟုတ်ဘူး ။

ယဉ်ကျေးတယ် သိမ်မွေ့တယ် ၊ အရေကြုံလာရင် တကယ်အားထားရတယ် ။ အကယ်ကို အမြင်ကြည်လင်တဲ့ သူတွေပေါ့ ။တစ်နေ့မှာသူဟာ ဘာသာ သာသနာအတွက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နိုင်သူ တွေလို့ ရှေးပညာရှိတွေက ဆိုပါတယ်။( ၆ ) ကြွင်းသမားတွေ မှန်ရင်ရှဲယ်ထားလိုက်တော့နော်….။

Credit:ဆရာ ဂျာမိုးဦးနေပြည်တော် ဗေဒင်လက္ခဏာ / 09785426564