Zawgyiျဖင့္ဖတ္ရန္

 

လက္ရွိအခ်ိန္အထိ ကမာၻ႔ႏိုင္ငံမ်ားအနက္ တစ္ရက္အတြင္း ေသဆုံးမႈအမ်ားဆုံးလည္း ျဖစ္လာပါတယ္။

အီတလီမွာ မတ္လ ၁၈ ရက္ေန႔က COVID-19 ဗိုင္းရပ္စ္ေၾကာင့္ ေနာက္ထပ္ ေသဆုံးသူ ၄၇၅ ဦးရွိခဲ့ၿပီး ယမန္ႏွစ္ ႏွစ္ကုန္ပိုင္း တ႐ုတ္မွာ ဗိုင္းရပ္စ္ စတင္ေတြ႕ရွိခဲ့စဥ္ကတည္းက လက္ရွိအခ်ိန္အထိ ကမာၻ႔ႏိုင္ငံမ်ားအနက္ တစ္ရက္အတြင္း ေသဆုံးမႈအမ်ားဆုံးလည္း ျဖစ္လာပါတယ္။

ယေန႔ (မတ္လ ၁၉ ရက္) မနက္အေစာပိုင္းအထိ အီတလီမွာ ဗိုင္းရပ္စ္ကူးစက္ခံရသူ ၃၅,၇၁၃ ဦးနဲ႔ ေသဆုံးသူ ၂,၉၇၈ ဦးအထိ ျမင့္တက္လာခဲ့ပါတယ္။ အီတလီမွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈဟာ တ႐ုတ္ျပည္မႀကီးျပင္ပမွာ ေသဆုံးမႈအားလုံးရဲ႕ ထက္ဝက္ေက်ာ္ျဖစ္ပါတယ္။ ယခင္က အီတလီမွာ တစ္ရက္အတြင္း ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူအမ်ားဆုံးအျဖစ္ တနဂၤေႏြေန႔ (မတ္လ ၁၅ ရက္) က ၃၆၈ ဦး ေသဆုံးခဲ့ပါတယ္။

လူဦးေရ သန္း ၆၀ ရွိတဲ့ အီတလီမွာ COVID-19 ေၾကာင့္ ေသဆုံးမႈဟာ ကမာၻတစ္ဝွမ္း ေသဆုံးမႈေတြရဲ႕ ၃၄.၂ ရာခိုင္ႏႈန္းအထိ ရွိလာခဲ့ပါတယ္။ မတ္လ ၁၉ ရက္ မနက္အေစာပိုင္းအထိ စာရင္းေတြအရ ကမာၻတစ္ဝွမ္းမွာ COVID-19 ဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၀၈,၇၆၃ ဦးနဲ႔ ေသဆုံးသူ ၈,၇၄၄ ဦးအထိ ျမင့္တက္ခဲ့ပါတယ္။

လက္ရွိအခ်ိန္အထိ ဗိုင္းရပ္စ္စတင္ေတြ႕ရွိရာ တ႐ုတ္ျပည္မႀကီးမွာ ၃,၂၃၇ ဦး ေသဆုံးခဲ့ပါတယ္။ အီတလီမွာ တစ္ႏိုင္ငံလုံးကို အသြားအလာမ်ား ပိတ္ပင္ကန႔္သတ္ခဲ့တာ ဒုတိယပတ္အတြင္း ေရာက္ရွိလာၿပီျဖစ္ေပမဲ့ ဗိုင္းရပ္ကူးစက္မႈနဲ႔ ေသဆုံးမႈေတြ တစ္ဟုန္ထိုး ျမင့္တက္ေနဆဲ ျဖစ္ပါတယ္။ အာဏာပိုင္ေတြကေတာ့ အီတလီႏိုင္ငံသားေတြကို ယုံၾကည္မႈရွိရန္နဲ႔ အားတင္းထားၾကရန္ တိုက္တြန္းခဲ့ပါတယ္။

“အေရးအႀကီးဆုံးက အရႈံးမေပးဖို႔ပါပဲ၊ ဗိုင္းရပ္စ္ထိန္းခ်ဳပ္ေရး စီမံေဆာင္႐ြက္မႈေတြရဲ႕ အက်ိဳးရွိမႈကို ေတြ႕ရဖို႔က ရက္အနည္းငယ္ ၾကာပါလိမ့္မယ္” လို႔ Italian National Institute of Health အႀကီးအကဲ Silvio Brusaferro က ေျပာပါတယ္။ အီတလီမွာ မတ္လ ၁၂ ရက္ေန႔က စတင္သက္ေရာက္ခဲ့တဲ့ အသြားအလာ ပိတ္ပတ္ကန႔္သတ္မႈအရ မတ္လ ၂၅ ရက္ေန႔အထိ စီးပြားေရးလုပ္ငန္းအမ်ားစုကို ပိတ္ထားၿပီး အမ်ားျပည္သူ စုေဝးမႈကိုလည္း တားျမစ္ထားပါတယ္။

သို႔ေသာ္ ေက်ာင္းမ်ားပိတ္ထားမႈနဲ႔ အားကစားပြဲေတြမွာ ပရိသတ္ၾကည္ရႈခြင့္ ပိတ္ပင္မႈကဲ့သို႔ ဗိုင္းရပ္စ္ထိန္းခ်ဳပ္ေရး အျခား စီမံေဆာင္႐ြက္ခ်က္ေတြကေတာ့ ဧၿပီ ၃ ရက္ေန႔အထိျဖစ္ေၾကာင္း သိရပါတယ္။ အီတလီမွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈေတြအနက္ သုံးပုံႏွစ္ပုံျဖစ္တဲ့ ၁,၉၅၉ ဦးဟာ မီလန္ၿမိဳ႕ပတ္ဝန္းက်င္ ေျမာက္ပိုင္း Lombardy နယ္ေျမမွာျဖစ္ပါတယ္။ ဘိုေလာ့ဂ္နာၿမိဳ႕ရဲ႕ Emilia-Romagna နယ္ေျမမွာ ၄၅၈ ဦးနဲ႔ တူရင္ၿမိဳ႕ရဲ႕ Piedmont နယ္ေျမမွာ ၁၅၄ ဦး ေသဆုံးခဲ့ပါတယ္။ ေရာၿမိဳ႕ရဲ႕ လာဇီယိုနယ္ေျမမွာလည္း ဗိုင္းရပ္စ္ကူးစက္ခံရသူ ၇၂၄ ဦးရွိၿပီး ၃၂ ဦး ေသဆုံးခဲ့ေၾကာင္း AFP သတင္းမွာ ေဖာ္ျပထားပါတယ္။

Credit:Duwun

 

Unicodeဖြင့်ဖတ်ရန်

 

အီတလီမှာ COVID-19 ကြောင့် သေဆုံးသူ တစ်ရက်အတွင်း ၄၇၅ ဦး ထပ်တိုးလာ

 

လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံများအနက် တစ်ရက်အတွင်း သေဆုံးမှုအများဆုံးလည်း ဖြစ်လာပါတယ်။

အီတလီမှာ မတ်လ ၁၈ ရက်နေ့က COVID-19 ဗိုင်းရပ်စ်ကြောင့် နောက်ထပ် သေဆုံးသူ ၄၇၅ ဦးရှိခဲ့ပြီး ယမန်နှစ် နှစ်ကုန်ပိုင်း တရုတ်မှာ ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့စဉ်ကတည်းက လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံများအနက် တစ်ရက်အတွင်း သေဆုံးမှုအများဆုံးလည်း ဖြစ်လာပါတယ်။

ယနေ့ (မတ်လ ၁၉ ရက်) မနက်အစောပိုင်းအထိ အီတလီမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၅,၇၁၃ ဦးနဲ့ သေဆုံးသူ ၂,၉၇၈ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ အီတလီမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုဟာ တရုတ်ပြည်မကြီးပြင်ပမှာ သေဆုံးမှုအားလုံးရဲ့ ထက်ဝက်ကျော်ဖြစ်ပါတယ်။ ယခင်က အီတလီမှာ တစ်ရက်အတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံးအဖြစ် တနင်္ဂနွေနေ့ (မတ်လ ၁၅ ရက်) က ၃၆၈ ဦး သေဆုံးခဲ့ပါတယ်။

လူဦးရေ သန်း ၆၀ ရှိတဲ့ အီတလီမှာ COVID-19 ကြောင့် သေဆုံးမှုဟာ ကမ္ဘာတစ်ဝှမ်း သေဆုံးမှုတွေရဲ့ ၃၄.၂ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။ မတ်လ ၁၉ ရက် မနက်အစောပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၈,၇၆၃ ဦးနဲ့ သေဆုံးသူ ၈,၇၄၄ ဦးအထိ မြင့်တက်ခဲ့ပါတယ်။

လက်ရှိအချိန်အထိ ဗိုင်းရပ်စ်စတင်တွေ့ရှိရာ တရုတ်ပြည်မကြီးမှာ ၃,၂၃၇ ဦး သေဆုံးခဲ့ပါတယ်။ အီတလီမှာ တစ်နိုင်ငံလုံးကို အသွားအလာများ ပိတ်ပင်ကန့်သတ်ခဲ့တာ ဒုတိယပတ်အတွင်း ရောက်ရှိလာပြီဖြစ်ပေမဲ့ ဗိုင်းရပ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ တစ်ဟုန်ထိုး မြင့်တက်နေဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေကတော့ အီတလီနိုင်ငံသားတွေကို ယုံကြည်မှုရှိရန်နဲ့ အားတင်းထားကြရန် တိုက်တွန်းခဲ့ပါတယ်။

“အရေးအကြီးဆုံးက အရှုံးမပေးဖို့ပါပဲ၊ ဗိုင်းရပ်စ်ထိန်းချုပ်ရေး စီမံဆောင်ရွက်မှုတွေရဲ့ အကျိုးရှိမှုကို တွေ့ရဖို့က ရက်အနည်းငယ် ကြာပါလိမ့်မယ်” လို့ Italian National Institute of Health အကြီးအကဲ Silvio Brusaferro က ပြောပါတယ်။ အီတလီမှာ မတ်လ ၁၂ ရက်နေ့က စတင်သက်ရောက်ခဲ့တဲ့ အသွားအလာ ပိတ်ပတ်ကန့်သတ်မှုအရ မတ်လ ၂၅ ရက်နေ့အထိ စီးပွားရေးလုပ်ငန်းအများစုကို ပိတ်ထားပြီး အများပြည်သူ စုဝေးမှုကိုလည်း တားမြစ်ထားပါတယ်။

သို့သော် ကျောင်းများပိတ်ထားမှုနဲ့ အားကစားပွဲတွေမှာ ပရိသတ်ကြည်ရှုခွင့် ပိတ်ပင်မှုကဲ့သို့ ဗိုင်းရပ်စ်ထိန်းချုပ်ရေး အခြား စီမံဆောင်ရွက်ချက်တွေကတော့ ဧပြီ ၃ ရက်နေ့အထိဖြစ်ကြောင်း သိရပါတယ်။ အီတလီမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေအနက် သုံးပုံနှစ်ပုံဖြစ်တဲ့ ၁,၉၅၉ ဦးဟာ မီလန်မြို့ပတ်ဝန်းကျင် မြောက်ပိုင်း Lombardy နယ်မြေမှာဖြစ်ပါတယ်။ ဘိုလော့ဂ်နာမြို့ရဲ့ Emilia-Romagna နယ်မြေမှာ ၄၅၈ ဦးနဲ့ တူရင်မြို့ရဲ့ Piedmont နယ်မြေမှာ ၁၅၄ ဦး သေဆုံးခဲ့ပါတယ်။ ရောမြို့ရဲ့ လာဇီယိုနယ်မြေမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၂၄ ဦးရှိပြီး ၃၂ ဦး သေဆုံးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

Credit:Duwun