Zawgyiဖြင့်ဖတ်ရန်

 





Credit :DVB

 

Unicodeဖြင့်ဖတ်ရန်

 

အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်မှု အရှိန်မြှင့်ရန် WHO သတိပေး

 

အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု လျင်မြန်နေတဲ့အတွက် သတိအပြည့်ထားကြဖို့ လိုတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

“အခြအနေက လျင်မြန်စွာ ပြန့်နေတာပါ။ နောက်ထပ်လူများများကို ထပ်ကူးမယ့် အဖြစ်ကို တားမြစ်ဖို့ အားထုတ်ချက်အားလုံးကို ချက်ချင်းအရှိန်မြှင့်ဖို့ လိုနေပါတယ်” လို့ WHO ရဲ့ ဒေသဆိုင်ရာဒါရိုက်တာ ဒေါက်တာ ပူနမ်ခီထရပ်ပယ်ဆင်းက ပြောပါတယ်။

အရှေ့တောင်နဲ့ တောင်အာရှနိုင်ငံပေါင်း ၁၁ နိုင်ငံမှာ အခုအခါ ၈ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိကြောင်း အတည်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။

ဗိုင်းရပ်စ် တွေ့ရှိသူအများဆုံး နိုင်ငံကတော့ ထိုင်းဖြစ်ပြီး ၁၇၇ ဦး၊ အင်ဒိုနီးရှား ၁၃၄ ဦး၊ အိန္ဒိယ ၁၂၅ ဦး၊ သီရိလင်္ကာ ၁၉ ဦး၊ မော်လ်ဒိုက်စ် ၁၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ၅ ဦး၊ နီပေါနဲ့ ဘူတန်တို့ တဦးစီ ဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်

Credit :DVB