Zawgyiျဖင့္ဖတ္ရန္

 

၁၉.၃.၂၀၂၀ မွ ၂၅.၃.၂၀၂၀ အထိ ခုႏွစ္ရက္သားသမီးမ်ား၏ တစ္ပတ္အတြင္း ကံၾကမၼာ၊ အဆိုးအေကာင္းမ်ားကို ေဖာ္ျပေပးလိုက္ပါသည္။

တနဂၤေႏြ

အမ်ား၏ယုံၾကည္ေလးစားမႈ အျပည့္အဝခံစားရပါလိမ့္မည္။ ခရီးထြက္ရန္ရွိပါက အက်ိဳးရွိေသာ ခရီးထြက္ျဖစ္ပါလိမ့္မည္။ အေတြးအျမင္အသစ္အဆန္းမ်ား ျဖစ္ေပၚျခင္းႏွင့္အတူ မိတ္ေဆြသစ္တို႔၏ ကူညီေစာင့္ေရွာက္မႈရရွိမည္။ ရာထူးတိုးျခင္း၊ ဂုဏ္ျပဳခ်ီးျမႇင့္ျခင္းမ်ား ခံစားရပါလိမ့္မည္။ စီးပြားေရးလုပ္ငန္းမ်ားမွ အျမတ္အစြန္းမ်ားစြာ ရရွိမည္။ မိမိႏွင့္တိုက္႐ိုက္ပတ္သက္မႈမရွိေသာ ျပႆနာမ်ားအား ဝင္မပါမိပါေစႏွင့္။ အခ်စ္ေရးတြင္ ခ်စ္သူအခ်င္းခ်င္း ၾကားကားႏွိပ္စက္မႈေၾကာင့္ စကားမ်ားစိတ္ပ်က္ရျခင္းမ်ိဳး ႀကဳံေတြ႕ခံစားရတတ္ပါသည္။ အခ်င္းခ်င္း နားလည္မႈယူသင့္ပါသည္။
ယၾတာ။ ။ အိမ္ကဘုရားတြင္ အျဖဴေရာင္ပန္းမ်ား ကပ္လႉေပးပါ။

တနလၤာ

ထူးထူးျခားျခား ဝင္ေငြတိုးတက္ မ်ားျပားမႈရွိေသာ္လည္း အေႏွာင္အဖြဲ႕မကင္းေစေသာ ေငြေၾကးမ်ားျဖစ္ေစတတ္ပါသည္။ မိမိလုပ္ကိုင္ေဆာင္႐ြက္ထားေသာ ကိစၥဟူသမွ်တို႔တြင္ စိတ္မေတြ႕သမွ် ေဟာေဟာဒိုင္းဒိုင္း ေျပာဆိုဆက္ဆံတတ္ျခင္း၊ တိုင္ပင္ေဆြးေႏြးျခင္းမရွိပါက မိမိအေပၚတြင္ အထင္အျမင္လြဲမွားမႈျဖစ္ေစရတတ္ပါသည္။ ေသြးတိုးျခင္း၊ ႏွလုံးအားနည္းျခင္းမ်ား ျဖစ္ေပၚခံစားရတတ္ပါသည္။ အခ်စ္ေရးတြင္ ႏွစ္ဦးႏွစ္ဖက္ခ်စ္လ်က္ အေနမမွန္ျဖစ္ၾကျခင္းအတြက္ အသိုင္းအဝိုင္းၾကားတြင္ ျပစ္ခ်က္ျဖင့္ ေဝဖန္ခံရျခင္းမ်ိဳး ႀကဳံရပါလိမ့္မည္။

ယၾတာ ။ ။ ေငြေၾကးခက္ခဲေနသူတစ္ဦးအား တတ္ႏိုင္သေလာက္ ဒါနျပဳေပးပါ။

အဂၤါ

စီးပြားေရးကိစၥမွန္သမွ်တြင္ အေတြ႕အႀကဳံရွိသူမ်ားႏွင့္သာ ပူးတြဲလုပ္ကိုင္သင့္ပါသည္။ အမ်ားအက်ိဳးေဆာင္ရေသာ အက်ိဳးျပဳလုပ္ငန္းမ်ားတြင္ ပါဝင္ပူးေပါင္း၍ လုပ္ကိုင္ေဆာင္႐ြက္ရပါလိမ့္မည္။ စီးပြားၿပိဳင္ဖက္မ်ားအေပၚတြင္ ေမတၱာျဖင့္သာ အႏိုင္ရရန္ႀကိဳးစားပါ။ အိမ္ေထာင္ဖက္ႏွင့္ စကားအေခ်အတင္ ျငင္းခုံေျပာဆိုရတတ္သည္။ မိမိအေနျဖင့္ သည္းခံစိတ္ေမြးရန္ အထူးလိုအပ္ပါသည္။ ကိုယ္ပိုင္ေငြအထားမွား၍ ေပ်ာက္ဆုံးမႈျဖစ္ေစရတတ္ပါသည္။ အခ်စ္ေရးတြင္ ႐ြယ္တူအေဖာ္ခ်စ္ခင္မိသူမ်ားထဲမွ ငယ္သူအေပၚ သဒၶါပိုျမတ္ႏိုးေနမိျခင္းမ်ိဳး ျဖစ္ေပၚခံစားေနမိပါလိမ့္မည္။

ယၾတာ ။ ။ အိမ္ကဘုရားတြင္ အုန္းပန္း သို႔မဟုတ္ အုန္းၫြန႔္ ၆ ၫြန႔္ ကပ္လႉေပးပါ။

ဗုဒၶဟူး

ျပႆနာတစ္ခုခုအေပၚတြင္ ဆုံးျဖတ္ခ်က္လ်င္ျမန္စြာခ်တတ္ေသာ အေလ့အထရွိေနတတ္ပါသည္။ စိတ္ေနသေဘာထားႀကီးသူျဖစ္ေသာ္လည္း မိမိ၏လုပ္ရပ္မ်ားသည္ မရည္႐ြယ္ပါဘဲ တစ္ကိုယ္ေကာင္းဆန္သလို ျဖစ္ေနတတ္ပါသည္။ ပညာေရးအတြက္ အေရးႀကီးေသာအပိုင္းတြင္ ဂ႐ုတစိုက္ေလ့လာအားထုတ္မႈ ျပဳရပါလိမ့္မည္။ မိတ္ေဆြအေပါင္းအသင္းမ်ားျဖင့္ ပူးတြဲလုပ္ကိုင္ေဆာင္႐ြက္ႏိုင္ေသာ္လည္း အက်ိဳးမဲ့အခ်ိန္ျဖဳန္းတီးမႈမျဖစ္ေစရန္ သတိျပဳသင့္ပါသည္။ မိမိ၏ အေတြးအေခၚ အေျမာ္အျမင္စိတ္မ်ား ရွင္သန္ဖြံ႕ၿဖိဳးမႈရွိေနမည္။ အတတ္ပညာရပ္တစ္မ်ိဳးမ်ိဳးအား ေလ့လာသင္ယူခြင့္ ရတတ္ပါသည္။ အခ်စ္ေရးႏွင့္ပတ္သက္၍ ခ်စ္ျခင္းအေနအထားဟူသမွ်တြင္ အျပစ္ကင္းေစသားဟူ၍ ဆႏၵရွိေသာ္လည္း စိတ္အေနတူညီသည့္ မိတ္ေဆြအကူအညီရွိမွသာ ညႇိႏႈိင္းေဆာင္႐ြက္မႈျဖင့္ အဆင္ေျပမႈ ရရွိေစမည္ျဖစ္ပါသည္။

ယၾတာ ။ ။ သံဃာေတာ္တစ္ပါးအား ကိတ္မုန႔္ကပ္လႉေပးပါ။

ၾကာသပေတး

ေမွ်ာ္လင့္မထားေသာ ဧည့္သည္မ်ားႏွင့္ ရင္းႏွီးခ်စ္ခင္စြာ ပူးတြဲေဆာင္႐ြက္မႈျပဳရပါလိမ့္မည္။ အသိမွန္၊ အျမင္မွန္၊ အေတြးမွန္မ်ားျဖင့္ အခက္အခဲမရွိ ေဆာင္႐ြက္ႏိုင္ပါလိမ့္မည္။ မိတ္ေဆြမ်ားစြာမွ လုပ္ငန္းႀကီးတစ္ခုတြင္ ပူးေပါင္းေဆာင္႐ြက္ရန္ ကမ္းလွမ္းမႈမ်ိဳး ႀကဳံရပါလိမ့္မည္။ စာခ်ဳပ္စာတမ္းကိစၥ၊ ေငြေၾကးကိစၥမ်ား အတြက္ ၂၀၊ ၂၁၊ ၂၃၊ ၂၄ ရက္မ်ားတြင္ အဓိက ၿပီးျပတ္ေအာင္ေဆာင္႐ြက္ပါ။ အခက္အခဲအနည္းငယ္ရွိႏိုင္ေသာ္လည္း ေအာင္ျမင္မႈရရွိပါလိမ့္မည္။ အခ်စ္ေရးတြင္ မည္မွ်ပင္ အေနၾကာလက္တြဲခင္မင္မိသူျဖစ္ပါေစ အကဲခတ္မေသခ်ာေသာ မွားယြင္းမႈမ်ိဳးရွိေနခဲ့ပါလွ်င္ ဝယ္ၿပီးမလဲရေသာပစၥည္းပမာ ႏြယ္ၿပီးမွတြဲ၍မရေသာ အျဖစ္ႀကီးႏွင့္သာ ႀကဳံရေစတတ္ပါ၍ အထူးသတိထားၿပီးမွ ဆုံးျဖတ္ပါ။

ယၾတာ ။ ။ ကေလးတစ္ဦးအား စၾကၤာအ႐ုပ္တစ္ခု လက္ေဆာင္ေပးလိုက္ပါ။

ေသာၾကာ

ေ႐ႊ၊ ေငြ၊ ရတနာ၊ အမ်ိဳးသမီးအသုံးအေဆာင္ပစၥည္းမ်ား ဝင္လာပါလိမ့္မည္။ မိတ္ေဆြအတုမ်ား လိမ္လည္ေကာက္က်စ္သူမ်ားႏွင့္ ဆုံေတြ႕ပတ္သက္မႈျပဳရပါလိမ့္မည္။ လုပ္ငန္းကိစၥမ်ားတြင္ ဆန႔္က်င္ဘက္လိင္မ်ားႏွင့္ ဆုံေတြ႕ပတ္သက္မႈျပဳရပါလိမ့္မည္။ ႐ုပ္ရွင္လုပ္ငန္း၊ ဂီတပညာ၊ အႏုပညာလုပ္ငန္း လုပ္ကိုင္သူမ်ား အက်ိဳးခံစားခြင့္ရရွိပါလိမ့္မည္။ အိမ္ေထာင္ရွိသူမ်ား လင္မယားခ်င္း မသင့္မျမတ္ျဖစ္ၿပီး ခိုက္ရန္ေဒါသျဖစ္ရတတ္ပါသည္။ အေသးအဖြဲ႕ကိစၥမွ အႀကီးအက်ယ္ျဖစ္သြားရေစတတ္ပါသည္။ သတိျပဳဆင္ျခင္ရန္လိုပါသည္။ အခ်စ္ေရးတြင္ သဝန္တိုခ်စ္သူျဖစ္ေသာ္လည္း မိမိက အသြင္ခ်ိဳ အျပစ္မယူဘဲ အျမင္ပိုစြာ သည္းခံမႈျပဳေပးႏိုင္ပါလွ်င္ အရာရာ ေျပလည္မႈျဖစ္သြားရပါလိမ့္မည္။

ယၾတာ ။ ။ သီလရွင္တစ္ပါးအား ထီးတစ္လက္ ဒါနျပဳလႉေပးပါ။

စေန

ဟန္ေဆာင္မႈမရွိ၊ အေျပာအဆို လိမၼာပါးနပ္သူျဖစ္ျခင္းေၾကာင့္ ဆန႔္က်င္ဘက္လိင္တို႔၏ စိတ္ဝင္စားမႈမ်ားရွိေနပါလိမ့္မည္။ စီးပြားေရးႏွင့္ လူမႈေရးကိစၥမ်ားတြင္ အၿငိမ္မေနရဘဲ ရွိေနပါလိမ့္မည္။ အလုပ္မ်ားစြာ လုပ္ကိုင္ေဆာင္႐ြက္ရျခင္းေၾကာင့္ ပင္ပန္းႏြမ္းနယ္မႈမ်ားလည္း ျဖစ္ေနရပါလိမ့္မည္။ ဘာသာေရးကိစၥမ်ား၊ အလႉဒါနျပဳဖြယ္ကိစၥမ်ားတြင္ ထိထိေရာက္ေရာက္ေဆာင္႐ြက္ျဖစ္ပါမည္။ ေျခေထာက္ေအာက္ပိုင္းတြင္ အဆစ္အမ်က္နာက်င္ကိုက္ခဲမႈမ်ား၊ သြားကိုက္၊ သြားနာ၊ ေဝဒနာ ျဖစ္ေပၚခံစားရတတ္ပါသည္။ အခ်စ္ေရးတြင္ ခ်စ္သူ၏ သံသယအေမွာင္သည္ ဟန္မက် ပိတ္ေလွာင္မြန္းက်ပ္ေစေသာ အေျခအေနမ်ိဳးျဖင့္ ခံစားရခက္ခဲေနရျခင္းမ်ိဳး ႀကဳံေတြ႕ေနရပါလိမ့္မည္။

ယၾတာ ။ ။ အိမ္ကဘုရားတြင္ လိေမၼာ္သီး ၅ လုံး ကပ္လႉေပးပါ။

သိလိုသည္မ်ားကိုလဲ ဖုန္းဆက္၍ စုံစမ္းေမးျမန္းႏိုင္ပါတယ္၊

Credit:ေဒါက္တာလင္းျမတ္သူ ( 09 253817608 )

 

Unicodeဖြင့်ဖတ်ရန်

 

မတ်လ ၁၉ ရက် မှ ၂၅ ရက်အတွင်း ဖြစ်ပေါ်လာမည့် သင့်ကံကြမ္မာ အဆိုးအကောင်းများ

 

၁၉.၃.၂၀၂၀ မှ ၂၅.၃.၂၀၂၀ အထိ ခုနှစ်ရက်သားသမီးများ၏ တစ်ပတ်အတွင်း ကံကြမ္မာ၊ အဆိုးအကောင်းများကို ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေ

အများ၏ယုံကြည်လေးစားမှု အပြည့်အဝခံစားရပါလိမ့်မည်။ ခရီးထွက်ရန်ရှိပါက အကျိုးရှိသော ခရီးထွက်ဖြစ်ပါလိမ့်မည်။ အတွေးအမြင်အသစ်အဆန်းများ ဖြစ်ပေါ်ခြင်းနှင့်အတူ မိတ်ဆွေသစ်တို့၏ ကူညီစောင့်ရှောက်မှုရရှိမည်။ ရာထူးတိုးခြင်း၊ ဂုဏ်ပြုချီးမြှင့်ခြင်းများ ခံစားရပါလိမ့်မည်။ စီးပွားရေးလုပ်ငန်းများမှ အမြတ်အစွန်းများစွာ ရရှိမည်။ မိမိနှင့်တိုက်ရိုက်ပတ်သက်မှုမရှိသော ပြဿနာများအား ဝင်မပါမိပါစေနှင့်။ အချစ်ရေးတွင် ချစ်သူအချင်းချင်း ကြားကားနှိပ်စက်မှုကြောင့် စကားများစိတ်ပျက်ရခြင်းမျိုး ကြုံတွေ့ခံစားရတတ်ပါသည်။ အချင်းချင်း နားလည်မှုယူသင့်ပါသည်။
ယတြာ။ ။ အိမ်ကဘုရားတွင် အဖြူရောင်ပန်းများ ကပ်လှူပေးပါ။

တနင်္လာ

ထူးထူးခြားခြား ဝင်ငွေတိုးတက် များပြားမှုရှိသော်လည်း အနှောင်အဖွဲ့မကင်းစေသော ငွေကြေးများဖြစ်စေတတ်ပါသည်။ မိမိလုပ်ကိုင်ဆောင်ရွက်ထားသော ကိစ္စဟူသမျှတို့တွင် စိတ်မတွေ့သမျှ ဟောဟောဒိုင်းဒိုင်း ပြောဆိုဆက်ဆံတတ်ခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းမရှိပါက မိမိအပေါ်တွင် အထင်အမြင်လွဲမှားမှုဖြစ်စေရတတ်ပါသည်။ သွေးတိုးခြင်း၊ နှလုံးအားနည်းခြင်းများ ဖြစ်ပေါ်ခံစားရတတ်ပါသည်။ အချစ်ရေးတွင် နှစ်ဦးနှစ်ဖက်ချစ်လျက် အနေမမှန်ဖြစ်ကြခြင်းအတွက် အသိုင်းအဝိုင်းကြားတွင် ပြစ်ချက်ဖြင့် ဝေဖန်ခံရခြင်းမျိုး ကြုံရပါလိမ့်မည်။

ယတြာ ။ ။ ငွေကြေးခက်ခဲနေသူတစ်ဦးအား တတ်နိုင်သလောက် ဒါနပြုပေးပါ။

အင်္ဂါ

စီးပွားရေးကိစ္စမှန်သမျှတွင် အတွေ့အကြုံရှိသူများနှင့်သာ ပူးတွဲလုပ်ကိုင်သင့်ပါသည်။ အများအကျိုးဆောင်ရသော အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ပူးပေါင်း၍ လုပ်ကိုင်ဆောင်ရွက်ရပါလိမ့်မည်။ စီးပွားပြိုင်ဖက်များအပေါ်တွင် မေတ္တာဖြင့်သာ အနိုင်ရရန်ကြိုးစားပါ။ အိမ်ထောင်ဖက်နှင့် စကားအချေအတင် ငြင်းခုံပြောဆိုရတတ်သည်။ မိမိအနေဖြင့် သည်းခံစိတ်မွေးရန် အထူးလိုအပ်ပါသည်။ ကိုယ်ပိုင်ငွေအထားမှား၍ ပျောက်ဆုံးမှုဖြစ်စေရတတ်ပါသည်။ အချစ်ရေးတွင် ရွယ်တူအဖော်ချစ်ခင်မိသူများထဲမှ ငယ်သူအပေါ် သဒ္ဓါပိုမြတ်နိုးနေမိခြင်းမျိုး ဖြစ်ပေါ်ခံစားနေမိပါလိမ့်မည်။

ယတြာ ။ ။ အိမ်ကဘုရားတွင် အုန်းပန်း သို့မဟုတ် အုန်းညွန့် ၆ ညွန့် ကပ်လှူပေးပါ။

ဗုဒ္ဓဟူး

ပြဿနာတစ်ခုခုအပေါ်တွင် ဆုံးဖြတ်ချက်လျင်မြန်စွာချတတ်သော အလေ့အထရှိနေတတ်ပါသည်။ စိတ်နေသဘောထားကြီးသူဖြစ်သော်လည်း မိမိ၏လုပ်ရပ်များသည် မရည်ရွယ်ပါဘဲ တစ်ကိုယ်ကောင်းဆန်သလို ဖြစ်နေတတ်ပါသည်။ ပညာရေးအတွက် အရေးကြီးသောအပိုင်းတွင် ဂရုတစိုက်လေ့လာအားထုတ်မှု ပြုရပါလိမ့်မည်။ မိတ်ဆွေအပေါင်းအသင်းများဖြင့် ပူးတွဲလုပ်ကိုင်ဆောင်ရွက်နိုင်သော်လည်း အကျိုးမဲ့အချိန်ဖြုန်းတီးမှုမဖြစ်စေရန် သတိပြုသင့်ပါသည်။ မိမိ၏ အတွေးအခေါ် အမြော်အမြင်စိတ်များ ရှင်သန်ဖွံ့ဖြိုးမှုရှိနေမည်။ အတတ်ပညာရပ်တစ်မျိုးမျိုးအား လေ့လာသင်ယူခွင့် ရတတ်ပါသည်။ အချစ်ရေးနှင့်ပတ်သက်၍ ချစ်ခြင်းအနေအထားဟူသမျှတွင် အပြစ်ကင်းစေသားဟူ၍ ဆန္ဒရှိသော်လည်း စိတ်အနေတူညီသည့် မိတ်ဆွေအကူအညီရှိမှသာ ညှိနှိုင်းဆောင်ရွက်မှုဖြင့် အဆင်ပြေမှု ရရှိစေမည်ဖြစ်ပါသည်။

ယတြာ ။ ။ သံဃာတော်တစ်ပါးအား ကိတ်မုန့်ကပ်လှူပေးပါ။

ကြာသပတေး

မျှော်လင့်မထားသော ဧည့်သည်များနှင့် ရင်းနှီးချစ်ခင်စွာ ပူးတွဲဆောင်ရွက်မှုပြုရပါလိမ့်မည်။ အသိမှန်၊ အမြင်မှန်၊ အတွေးမှန်များဖြင့် အခက်အခဲမရှိ ဆောင်ရွက်နိုင်ပါလိမ့်မည်။ မိတ်ဆွေများစွာမှ လုပ်ငန်းကြီးတစ်ခုတွင် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းမှုမျိုး ကြုံရပါလိမ့်မည်။ စာချုပ်စာတမ်းကိစ္စ၊ ငွေကြေးကိစ္စများ အတွက် ၂၀၊ ၂၁၊ ၂၃၊ ၂၄ ရက်များတွင် အဓိက ပြီးပြတ်အောင်ဆောင်ရွက်ပါ။ အခက်အခဲအနည်းငယ်ရှိနိုင်သော်လည်း အောင်မြင်မှုရရှိပါလိမ့်မည်။ အချစ်ရေးတွင် မည်မျှပင် အနေကြာလက်တွဲခင်မင်မိသူဖြစ်ပါစေ အကဲခတ်မသေချာသော မှားယွင်းမှုမျိုးရှိနေခဲ့ပါလျှင် ဝယ်ပြီးမလဲရသောပစ္စည်းပမာ နွယ်ပြီးမှတွဲ၍မရသော အဖြစ်ကြီးနှင့်သာ ကြုံရစေတတ်ပါ၍ အထူးသတိထားပြီးမှ ဆုံးဖြတ်ပါ။

ယတြာ ။ ။ ကလေးတစ်ဦးအား စင်္ကြာအရုပ်တစ်ခု လက်ဆောင်ပေးလိုက်ပါ။

သောကြာ

ရွှေ၊ ငွေ၊ ရတနာ၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ ဝင်လာပါလိမ့်မည်။ မိတ်ဆွေအတုများ လိမ်လည်ကောက်ကျစ်သူများနှင့် ဆုံတွေ့ပတ်သက်မှုပြုရပါလိမ့်မည်။ လုပ်ငန်းကိစ္စများတွင် ဆန့်ကျင်ဘက်လိင်များနှင့် ဆုံတွေ့ပတ်သက်မှုပြုရပါလိမ့်မည်။ ရုပ်ရှင်လုပ်ငန်း၊ ဂီတပညာ၊ အနုပညာလုပ်ငန်း လုပ်ကိုင်သူများ အကျိုးခံစားခွင့်ရရှိပါလိမ့်မည်။ အိမ်ထောင်ရှိသူများ လင်မယားချင်း မသင့်မမြတ်ဖြစ်ပြီး ခိုက်ရန်ဒေါသဖြစ်ရတတ်ပါသည်။ အသေးအဖွဲ့ကိစ္စမှ အကြီးအကျယ်ဖြစ်သွားရစေတတ်ပါသည်။ သတိပြုဆင်ခြင်ရန်လိုပါသည်။ အချစ်ရေးတွင် သဝန်တိုချစ်သူဖြစ်သော်လည်း မိမိက အသွင်ချို အပြစ်မယူဘဲ အမြင်ပိုစွာ သည်းခံမှုပြုပေးနိုင်ပါလျှင် အရာရာ ပြေလည်မှုဖြစ်သွားရပါလိမ့်မည်။

ယတြာ ။ ။ သီလရှင်တစ်ပါးအား ထီးတစ်လက် ဒါနပြုလှူပေးပါ။

စနေ

ဟန်ဆောင်မှုမရှိ၊ အပြောအဆို လိမ္မာပါးနပ်သူဖြစ်ခြင်းကြောင့် ဆန့်ကျင်ဘက်လိင်တို့၏ စိတ်ဝင်စားမှုများရှိနေပါလိမ့်မည်။ စီးပွားရေးနှင့် လူမှုရေးကိစ္စများတွင် အငြိမ်မနေရဘဲ ရှိနေပါလိမ့်မည်။ အလုပ်များစွာ လုပ်ကိုင်ဆောင်ရွက်ရခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုများလည်း ဖြစ်နေရပါလိမ့်မည်။ ဘာသာရေးကိစ္စများ၊ အလှူဒါနပြုဖွယ်ကိစ္စများတွင် ထိထိရောက်ရောက်ဆောင်ရွက်ဖြစ်ပါမည်။ ခြေထောက်အောက်ပိုင်းတွင် အဆစ်အမျက်နာကျင်ကိုက်ခဲမှုများ၊ သွားကိုက်၊ သွားနာ၊ ဝေဒနာ ဖြစ်ပေါ်ခံစားရတတ်ပါသည်။ အချစ်ရေးတွင် ချစ်သူ၏ သံသယအမှောင်သည် ဟန်မကျ ပိတ်လှောင်မွန်းကျပ်စေသော အခြေအနေမျိုးဖြင့် ခံစားရခက်ခဲနေရခြင်းမျိုး ကြုံတွေ့နေရပါလိမ့်မည်။

ယတြာ ။ ။ အိမ်ကဘုရားတွင် လိမ္မော်သီး ၅ လုံး ကပ်လှူပေးပါ။

သိလိုသည်များကိုလဲ ဖုန်းဆက်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်၊

Credit:ဒေါက်တာလင်းမြတ်သူ ( 09 253817608 )