Zawgyiျဖင့္ဖတ္ရန္

 

အခုဆို လက္ကို ခဏခဏ ေဆးျဖစ္ေနတယ္။

ဝတ္မႈံေ႐ႊရည္ကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ေၾကာင့္ အကယ္ဒမီပြဲရက္ေ႐ႊ႕တာမ်ိဳး၊ ႐ုပ္ရွင္႐ုံေတြ ပိတ္လိုက္ရတာေတြ အေပၚ သူမရဲ႕ သေဘာထားကို ေျပာျပလာပါတယ္။

အကယ္ဒမီဝတ္မႈံေ႐ႊရည္ကေတာ့ ၂၀၁၉ ခုႏွစ္အတြက္ ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲႀကီး ရက္ေ႐ႊ႕လိုက္တဲ့အေပၚ သူမရဲ႕ သေဘာထားကို ေျပာျပလာပါတယ္။ ကိုယ္တိုင္ကလည္း က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ဂ႐ုစိုက္ျဖစ္တဲ့အေၾကာင္း သူက ေျပာပါတယ္။

“ အကယ္ဒမီပြဲ ရက္ေ႐ႊ႕လိုက္တာကလည္း အားလုံးေကာင္းဖို႔အတြက္ ရက္ေ႐ႊ႕လိုက္တယ္လို႔ ျမင္ပါတယ္။ တစ္ကမာၻလုံးက လူအရမ္းမ်ားတဲ့ေနရာေတြ မသြားဖို႔၊ စုစုေဝးေဝးရွိတဲ့ေနရာေတြမွာ မေနဖို႔ ေျပာထားေတာ့ ရက္ေ႐ႊ႕လိုက္တဲ့အေပၚမွာ ေကာင္းတယ္လို႔ ထင္ပါတယ္။ ကစ္ကေတာ့ တစ္ခ်ိန္လုံး လက္ေဆးတာ ဆိုက္ကိုေတာင္ဝင္တယ္။ Mask အုပ္တယ္၊ လူမ်ားတဲ့ေနရာေတြဆို မသြားရဲဘူး” လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

ကမာၻအႏွံ႔အျပားမွာ ျဖစ္ေပၚေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသြားတဲ့ လူဦးေရေတြက အမ်ားႀကီးရွိလို႔ေနပါၿပီ။ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာလည္း ျပည္တြင္းျပည္ပ ခရီးသြားေတြကိုလည္း ဝင္ခြင့္၊ ထြက္ခြင့္ေတြ ပိတ္လိုက္ၿပီျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအတြင္းမွာေတာ့ လူစုလူေဝးအမ်ားအျပားနဲ႔ ျပဳလုပ္ရတဲ့ အကယ္ဒမီေပးပြဲ၊ သၾကၤန္ပြဲေတြ လုပ္ခြင့္မရေတာ့ဘူးလို႔ သိရပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အႏုပညာရွင္ ေတာ္ေတာ္မ်ား မ်ားကလည္း အဆိုပါ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး က်န္းမာေရး ဂ႐ုစိုက္ၾကဖို႔ တစ္ဖက္တစ္လမ္းက တိုက္တြန္းေနၾကတာကိုလည္း ေတြ႕ရပါတယ္။

အခုဆိုရင္ေတာ့ လူစုလူေဝးမ်ားစြာရွိတတ္တဲ့ ႐ုပ္ရွင္႐ုံႀကီးေတြကိုလည္း ခဏ ပိတ္လိုက္ရၿပီလို႔ သိရပါတယ္။ ဒီလို ႐ုပ္ရွင္႐ုံေတြ ပိတ္လိုက္တဲ့အေပၚ ဝတ္မႈံေ႐ႊရည္က အခုလို သုံးသပ္ေျပာျပလာပါတယ္။

“ ႐ုပ္ရွင္႐ုံေတြ ပိတ္ေစခ်င္တယ္၊ မပိတ္ေစခ်င္ဘူးက်ေတာ့ ကစ္လည္း မေျပာျပတတ္ဘူး။ ကစ္ျမင္တာကေတာ့ အခိုက္အတန႔္လို႔ေတာ့ ျမင္တယ္။ ေလာေလာဆယ္ အေျခအေနတစ္ခုမွာေတာ့ ဒီလိုမ်ိဳး ျဖစ္ေနဦးမွာေပါ့ေနာ္။ တျခား ပြဲလမ္းသဘင္ေတြလည္း ပိတ္လိုက္ရတာမ်ိဳး၊ ရပ္လိုက္ရတာမ်ိဳးရွိတာပဲ။ ဒါေပမယ့္ ႐ုံပိုင္ရွင္ေတြနဲ႔ ထုတ္လုပ္သူေတြကေတာ့ ဘယ္လိုေတြ လုပ္သင့္တယ္၊ မလုပ္သင့္ဘူးဆိုတာ သူတို႔ ပိုသိမွာပဲေလေနာ္” ဆိုၿပီးေတာ့ မတ္လ ၁၅ ရက္ေန႔က Media 7 ႏွင့္ အႏုပညာရွင္မ်ား စာခ်ဳပ္ ခ်ဳပ္ဆိုျခင္းအခမ္းအနားကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

ဝတ္မႈံေ႐ႊရည္ဟာ ၂၀၁၃ခုႏွစ္မွာ “နင္ေစရင္” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့ၿပီး အကယ္ဒမီ ေ႐ႊၾကယ္ကိုလည္း ၂၀၁၅ ခုႏွစ္၊ ေဖေဖာ္ဝါရီ (၁)ရက္ေန႔က ေမွာ္ဘီၿမိဳ႕ရွိ ေအာင္ဇဗၺဴေတာ ရေက်ာင္းတိုက္မွာ လႉဒါန္းခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၄ခုႏွစ္မွာေတာ့ ” ႏွလုံးသားနဲ႔ျပဳလုပ္သည္” ႐ုပ္ရွင္ဇာတ္ကားႀကီး နဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုကိုလည္း ရရွိထားပါတယ္။ သူမကို ခ်စ္တဲ့ ပရိသတ္ေတြ ကလည္း အမ်ားႀကီးရွိပါတယ္။ အခုခ်ိန္မွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တိုက္ ႐ိုက္ကူးေနရတဲ့ မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။ သူမကိုေတာ့ Kanebo ေၾကာ္ျငာနဲ႔ အႏုပညာေလာကထဲကို ေရာက္ရွိလာတာျဖစ္ၿပီး ၂၀၀၈ ခုႏွစ္မွာ ဇာတ္ကားမ်ား စတင္႐ိုက္ကူးခဲ့ပါတယ္။

Credit:Duwun

 

Unicodeဖြင့်ဖတ်ရန်

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူများတဲ့နေရာတွေ မသွားရဲဘူးလို့ဆိုလာတဲ့ ဝတ်မှုံရွှေရည်

 

အခုဆို လက်ကို ခဏခဏ ဆေးဖြစ်နေတယ်။

ဝတ်မှုံရွှေရည်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် အကယ်ဒမီပွဲရက်ရွှေ့တာမျိုး၊ ရုပ်ရှင်ရုံတွေ ပိတ်လိုက်ရတာတွေ အပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။

အကယ်ဒမီဝတ်မှုံရွှေရည်ကတော့ ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး ရက်ရွှေ့လိုက်တဲ့အပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။ ကိုယ်တိုင်ကလည်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဂရုစိုက်ဖြစ်တဲ့အကြောင်း သူက ပြောပါတယ်။

“ အကယ်ဒမီပွဲ ရက်ရွှေ့လိုက်တာကလည်း အားလုံးကောင်းဖို့အတွက် ရက်ရွှေ့လိုက်တယ်လို့ မြင်ပါတယ်။ တစ်ကမ္ဘာလုံးက လူအရမ်းများတဲ့နေရာတွေ မသွားဖို့၊ စုစုဝေးဝေးရှိတဲ့နေရာတွေမှာ မနေဖို့ ပြောထားတော့ ရက်ရွှေ့လိုက်တဲ့အပေါ်မှာ ကောင်းတယ်လို့ ထင်ပါတယ်။ ကစ်ကတော့ တစ်ချိန်လုံး လက်ဆေးတာ ဆိုက်ကိုတောင်ဝင်တယ်။ Mask အုပ်တယ်၊ လူများတဲ့နေရာတွေဆို မသွားရဲဘူး” လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားတဲ့ လူဦးရေတွေက အများကြီးရှိလို့နေပါပြီ။နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့ဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော်များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကိုလည်း တွေ့ရပါတယ်။

အခုဆိုရင်တော့ လူစုလူဝေးများစွာရှိတတ်တဲ့ ရုပ်ရှင်ရုံကြီးတွေကိုလည်း ခဏ ပိတ်လိုက်ရပြီလို့ သိရပါတယ်။ ဒီလို ရုပ်ရှင်ရုံတွေ ပိတ်လိုက်တဲ့အပေါ် ဝတ်မှုံရွှေရည်က အခုလို သုံးသပ်ပြောပြလာပါတယ်။

“ ရုပ်ရှင်ရုံတွေ ပိတ်စေချင်တယ်၊ မပိတ်စေချင်ဘူးကျတော့ ကစ်လည်း မပြောပြတတ်ဘူး။ ကစ်မြင်တာကတော့ အခိုက်အတန့်လို့တော့ မြင်တယ်။ လောလောဆယ် အခြေအနေတစ်ခုမှာတော့ ဒီလိုမျိုး ဖြစ်နေဦးမှာပေါ့နော်။ တခြား ပွဲလမ်းသဘင်တွေလည်း ပိတ်လိုက်ရတာမျိုး၊ ရပ်လိုက်ရတာမျိုးရှိတာပဲ။ ဒါပေမယ့် ရုံပိုင်ရှင်တွေနဲ့ ထုတ်လုပ်သူတွေကတော့ ဘယ်လိုတွေ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာ သူတို့ ပိုသိမှာပဲလေနော်” ဆိုပြီးတော့ မတ်လ ၁၅ ရက်နေ့က Media 7 နှင့် အနုပညာရှင်များ စာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ “နင်စေရင်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ခုနှစ်မှာတော့ ” နှလုံးသားနဲ့ပြုလုပ်သည်” ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။

Credit:Duwun