Zawgyiဖြင့်ဖတ်ရန်

 






 

Unicodeဖြင့်ဖတ်ရန်

 

Bသွေးတွေက ဆူတာ ဟောက်တာ သွားမလုပ်နဲ့ အသေတင်းတာ

 

Bသွေးတွေက ဆူတာ ဟောက်တာ သွားမလုပ်နဲ့ အသေတင်းတာ Bသွေးတွေက ဒေါသထွက်လာရင် အသားတွေ တစပ်စပ်တုန် ပြီး ဘီလူးတွေထက်ကြောက်စရာကောင်းတယ် Bသွေးလေးတွေ စိတ်ညစ်ရင် ဖုန်းတလုံးရယ် သီချင်းလေးတွေရယ် ရှိရင် okတယ် အခန်းထဲလှိပ့်အိပ်နေနေတာ Bသွေးလား အစွဲအလန်း အသေကြီးတယ် ဒေါသလဲ အရမ်းကြီးတယ် မဟုတ်မခံစိတ် ရှုးရှုးဒိုင်းဒိုင်း ဒေါသပြေမှ ငါပြောတာ လွန်သွားလား ဆိုပြီး အားနာတဲ့အမျိုး Bသွေးတွေများ အရမ်းသနားတတ်တယ် သနားအောင်သွားမပြောနဲ့ သူတို့နဲ့ထပ်တူ ခံစားပြီး ဝမ်းနည်းနေရော

သူ့တို့အားနည်းချက်က မျက်နှာကျောတင်းတယ် စကားပြောရင့်တယ်ထင်ရပေမဲ့ တကယ်ပေါင်းကြည့် ငပေါလေးတွေဆိုတာ ခင်တဲ့လူတွေပဲ သိတယ် သူတို့မှာ သူငယ်ချင်း များများ စားစားလဲမရှိဘူး သူငယ်ချင်းရှားတယ် ရှိတဲ့သူငယ်ချင်းအပေါ်လဲ အနစ်နာခံ ပေါင်းတယ် Bသွေးလေးတွေကအချစ်လဲ ခံချင်ကြတယ် ခလေးလေးတွေလို သူတို့ကို ဂရုစိုက်ရင် သိပ်ပျော်တာ အချစ်ကြီးတဲ့Bသွေးနား တော်ရုံသူမကပ်နိုင်ကြဘူး သူတို့က အရစ်ကြမ်းတယ် ဂျပန်မူလီတောင်အရူံးပေးရမယ်

သူတို့တွေ ချစ်မိပြီးတဲ့လူက သူတို့အပေါ်ရက်စက်နေရင်တောင် နည်းလမ်းပေါင်းစုံနဲ့ နားလည်ခွင့်လွှတ်ပြီး ချစ်တတ်သလို သူတို့ စိတ်ပျက်သွားတဲ့ လူဟာလဲ ဘယ်လောက် ရင်းနှီးပြီး အသက်မကချစ်နေပါစေ ဘယ်တုန်းကမှ မသိခဲ့တဲ့လူတွေလို လုပ်ပြစ်ပြီး ပျက်သားလွန်းကြတယ် သတိထားပါ Bသွေးတွေက စာနာတတ်တယ် ကူညီတတ်တယ် စိတ်ထားလေးလည်လှတယ်

သူတို့လေးတွေက စိတ်ကူးယဉ် အတွေးလေးတွေနဲ့ ပျော်မွေ့တတ်ပြီး စာရေး သီးချင်းဆို ကခုန်တာတွေကို ဝါသနာ ပါကြတာများတယ် အများစုက ကမ်းခြေ သွားရတာနှစ်သက်တယ် သူတို့ကို သွားမပြိုင်နဲ့ သင်ပဲ မောသွားမယ် သင့်ကို ဖုတ်လေတဲ့ ငပိရှိတဲ့လို့တောင်ထင်မှာမဟုတ်ဘူး သူတို့က စိတ်ထဲရှိသလို နေတာများကြတယ် ဘယ်သူ့ကိုမှ မနာလိုစိတ်မရှိသလို ဘယ်သူ့ကိုမှမလဲ မပြိုင်ဆိုင်တတ်ကြဘူး အေးအေးဆေးဆေးနေတတ်ကြတယ်

Credit :မြင့်ဦးရွာကြီး