Zawgyiျဖင့္ဖတ္ရန္

 

ႏုိင္ငံအားလုံးဟာ ကမၻာအႏွံ႔ အရွိန္ျမင့္ ျပန္႔ႏွံ႔ေနတဲ့ Covid-19 ကပ္ေရာဂါႀကီးရဲ႕ အႏၱရာယ္ကုိ ရင္ဆုိင္ေနၾကရၿပီး ဒီေရာဂါပုိး ကုိယ့္ႏုိင္ငံထဲ ေရာက္မလာေသးတဲ့ႏုိင္ငံေတြအေနနဲ႔လည္း ေရာက္လာတဲ့အခါ တုိက္ဖ်က္ႏုိင္ေအာင္ ႀကိဳတင္ ျပင္ဆင္မႈေတြ လုပ္ေဆာင္ထားၾကဖုိ႔ WHO ကမၻာ့က်န္းမာေရးအဖြဲ႔ အႀကီးအကဲ Tedros Adhanom Ghebreyesus က သတိေပး ေျပာၾကားလုိက္ပါတယ္။

“ခင္ဗ်ားတုိ႔ လူမႈအသုိင္း၀ုိင္းထဲကုိ ဒီေရာဂါပုိး ေရာက္မလာဘူးလုိ႔ မယူဆၾကပါနဲ႔၊ ေရာက္လာေတာ့မယ္ဆုိတဲ့အေတြးနဲ႔ ႀကိဳတင္ ျပင္ဆင္ထားၾကပါ။ ခင္ဗ်ားတုိ႔အေနနဲ႔ ဒီဗုိင္းရပ္စ္ပုိးရဲ႕ အႏၱရာယ္နဲ႔ ရင္မဆုိင္ရႏုိင္ဘူးလုိ႔ မတြက္ဆၾကပါနဲ႔၊ ကုိယ္လဲ ႀကံဳေတြ႔ရမွာဘဲဆုိတဲ့ အယူအဆနဲ႔ ႀကိဳတင္ ျပင္ဆင္ထားၾကပါ။”

ဗုဒၶဟူးေန႔က Geneva ၿမိဳ႕မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲအတြင္း WHO အႀကီးအကဲက အဲဒီလုိ ေျပာၾကားခဲ့တာပါ။

ဒီေရာဂါပုိးကုိ ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ တုိင္းျပည္တုိင္းက ေရာဂါရွိမရွိ စမ္းသပ္ စစ္ေဆးတာ၊ ကုသေပးတာနဲ႔ ေရာဂါ ဘယ္ေနရာက စျဖစ္တယ္ဆုိတဲ့ ဇစ္ျမစ္ကုိ လုိက္လံစုံစမ္းတာေတြ တဆင့္ၿပီးတဆင့္ လုပ္ေဆာင္ၾကဖုိ႔ လုိအပ္ေၾကာင္းလည္း WHO အႀကီးအကဲက ေျပာပါတယ္။

လက္ရွိအေနအထားအရ Coronavirus ကူးစက္၊ ေသဆုံးသူအေရအတြက္ရဲ႕ ၈၀% ေက်ာ္ဟာ ပစိဖိတ္ေဒသအေနာက္ပုိင္းနဲ႔ ဥေရာပတုိက္ ေဒသ ၂ ခုတုိ႔က ျဖစ္တယ္လုိ႔ဆုိပါတယ္။ ဒီဗုိင္းရပ္စ္ပုိးကုိ ကုသႏုိင္တဲ့ ေဆးေတြ႔ႏုိင္ဖုိ႔ WHO က တျခား ႏုိင္ငံအေတာ္မ်ားမ်ားနဲ႔ လက္တြဲ ေဆာင္ရြက္ေနတယ္လုိ႔ ဆုိပါတယ္။

တရုတ္ႏုိင္ငံ၊ Wuhan ၿမိဳ႕မွာ ၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပုိင္းမွာ စတင္ေတြ႔ရွိခဲ့တဲ့ ဒီေရာဂါပုိးဟာ အခုခ်ိန္မွာေတာ့ ဥေရာပတုိက္မွာ အဆုိးရြားဆုံး ျဖစ္ေပၚေနတာပါ။

Credit:VOA

 

Unicodeဖြင့်ဖတ်ရန်

 

Coronavirus မဖြစ်သေးတဲ့နိုင်ငံတွေ အသင့်ပြင်ထားကြဖို့ WHO တိုက်တွန်း

 

နိုင်ငံအားလုံးဟာ ကမ္ဘာအနှံ့ အရှိန်မြင့် ပြန့်နှံ့နေတဲ့ Covid-19 ကပ်ရောဂါကြီးရဲ့ အန္တရာယ်ကို ရင်ဆိုင်နေကြရပြီး ဒီရောဂါပိုး ကိုယ့်နိုင်ငံထဲ ရောက်မလာသေးတဲ့နိုင်ငံတွေအနေနဲ့လည်း ရောက်လာတဲ့အခါ တိုက်ဖျက်နိုင်အောင် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က သတိပေး ပြောကြားလိုက်ပါတယ်။

“ခင်ဗျားတို့ လူမှုအသိုင်းဝိုင်းထဲကို ဒီရောဂါပိုး ရောက်မလာဘူးလို့ မယူဆကြပါနဲ့၊ ရောက်လာတော့မယ်ဆိုတဲ့အတွေးနဲ့ ကြိုတင် ပြင်ဆင်ထားကြပါ။ ခင်ဗျားတို့အနေနဲ့ ဒီဗိုင်းရပ်စ်ပိုးရဲ့ အန္တရာယ်နဲ့ ရင်မဆိုင်ရနိုင်ဘူးလို့ မတွက်ဆကြပါနဲ့၊ ကိုယ်လဲ ကြုံတွေ့ရမှာဘဲဆိုတဲ့ အယူအဆနဲ့ ကြိုတင် ပြင်ဆင်ထားကြပါ။”

ဗုဒ္ဓဟူးနေ့က Geneva မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း WHO အကြီးအကဲက အဲဒီလို ပြောကြားခဲ့တာပါ။

ဒီရောဂါပိုးကို ထိန်းချုပ်နိုင်ရေးအတွက် တိုင်းပြည်တိုင်းက ရောဂါရှိမရှိ စမ်းသပ် စစ်ဆေးတာ၊ ကုသပေးတာနဲ့ ရောဂါ ဘယ်နေရာက စဖြစ်တယ်ဆိုတဲ့ ဇစ်မြစ်ကို လိုက်လံစုံစမ်းတာတွေ တဆင့်ပြီးတဆင့် လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်းလည်း WHO အကြီးအကဲက ပြောပါတယ်။

လက်ရှိအနေအထားအရ Coronavirus ကူးစက်၊ သေဆုံးသူအရေအတွက်ရဲ့ ၈၀% ကျော်ဟာ ပစိဖိတ်ဒေသအနောက်ပိုင်းနဲ့ ဥရောပတိုက် ဒေသ ၂ ခုတို့က ဖြစ်တယ်လို့ဆိုပါတယ်။ ဒီဗိုင်းရပ်စ်ပိုးကို ကုသနိုင်တဲ့ ဆေးတွေ့နိုင်ဖို့ WHO က တခြား နိုင်ငံအတော်များများနဲ့ လက်တွဲ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ၊ Wuhan မြို့မှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်တွေ့ရှိခဲ့တဲ့ ဒီရောဂါပိုးဟာ အခုချိန်မှာတော့ ဥရောပတိုက်မှာ အဆိုးရွားဆုံး ဖြစ်ပေါ်နေတာပါ။

Credit:VOA