Zawgyiျဖင့္ဖတ္ရန္

 

တုပ္ေကြးေဆးကို တ႐ုတ္ႏိုင္ငံရွိ ေဆး႐ုံႏွစ္ခုမွာ စမ္းသပ္ခဲ့ရာ ထိေရာက္မႈရွိခဲ့ပါတယ္။

COVID-19 ေရာဂါဗိုင္းရပ္စ္ ကူးစက္ခံလူနာေတြကို ကုသရာမွာ ဂ်ပန္ႏိုင္ငံထုတ္ တုပ္ေကြးေဆးကို အသုံးျပဳသြားရန္ တရားဝင္ ဆုံးျဖတ္လိုက္တယ္လို႔ တ႐ုတ္အစိုးရကေျပာေၾကာင္း NHK သတင္းမွာ ေဖာ္ျပပါတယ္။

ဂ်ပန္ႏိုင္ငံထုတ္ Favipiravir (Avigan အမည္ျဖင့္လည္း သိထားၾက) တုပ္ေကြးေဆးဟာ COVID-19 ေရာဂါကုသရာမွာ ထိေရာက္မႈရွိတယ္လို႔ တ႐ုတ္ႏိုင္ငံရဲ႕ ဇီဝနည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးဌာနမွ ၫႊန္ၾကားေရးမႉး Zhang Xinmin က ေဘဂ်င္းၿမိဳ႕မွာ အဂၤါေန႔ (မတ္လ ၁၇ ရက္) က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲတစ္ခုအတြင္း ေျပာခဲ့ပါတယ္။

Favipiravir တုပ္ေကြးေဆးကို တ႐ုတ္ႏိုင္ငံရွိ ေဆး႐ုံႏွစ္ခုမွာ စမ္းသပ္ခဲ့ရာ ထိေရာက္မႈရွိခဲ့တယ္လို႔ ၎ကဆိုပါတယ္။ ဝူဟန္ၿမိဳ႕မွာ COVID-19 လူနာ ၂၄၀ နဲ႔ ရွန္ဇန္းၿမိဳ႕မွာ လူနာ ၈၀ ကို အဆိုပါေဆးျဖင့္ စမ္းသပ္ကုသခဲ့ပါတယ္။ ဝူဟန္မွာ စမ္းသပ္ခဲ့မႈအရ Favipiravir တုပ္ေကြးေဆးေပးခဲ့ၿပီးေနာက္ လူနာဟာ ၂ ရက္ေက်ာ္ၾကာခ်ိန္မွာ ကိုယ္အပူခ်ိန္ ပုံမွန္ျပန္ျဖစ္လာခဲ့ေၾကာင္း Zhang Xinmin က ေျပာပါတယ္။

Favipiravir ေဆး မေပးခဲ့တဲ့ လူနာေတြကေတာ့ ကိုယ္အပူခ်ိန္ ပုံမွန္ျပန္ျဖစ္ရန္ ၄ ရက္ေက်ာ္ၾကာခဲ့တယ္လို႔ သိရပါတယ္။ စမ္းသပ္ကုသမႈအရ Favipiravir တုပ္ေကြးေဆးဟာ COVID-19 ေရာဂါျဖစ္ေစတဲ့ SARS-CoV-2 (severe acute respiratory syndrome coronavirus 2) ဗိုင္းရပ္စ္ ကို ထိေရာက္စြာ တိုက္ဖ်က္ႏိုင္တယ္လို႔ ဆိုပါတယ္။

Favipiravir ေဆးျဖင့္ ကုသေပးခဲ့တဲ့ ဗိုင္းရပ္စ္ကူးစက္ခံ လူနာေတြဟာ ပ်မ္းမွ်အားျဖင့္ ၅ ရက္နီးပါးအၾကာမွာ ေခ်ာင္းဆိုးေပ်ာက္သြားၿပီး ထိုေဆးမေပးခဲ့သူေတြကေတာ့ ေခ်ာင္းဆိုးေပ်ာက္ရန္ ၆ ရက္နီးပါး ၾကာျမင့္ေၾကာင္းလည္း Zhang Xinmin က ေျပာပါတယ္။ ဒါ့အျပင္ Favipiravir တုပ္ေကြးေဆးဟာ COVID-19 ေရာဂါဗိုင္းရပ္စ္ ကူးစက္ခံလူနာေတြအတြက္ ေဘးထြက္ဆိုးက်ိဳးလည္း မရွိဘူးလို႔ ၎က ျဖည့္စြက္ေျပာခဲ့ပါတယ္။

ရွန္ဇန္းၿမိဳ႕မွာ စမ္းသပ္ခဲ့ရာမွာေတာ့ ဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း စစ္ေဆးအတည္ျပဳထားသူေတြကို Favipiravir တုပ္ေကြးေဆး ေပးခဲ့ၿပီးေနာက္ ၄ ရက္အၾကာမွာ ဗိုင္းရပ္စ္မရွိေတာ့တာ ေတြ႕ခဲ့ရပါတယ္။ Favipiravir ေဆး မေသာက္တဲ့ ဗိုင္းရပ္စ္ကူးစက္ခံ လူနာေတြမွာေတာ့ ဗိုင္းရပ္စ္မရွိေတာ့ရန္ ၁၁ ရက္ၾကာေၾကာင္း သိရပါတယ္။

ဓာတ္မွန္႐ိုက္စစ္ေဆးမႈအရလည္း Avigan တုပ္ေကြးေဆးျဖင့္ ကုသေပးခဲ့တဲ့ လူနာအေရအတြက္ရဲ႕ ၉၁ ရာခိုင္ႏႈန္းမွာ အဆုတ္အေျခအေန တိုးတက္ေကာင္မြန္လာမႈမ်ား ေတြ႕ခဲ့ရေၾကာင္း အတည္ျပဳထားပါတယ္။ ထိုေဆးျဖင့္ ကုသခဲ့ျခင္းမရွိတဲ့ လူနာေတြမွာေတာ့ ၆၂ ရာခိုင္ႏႈန္းသာ အဆုတ္အေျခအ‌ေန တိုးတက္မႈကိုေတြ႕ရွိထားပါတယ္။

Favipiravir သို႔မဟုတ္ Avigan တုပ္ေကြးေဆးကို Fujifilm Toyama Chemical က ၂၀၁၄ ခုႏွစ္မွာ စတင္ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္က ဂီနီႏိုင္ငံမွာ အီဘိုလာေရာဂါ ကူးစက္ျဖစ္ပြားခဲ့စဥ္ ဂ်ပန္အစိုးရက Avigan ေဆးမ်ားကို အေရးေပၚ အကူအညီအျဖစ္ ေပးပို႔ခဲ့ဖူးေၾကာင္းလည္း သိရပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းက ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါအျဖစ္ သတ္မွတ္ေၾကညာထားတဲ့ COVID-19 ကို တ႐ုတ္အလယ္ပိုင္း ဝူဟန္ၿမိဳ႕မွာ ယမန္ႏွစ္ ဒီဇင္ဘာလကုန္က စတင္ေတြ႕ရွိခဲ့ရတာလည္း ျဖစ္ပါတယ္။ မတ္လ ၁၉ ရက္ မနက္အေစာပိုင္းအထိ စာရင္းေတြအရ ကမာၻတစ္ဝွမ္းမွာ COVID-19 ဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၀၈,၇၆၀ ဦးနဲ႔ ေသဆုံးသူ ၈,၇၄၃ ဦးအထိ ျမင့္တက္လာခဲ့ေၾကာင္း သိရပါတယ္။

Credit:Duwun

 

Unicodeဖြင့်ဖတ်ရန်

 

တရုတ်က COVID-19 ကုသရန် ဂျပန်နိုင်ငံထုတ် တုပ်ကွေးဆေးကို အသုံးပြုမည်ဟုဆို

 

တုပ်ကွေးဆေးကို တရုတ်နိုင်ငံရှိ ဆေးရုံနှစ်ခုမှာ စမ်းသပ်ခဲ့ရာ ထိရောက်မှုရှိခဲ့ပါတယ်။

COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံလူနာတွေကို ကုသရာမှာ ဂျပန်နိုင်ငံထုတ် တုပ်ကွေးဆေးကို အသုံးပြုသွားရန် တရားဝင် ဆုံးဖြတ်လိုက်တယ်လို့ တရုတ်အစိုးရကပြောကြောင်း NHK သတင်းမှာ ဖော်ပြပါတယ်။

ဂျပန်နိုင်ငံထုတ် Favipiravir (Avigan အမည်ဖြင့်လည်း သိထားကြ) တုပ်ကွေးဆေးဟာ COVID-19 ရောဂါကုသရာမှာ ထိရောက်မှုရှိတယ်လို့ တရုတ်နိုင်ငံရဲ့ ဇီဝနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူး Zhang Xinmin က ဘေဂျင်းမြို့မှာ အင်္ဂါနေ့ (မတ်လ ၁၇ ရက်) က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောခဲ့ပါတယ်။

Favipiravir တုပ်ကွေးဆေးကို တရုတ်နိုင်ငံရှိ ဆေးရုံနှစ်ခုမှာ စမ်းသပ်ခဲ့ရာ ထိရောက်မှုရှိခဲ့တယ်လို့ ၎င်းကဆိုပါတယ်။ ဝူဟန်မြို့မှာ COVID-19 လူနာ ၂၄၀ နဲ့ ရှန်ဇန်းမြို့မှာ လူနာ ၈၀ ကို အဆိုပါဆေးဖြင့် စမ်းသပ်ကုသခဲ့ပါတယ်။ ဝူဟန်မှာ စမ်းသပ်ခဲ့မှုအရ Favipiravir တုပ်ကွေးဆေးပေးခဲ့ပြီးနောက် လူနာဟာ ၂ ရက်ကျော်ကြာချိန်မှာ ကိုယ်အပူချိန် ပုံမှန်ပြန်ဖြစ်လာခဲ့ကြောင်း Zhang Xinmin က ပြောပါတယ်။

Favipiravir ဆေး မပေးခဲ့တဲ့ လူနာတွေကတော့ ကိုယ်အပူချိန် ပုံမှန်ပြန်ဖြစ်ရန် ၄ ရက်ကျော်ကြာခဲ့တယ်လို့ သိရပါတယ်။ စမ်းသပ်ကုသမှုအရ Favipiravir တုပ်ကွေးဆေးဟာ COVID-19 ရောဂါဖြစ်စေတဲ့ SARS-CoV-2 (severe acute respiratory syndrome coronavirus 2) ဗိုင်းရပ်စ် ကို ထိရောက်စွာ တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။

Favipiravir ဆေးဖြင့် ကုသပေးခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်ခံ လူနာတွေဟာ ပျမ်းမျှအားဖြင့် ၅ ရက်နီးပါးအကြာမှာ ချောင်းဆိုးပျောက်သွားပြီး ထိုဆေးမပေးခဲ့သူတွေကတော့ ချောင်းဆိုးပျောက်ရန် ၆ ရက်နီးပါး ကြာမြင့်ကြောင်းလည်း Zhang Xinmin က ပြောပါတယ်။ ဒါ့အပြင် Favipiravir တုပ်ကွေးဆေးဟာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံလူနာတွေအတွက် ဘေးထွက်ဆိုးကျိုးလည်း မရှိဘူးလို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။

ရှန်ဇန်းမြို့မှာ စမ်းသပ်ခဲ့ရာမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးအတည်ပြုထားသူတွေကို Favipiravir တုပ်ကွေးဆေး ပေးခဲ့ပြီးနောက် ၄ ရက်အကြာမှာ ဗိုင်းရပ်စ်မရှိတော့တာ တွေ့ခဲ့ရပါတယ်။ Favipiravir ဆေး မသောက်တဲ့ ဗိုင်းရပ်စ်ကူးစက်ခံ လူနာတွေမှာတော့ ဗိုင်းရပ်စ်မရှိတော့ရန် ၁၁ ရက်ကြာကြောင်း သိရပါတယ်။

ဓာတ်မှန်ရိုက်စစ်ဆေးမှုအရလည်း Avigan တုပ်ကွေးဆေးဖြင့် ကုသပေးခဲ့တဲ့ လူနာအရေအတွက်ရဲ့ ၉၁ ရာခိုင်နှုန်းမှာ အဆုတ်အခြေအနေ တိုးတက်ကောင်မွန်လာမှုများ တွေ့ခဲ့ရကြောင်း အတည်ပြုထားပါတယ်။ ထိုဆေးဖြင့် ကုသခဲ့ခြင်းမရှိတဲ့ လူနာတွေမှာတော့ ၆၂ ရာခိုင်နှုန်းသာ အဆုတ်အခြေအ‌နေ တိုးတက်မှုကိုတွေ့ရှိထားပါတယ်။

Favipiravir သို့မဟုတ် Avigan တုပ်ကွေးဆေးကို Fujifilm Toyama Chemical က ၂၀၁၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ဂီနီနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားခဲ့စဉ် ဂျပန်အစိုးရက Avigan ဆေးများကို အရေးပေါ် အကူအညီအဖြစ် ပေးပို့ခဲ့ဖူးကြောင်းလည်း သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၁၉ ရက် မနက်အစောပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၈,၇၆၀ ဦးနဲ့ သေဆုံးသူ ၈,၇၄၃ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

Credit:Duwun