Zawgyiျဖင့္ဖတ္ရန္

 

အင္ဒိုမွာ COVID-19 ေၾကာင့္ တစ္ရက္အတြင္း ေသဆုံးမႈႏႈန္း အႀကီးမားဆုံး ျမင့္တက္လာခဲ့တာပါတယ္။

အေရွ႕ေတာင္အာရွ ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ အင္ဒိုနီးရွားမွာ COVID-19 ေရာဂါေၾကာင့္ ေနာက္ထပ္ ၁၄ ဦး ယေန႔ (မတ္လ ၁၈ ရက္) ေသဆုံးခဲ့ၿပီး လက္ရွိအခ်ိန္အထိ ေသဆုံးသူအေရအတြက္ စုစုေပါင္း ၁၉ ဦးရွိလာေၾကာင္း က်န္းမာေရးတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ယေန႔ ေသဆုံးမႈဟာ အင္ဒိုမွာ COVID-19 ေရာဂါဗိုင္းရပ္စ္ေၾကာင့္ တစ္ရက္အတြင္း ေသဆုံးမႈႏႈန္း အႀကီးမားဆုံး ျမင့္တက္လာခဲ့တာလည္း ျဖစ္ပါတယ္။ “မတ္လ ၁၈ ရက္ ေန႔လယ္ ၁၂ နာရီအထိ ေသဆုံးသူအေရအတြက္ ၁၉ ဦးပါ” လို႔ COVID-19 ကပ္ေရာဂါအတြက္ အစိုးရေျပာခြင့္ရပုဂၢိဳလ္ Achmad Yurianto က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

အင္ဒိုမွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူေတြအနက္ ၁၂ ဦးဟာ ဂ်ကာတာၿမိဳ႕ေတာ္မွာ ျဖစ္ပါတယ္။ ဘာလီ၊ ဘန္တန္၊ အေနာက္ဂ်ာဗား၊ အေရွ႕ဂ်ာဗားနဲ႔ ေျမာက္ပိုင္းဆူမာၾတားတို႔မွာလည္း တစ္ဦးစီ ေသဆုံးခဲ့ပါတယ္။ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးခဲ့သူ ေနာက္ႏွစ္ဦးကေတာ့ ဂ်ာဗားအလယ္ပိုင္းမွျဖစ္ေၾကာင္း CNA သတင္းမွာ ေဖာ္ျပထားပါတယ္။

မတ္လ ၁၈ ရက္ ေန႔လယ္ပိုင္းအထိ စာရင္းေတြအရ အင္ဒိုနီးရွားမွာ COVID-19 ေရာဂါဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၂၇ ဦး စစ္ေဆးအတည္ျပဳထားၿပီး ၁၁ ဦး ျပန္လည္သက္သာခဲ့တယ္လို႔ Yurianto က ဆိုပါတယ္။ အင္ဒိုမွာ ဗိုင္းရပ္စ္ကူးစက္ခံမႈေတြ ျမင့္တက္လာႏိုင္ဖြယ္ရွိေၾကာင္း၊ အာဏာပိုင္ေတြက ဗိုင္းရပ္စ္သံသယရွိသူေတြနဲ႔ ကိုယ္တိုင္းစစ္ေဆးလိုသူေတြကို ရွာေဖြေနၾကေၾကာင္း ၎ကေျပာပါတယ္။

“အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔က ဗိုင္းရပ္စ္ကူးစက္ခံ လူနာအေရအတြက္ ျမင့္တက္လာမယ့္ အဆင့္ကိုေရာက္ေနပါတယ္၊ ဧၿပီလထဲမွာ ရလဒ္ေတြကိုသိရၿပီး ကြၽန္ေတာ္တို႔ အေျခအေနကို ထိန္းသိမ္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္၊ ဒါေပမဲ့ အခုကေတာ့ ဗိုင္းရပ္စ္ကူးစက္မႈက ျမင့္တက္ေနပါတယ္” လို႔ Yurianto က ေျပာပါတယ္။

အင္ဒိုမွာ ပုဂၢလိကေဆး႐ုံသုံးခုက COVID-19 လူနာေတြကို ကုသမႈေနရာအျဖစ္ ျပင္ဆင္ေပးထားေၾကာင္းလည္း သိရပါတယ္။ ထိုပုဂၢလိကေဆး႐ုံေတြအနက္ ႏွစ္ခုဟာ ဂ်ကာတာမွာျဖစ္ၿပီး အျခားတစ္ခုကေတာ့ အေနာက္ဂ်ာဗားမွာျဖစ္တယ္လို႔ ဆိုပါတယ္။ အင္ဒိုနီးရွား အစိုးရက COVID-19 အတြက္ အျမန္စစ္ေဆးတဲ့ ကိရိယာေတြကို အသုံးျပဳရန္ စဥ္းစားေနေၾကာင္းနဲ႔ လက္ရွိမွာ ပုဂၢလိက ကုမၸဏီေတြရဲ႕ ဓာတ္ခြဲခန္းေတြကို ဗိုင္းရပ္စ္စစ္ေဆးရန္ တာဝန္ေပးထားေၾကာင္း Yurianto က သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းက ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါအျဖစ္ သတ္မွတ္ေၾကညာထားတဲ့ COVID-19 ကို တ႐ုတ္အလယ္ပိုင္း ဝူဟန္ၿမိဳ႕မွာ ယမန္ႏွစ္ ဒီဇင္ဘာလကုန္က စတင္ေတြ႕ရွိခဲ့ရတာလည္း ျဖစ္ပါတယ္။ မတ္လ ၁၈ ရက္ မနက္ပိုင္းအထိ စာရင္းေတြအရ ကမာၻတစ္ဝွမ္းမွာ COVID-19 ဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၀၀,၃၄၉ ဦးနဲ႔ ေသဆုံးသူ ၈,၁၆၅ ဦးအထိ ျမင့္တက္လာခဲ့ေၾကာင္း သိရပါတယ္။

Credit:Duwun

 

Unicodeဖြင့်ဖတ်ရန်

 

အင်ဒိုနီးရှားမှာ COVID-19 ကြောင့် တစ်ရက်တည်း လူ ၁၄ ဦး သေဆုံး

 

အင်ဒိုမှာ COVID-19 ကြောင့် တစ်ရက်အတွင်း သေဆုံးမှုနှုန်း အကြီးမားဆုံး မြင့်တက်လာခဲ့တာပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ COVID-19 ရောဂါကြောင့် နောက်ထပ် ၁၄ ဦး ယနေ့ (မတ်လ ၁၈ ရက်) သေဆုံးခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးသူအရေအတွက် စုစုပေါင်း ၁၉ ဦးရှိလာကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယနေ့ သေဆုံးမှုဟာ အင်ဒိုမှာ COVID-19 ရောဂါဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း သေဆုံးမှုနှုန်း အကြီးမားဆုံး မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ “မတ်လ ၁၈ ရက် နေ့လယ် ၁၂ နာရီအထိ သေဆုံးသူအရေအတွက် ၁၉ ဦးပါ” လို့ COVID-19 ကပ်ရောဂါအတွက် အစိုးရပြောခွင့်ရပုဂ္ဂိုလ် Achmad Yurianto က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အင်ဒိုမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေအနက် ၁၂ ဦးဟာ ဂျကာတာမြို့တော်မှာ ဖြစ်ပါတယ်။ ဘာလီ၊ ဘန်တန်၊ အနောက်ဂျာဗား၊ အရှေ့ဂျာဗားနဲ့ မြောက်ပိုင်းဆူမာတြားတို့မှာလည်း တစ်ဦးစီ သေဆုံးခဲ့ပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူ နောက်နှစ်ဦးကတော့ ဂျာဗားအလယ်ပိုင်းမှဖြစ်ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။

မတ်လ ၁၈ ရက် နေ့လယ်ပိုင်းအထိ စာရင်းတွေအရ အင်ဒိုနီးရှားမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၂၇ ဦး စစ်ဆေးအတည်ပြုထားပြီး ၁၁ ဦး ပြန်လည်သက်သာခဲ့တယ်လို့ Yurianto က ဆိုပါတယ်။ အင်ဒိုမှာ ဗိုင်းရပ်စ်ကူးစက်ခံမှုတွေ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း၊ အာဏာပိုင်တွေက ဗိုင်းရပ်စ်သံသယရှိသူတွေနဲ့ ကိုယ်တိုင်းစစ်ဆေးလိုသူတွေကို ရှာဖွေနေကြကြောင်း ၎င်းကပြောပါတယ်။

“အခုအချိန်မှာ ကျွန်တော်တို့က ဗိုင်းရပ်စ်ကူးစက်ခံ လူနာအရေအတွက် မြင့်တက်လာမယ့် အဆင့်ကိုရောက်နေပါတယ်၊ ဧပြီလထဲမှာ ရလဒ်တွေကိုသိရပြီး ကျွန်တော်တို့ အခြေအနေကို ထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်၊ ဒါပေမဲ့ အခုကတော့ ဗိုင်းရပ်စ်ကူးစက်မှုက မြင့်တက်နေပါတယ်” လို့ Yurianto က ပြောပါတယ်။

အင်ဒိုမှာ ပုဂ္ဂလိကဆေးရုံသုံးခုက COVID-19 လူနာတွေကို ကုသမှုနေရာအဖြစ် ပြင်ဆင်ပေးထားကြောင်းလည်း သိရပါတယ်။ ထိုပုဂ္ဂလိကဆေးရုံတွေအနက် နှစ်ခုဟာ ဂျကာတာမှာဖြစ်ပြီး အခြားတစ်ခုကတော့ အနောက်ဂျာဗားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား အစိုးရက COVID-19 အတွက် အမြန်စစ်ဆေးတဲ့ ကိရိယာတွေကို အသုံးပြုရန် စဉ်းစားနေကြောင်းနဲ့ လက်ရှိမှာ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ ဓာတ်ခွဲခန်းတွေကို ဗိုင်းရပ်စ်စစ်ဆေးရန် တာဝန်ပေးထားကြောင်း Yurianto က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၁၈ ရက် မနက်ပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၀,၃၄၉ ဦးနဲ့ သေဆုံးသူ ၈,၁၆၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

Credit:Duwun