Zawgyiျဖင့္ဖတ္ရန္

 

က်ိိဳက္ကေလာ့ဘုရားေပၚက ထူးဆန္္းေသာျဖစ္ရပ္နဲ႕ ဘုရင့္ေနာင္မင္းမိိဖုးရာယိုးဒယားမင္းသမီး

ရန္ကုန္ျပည္လမ္္း မဂၤၤလာဒံုၿမို႕နယ္ ေပါက္ကုန္းရပ္ကြက္္(ဝါယာလက္ေစ်း)အနီးရွိ ေရွးေဟာင္းသမိုင္းဝင္ က်ိဳက္ကေလာ့ေစတီေတာ္ျမတ္ႀကီးကို အိမ္နဲ႕နီးေသာ္လည္း သိပ္မေရာက္ျဖစ္ပါ။

အခါႀကီးရက္ႀကီးေလာက္သာ ေရာက္ရွိဖူးေမ်ွာ္ျဖစ္ပါတယ္။ ထိုိကဲ႕သို႕ရက္မ်ားတြင္ ပ်ားပန္းခတ္မ်ွလူစည္ကားသလို အထူးသျဖင့္ ဘာေျကာင့္မွန္းမသိ ရုပ္ရွွင္ေလာက မင္းသမီးအမ်ားစုက ဒီဘုရားမွာဆြမ္းကပ္ျခင္း အလွဴ ဒါနျပဳျခင္း အမ်ားျပည္သူဘုရားဖူးလာသူမ်ားကိုိ

ပ့ံသကူဝတၱဳ ပစၥည္းေပးေဝလွဴဒါန္းျခင္းမ်ားကိုအခါႀကီးရက္ႀကီးမ်ားတြင္ျပဳလုပ္ေလ့ရွိပါသည္။

ဒီေန႕ေတာ့ ျကားရက္ျဖစ္သျဖင့္ ဘုရားေပၚတြင္လူသူရွင္းေနပါတယ္။ ဘုရားတစ္ပါတ္လွည့္ေသာအခါ က်ေနာ္ အရင္ကျမင္္ေနက်မဟုတ္ေသာ နတ္နန္းတစ္ခုက အမည္ေျပာင္းလဲေနသည္ကိုေတြ႕လိုိက္ရပါတယ္။

ထိုိနတ္နန္းမူလအမည္မွာ

“ယိုးဒယားမင္းသမီး အမ်ိဳးရံုမိဖုရားနတ္နန္း” ပါ ။ ယခုေျပာင္းလဲထားေသာအမည္က”ယိုးဒယားမင္းသမီး ဆုပန္ကလ်ာ နတ္နန္း” တဲ႕

ႏွစ္ေပါင္္းသံုးေလးရာ ေခၚဆိုိလာခဲ႕တဲ႕ အမည္တစ္ခုဆိုတာထက္ ဒုတိိယျပည္ေထာင္မင္းႀကီး ဘုရင့္ေနာင္ေက်ာ္ထင္ေနာ္ရထာရဲ႕ မိဖုရားယိုးဒယားမင္းသမီး (ယိုးဒယားဘုရင္ ျဗနရဇ္ရဲ႕ႏွမေတာ္မင္းသမီး)နာမည္က အမ်ိဳးရံုမင္းသမီးဆိုတာ မွန္နန္းရာဇဝင္ေတာ္တို႕

တြင္းသင္းရာဇဝင္သစ္တို႕မွာအေထာက္အထားမွန္ေျကာင္းပါရွိပါရက္နဲ႕ ဘာေျကာင့္ အလြယ္တကူ ၿဗံဳးစားႀကီးေျပာင္းပစ္ျကတာလဲမသိ။စိတ္ထဲဝယ္သိပ္မေက်နပ္ပါ။

သိခ်င္စူးစမ္းခ်င္စိိတ္နဲ႕အတူ က်ေနာ္ဘုရားေဂါပကအဖြဲ႕ဝင္ေတြကိုလွည့္ပါတ္ေမး ဒုကၡေပးေတာ့တာပါဘဲ။

နိိဒါန္းဇတ္လမ္းျပန္အစေဖၚရလ်င္္

ဒီဘုရားမွာ “အမ်ိဳးရံုမိဖုရားနတ္နန္း”မရွိခင္အခ်ိိန္လြန္ခဲ႕တဲ႕ ႏွစ္ေပါင္း ႏွစ္ဆယ္ေက်ာ္အခ်ိန္က ယိုးဒယားဘုရားဖူးအဖြဲ႕ေတြ ဒီက်ိဳက္ကေလာ့ဘုရားကိုိ အဖြဲ႕လိုက္ေတြ မျကာခဏလာျကပါတယ္။

ယိုးဒယားထံုးစံံ ပန္းမ်ားျကာပြင့္မ်ား ဆြြမ္းအုပ္မ်ား ပန္းအလွအလွဴ မ်ား ဆီမီးနံ႕သာမ်ားနဲ႕ ဘုရားကိုအရင္ပူေဇာ္ၿပီး ရင္ျပင္ေတာ္ တနဂၤေႏြေထာင့္ကြက္လပ္ေညာင္ပင္ေအာက္မွာ ပူေဇာ္ပြဲေတြျပင္ဆင္ၿပီး ပူေဇာ္ပြဲ လုပ္ျကပါတယ္။

ယိုးဒယားမင္းသမီး အရိုးအိုးေတြ႕ရွိိရာတြင္တည္ထားေသာ ထီးေတာ္ေစတီီ

ဒီလိုိ မျကာခဏလုပ္တာမ်ားလာေတာ့ ဘုရားလူႀကီးေတြလဲ သို႕ေလာ သို႕ေလာ သိျခင္စိတ္မ်ားလာပါတယ္။ေပါက္ကုန္းရပ္ကြက္ထဲက ယိုးဒယားဘာသာစကားတတ္တဲ႕သူတစ္ေယာက္အဆင္သင့္ရွာထားၿပီး

ယိုးဒယားဘုရားဖူးအဖြဲ႕ေနာက္တစ္ဖြဲ႕လာေတာ့ ဘာသာျပန္အကူအညီနဲ႕ ေမးျမန္းသိရွိရတာကေတာ့ ထူးဆန္းအ့ံၾသဖြယ္ရာအျဖစ္အပ်က္ကိုသိိရွိရပါေတာ့တယ္။

ယိုးဒယားမွာက်န္ရွိိေနတဲ႕ ဘုရင့္ေနာင္မင္းမိဖုရား အမ်ိးရံုရဲ႕ေဆြေတာ္မ်ိဳးေတာ္အဆက္အႏြယ္ေတြကို မိိဖုရားအမ်ိဳးရံုက နတ္ပူးေျပာတယ္ဆိုပါေတာ့ဗ်ာ။

ယိုးဒယားမင္းသမီးအရိုးအိုး(လူႀကီးမရွိ၍ ဓါတ္ပံုကိုိျပန္ရိုက္ခဲ႕ပါသည္)

သူ႕ရဲ႕အေခါင္းနဲ႕အရိုးအိုးကိုိ ဒီက်ိဳက္ကေလာ့ဘုရား ရင္ျပင္ေတာ္တနဂၤေႏြေထာင့္မွာ ဘုရင့္ေနာင္မင္းအမိိန္႕နဲ႕ ျမဳတ္ႏွံထားပါသတဲ႕။ ေဆြေတာ္မ်ိဳးေတာ္ေတြ လာေရာက္ၿပီးဘုရားပူေဇာ္ၿပီး သူ႕ကိုတနဂၤေႏြေထာင့္ရင္ျပင္မွာ ပူေဇာ္ပြဲလုပ္ေပးပါလို႕ေျပာသတဲ႕။

အႏုပညာလုပ္ငန္းလုပ္ကိုင္သူေတြ သူ႕အဆက္အႏြယ္ထဲမွာရုပ္ရွင္မင္းသမီးမ်ားေတာ့ ေအာင္ျမင္ေအာင္ သူလုပ္ေပးနိုိင္ေျကာင္း မစေပးနိုင္ေျကာင္းေျပာသတဲ႕။

ဒါေျကာင့္္ သူ႕အဆက္အႏြယ္အမ်ိဳးေတြက လာေရာက္ပူေဇာ္ရျခင္းျဖစ္သလို ဒီအေျကာင္းသိတဲ႕ ျမန္မာ ရုပ္ရွင္မင္းသမီးေတြလဲလာေရာက္ပူေဇာ္ျခင္းျဖစ္ေျကာင္း စကားျပန္မွတဆင့္သိိရပါတယ္။

အခုလာတဲ႕အဖြဲ႕က လာေရာက္တာသံုးႏွစ္ရွိပါၿပီတဲ႕။သူတို႕က မင္းသမီးအမ်ိဳးရံု ဝိိညာဥ္ကို ထိုင္းနိုင္ငံသို႕ျပန္ေခၚေနတာ သံုးႏွစ္ သံုးခါရွိေပမဲ႕ မင္းသမီးက ျပန္မလိုိက္လိုပါဘူးတဲ႕။

သူ႕အေပၚ ေစတနာေမတၱာႀကီးမား ျကင္နာသနားေသာ ေမာင္ေတာ္ဘုရင့္ေနာင္အပိုိင္စားေပးထားေသာေနရာ ေမာင္ေတာ္ရဲ႕တိုိင္းနိုင္ငံမွာဘဲ ဆက္လက္ေနထိုင္လိုေျကာင္း ေနာက္ထပ္မေခၚဘို႕ ကတိေတာင္းေျကာင္း ေျပာတဲ႕အတြက္ ထိုထိုင္းအႏြယ္အဖြဲ႕ ငိုယိုၿပီးဝမ္းနည္းပက္လက္နဲ႕ျပန္သြားပါတယ္။

သူတိုိ႕ေျပာတဲ႕ ရင္ျပင္တနဂၤေႏြေထာင့္မွာ အေခါင္းနဲ႕အရိုးအိုးရွိိတယ္ဆိုတာကိုလဲ ဘုရားေဂါပကအဖြဲ႕က သိပ္အေလးမထား အမႈမဲ႕ အမွတ္မဲ႕ ေမ့ေမ့ေပ်ာက္ေပ်ာက္ထားခဲ႕ျကပါတယ္။

၁၉၉၉ ခုႏွစ္အေရာက္မွာသက္တမ္းႏွွစ္တစ္ရာေက်ာ္လို႕ ပ်က္စီးယိုယြင္းေနတဲ႕ က်ိဳက္ကေလာ့ဘုရားထီးေတာ္ႀကီးကို နိုင္ငံေတာ္အဆင့္နဲ႕ အသစ္လဲလွယ္ ထီးတင္ပြဲႀကီးျပဳလုပ္ခဲ႕ပါတယ္။

မူလထီးေတာ္အေဟာင္းႀကီးထားဖိုိ႕ေနရာကိုစဥ္းစားတဲ႕အခါ တနဂၤေႏြေထာင့္က က်ယ္လဲက်ယ္တယ္္ ထီးေတာ္အေဟာင္းကိုကြန္ကရစ္နဲ႕ငံုၿပီးဘုရားတည္ရင္ေကာင္းမယ္လို႕ အမ်ားသေဘာတူဆံုးျဖတ္ျကၿပီး ေဖာင္ေဒးရွင္းတူးတဲ႕အခါ အလုပ္သမားေတြက

“ဆရာတို႕ ဒီမွာ အေခါင္းႀကီးတစ္ခု တူးမိလိုိ႕ဗ် ဘုန္းႀကီးအေခါင္းလား လူအေခါင္းလားမသိဘူး လာျကည့္ျကပါအံုး”

ဒီီေတာ့မွ အံ႕ၾသဘနမ္းအားလံုးသြားေရာက္ျကည့္ရႈ႕ၿပီး ယိုးဒယားဘုရားဖူးအဖြဲ႕ရဲ႕စကားကိုိအမွတ္ရကာ

“ေဟ့ ေဟ့ ေျဖးေျဖးတူးျကပါ ေနာက္ထပ္္ အရိုးအိုးတစ္ခုေတြ႕လိိမ့္မယ္ မပ်က္စီးေအာင္တူးျကပါ သတိထားျက”လို႕မွာျကားရင္းေစါင့္ျကည့္တဲ႕အခါ

မျကာပါဘူး ပံုထဲကအတိုိင္းဘုရင့္ေနာင္မင္းမိဖုရား ယိုးဒယားမင္းသမီးအမ်ိဳးရံုရဲ႕ ေက်ာက္စီေရႊခ်အရိုးအိုးကို အေကာင္းအတိုင္းေတြ႕ရွိၿပီး အထဲမွာအရိုးစေတြ ေတြ႕ရွိရပါေတာ့တယ္။

ဘယ္လိုလုပ္လို႕ ဘယ္ထားရမလဲ မသိေတာ့ ေဂါပကရံုးထဲမွန္ဘီရိုထဲမွာ ယေန႕အထိ ထိန္းသိမ္းထည့္ထားလိုက္ပါတယ္။

အဲ႕ဒီေန႕မွာဘဲ အင္းစိိန္ကအမ်ိဳးသမီးတစ္ေယာက္က မက်ြတ္မလြတ္ေသးတဲ႕သူေတြအမ်ွအတန္းေဝအလွဴ လုပ္ေပးခ်င္တယ္ ေနာက္ဆိုင္ရာပိုင္ရာေတြကိုနတ္ကနားေပး ခ်င္တယ္ဆိုတာနဲ႕ ဘုရားေဂါပကရံုးရင္ျပင္ေအာက္မွာလုပ္ခြင့္ေပးလိုက္ပါတယ္။

နတ္ကနားေပးတဲ႕အခ်ိန္ နတ္ကေတာ္ကို ဘာသာျခားစကားေျပာတဲ႕ ဝိညာဥ္တစ္ခု ပူးေနတယ္ ဘုရားလူႀကီးနဲ႕ေတြ႕ျခင္ေျကာင္း ေျခဟန္လက္ဟန္ နဲ႕ေျပာေနတယ္ဆိုလို႕ ျကည့္လိုက္ေတာ့ ယိုဒယားစကားမွန္းအေတြ႕အႀကံဳ အရသိေနေတာ့ ဆိုက္ကယ္နဲ႕ ဘာသာျပန္ကိုေျပးေခၚေမးလိုက္ေတာ့။

ဘုရင့္ေနာင္မင္းရဲ႕ယိုဒယားမိဖုရားအမ်ိဳးရံုျဖစ္္ေျကာင္း ဒီဘုရားကိုေစါင့္ေရွာက္သာသနာျပဳေနေျကာင္း သူ႕အတြက္္ နတ္နန္းတည္ေပးေစလိုေျကာင္း ယိုဒယားကသူ႕အဆက္အႏြယ္ေတြ နန္းတည္ဖို႕ ေခၚလိုက္ၿပီျဖစ္ေျကာင္း

ဘုရားလူႀကီးမွ ခြင့္ျပဳေပးေစလိုေျကာင္း စကားျပန္မွတစ္ဆင့္ ေျပာျကားသျဖင့္ ဘုရားလူႀကီးမွ ခြင့္ျပဳေပးမည္ျဖစ္ေျကာင္းျပန္ေျပာလိုက္မွ စာထု စာထု စာထု ေခၚထြက္သြားပါတယ္။

ေနာက္မျကာပါဘူး ထိုင္းကအၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီးနဲ႕ ထိုင္းဘိုးေတာ္ဦးေဆာင္တဲ႕အဖြဲ႕ေရာက္လာတယ္။ သူတိုိကစကားျပန္ပါလာတယ္။

ေဂါပကရံုးကိုိလက္ညိွဳးထိုးျပၿပီး မင္းသမီးနဲ႕ေတြ႕ျခင္တယ္ေျပာေတာ့ ဥကၠ႒နဲ႕အတြင္းေရးမွဴးမရွိလို႕ ပိတ္ထားေျကာင္း အထဲမွာ လူမရွိေျကာင္း လံုၿခံဳ ေရးက ေျပာေတာ့ ထိုင္းဘိုးေတာ္က စိတ္ဆိုးမာန္ဆိုးနဲ႕ ေတာင္ေဝွးေဆာင့္ၿပီး

” မင္းငါ့ကိုမလိိမ္နဲ႕ အထဲမွာငါတို႕မင္းသမီးရွိတယ္ ဘီရိုိထဲမွာထည့္ထားတယ္ အခုတံခါးဖြင့္ေပး ေသာ့ဖြင့္ေပးစမ္း”

ဆိုၿပီးေသာင္းက်န္းေတာ့တာပါဘဲ။အင္းစိိန္ကအလွဴရွင္ရယ္ သူတို႕အဖြဲ႕ကဘဲနန္းေဆာက္ၿပီး “ယိုးဒယားမင္းသမီးအမ်ိဳးရံုနတ္နန္း”ဆိုင္္းပုဒ္တပ္သြားပါတယ္။အရိုးစတစ္ခုကို DNA စစ္ရန္ယူေဆာင္သြားပါတယ္။

ျမန္မာျပည္ကိုိဘဲခ်စ္လို႕လား။ ဒါမွမဟုတ္ သူ႕ရဲ႕ခ်စ္လင္ဘုရင့္ေနာင္ကိုိခ်စ္လြန္းလို႕ လင့္မ်က္ႏွာတစ္ရြာထင္္ သံေယာဇဥ္ႀကီးမားလြန္းလို႕လား။လင္ကိုိသခင္အျဖစ္ သစၥာႀကီးမားလြန္းလို႕လား။

မိိမိရဲ႕တိုင္းျပည္က သံုးႏွစ္သံုးမိုးလာေခၚေပမဲ႕ ျပန္မလိုိက္ေတာ့ဘဲရန္ကုုန္ မဂၤလာဒံုၿမိဳ႕နယ္ ေပါက္ကုန္းရပ္ကြက္ ျပည္လမ္းမေပၚက က်ိဳက္ကေလာ့ဘုရားမွာဘဲ ဆက္လက္ေနထိုင္ယံုမက သူ႕ရဲ႕အမည္ရင္း “အမ်ိဳးရံု”ဆိုတာထက္ ဘုရင့္ေနာင္မင္းတရားႀကီးေပးအပ္တဲ႕ ဘြဲ႕အမည္

” ဆုပန္ကလ်ာ မိဖုရား” အမည္ကို ျမတ္နိုးစြာေျပာင္းလဲေပးဖို႕ေတာင္းဆိုခဲ႕တဲ႕ သစၥာႀကီးမားလြန္းတဲ႕ ယိုးဒယားဘုရင္ျဗနရဇ္ရဲ႕ညီမေတာ္ ဘုရင့္ေနာင္မင္းတရားႀကီးနဲ႕ရတဲ႕သမီးေတာ္ ရွင္အေထြးရဲ႕မယ္ေတာ္္

“ယိုးဒယားမင္းသမီး မိဖုရားဆုပန္ကလ်ာ” ရဲ႕ဘဝဇတ္ေျကာင္းကိုေရးမိရင္းဘုရားေပၚမွ တစ္ေယာက္ထဲဆင္းအလာ အမွတ္မထင္ထီးေတာ္ဘုရားနားအေရာက္မွာေတာ့ ျကက္သီးထရင္္း နားထဲမွာျကားလိုက္ရတဲ႕

“စာထု စာထု စာထု”ဆိုိတဲ႕အသံ မပီဝိုးတစ္ဝါးေလးက။

Credit :ျမင့္ဦးရြာႀကီး

 

Unicodeဖြင့်ဖတ်ရန်

 

မြန်မာပြည်ကို သံယောဇဉ်ကြီးလွန်းသော ထိုင်းမင်းသမီးလေး

 

ကျိုက်ကလော့ဘုရားပေါ်က ထူးဆန်းသောဖြစ်ရပ်နဲ့ ဘုရင့်နောင်မင်းမိဖုးရာယိုးဒယားမင်းသမီး

ရန်ကုန်ပြည်လမ်း မင်္ဂၤလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်(ဝါယာလက်ဈေး)အနီးရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလော့စေတီတော်မြတ်ကြီးကို အိမ်နဲ့နီးသော်လည်း သိပ်မရောက်ဖြစ်ပါ။

အခါကြီးရက်ကြီးလောက်သာ ရောက်ရှိဖူးမျှော်ဖြစ်ပါတယ်။ ထိုကဲ့သို့ရက်များတွင် ပျားပန်းခတ်မျှလူစည်ကားသလို အထူးသဖြင့် ဘာကြောင့်မှန်းမသိ ရုပ်ရှင်လောက မင်းသမီးအများစုက ဒီဘုရားမှာဆွမ်းကပ်ခြင်း အလှူ ဒါနပြုခြင်း အများပြည်သူဘုရားဖူးလာသူများကို

ပံ့သကူဝတ္တု ပစ္စည်းပေးဝေလှူဒါန်းခြင်းများကိုအခါကြီးရက်ကြီးများတွင်ပြုလုပ်လေ့ရှိပါသည်။

ဒီနေ့တော့ ကြားရက်ဖြစ်သဖြင့် ဘုရားပေါ်တွင်လူသူရှင်းနေပါတယ်။ ဘုရားတစ်ပါတ်လှည့်သောအခါ ကျနော် အရင်ကမြင်နေကျမဟုတ်သော နတ်နန်းတစ်ခုက အမည်ပြောင်းလဲနေသည်ကိုတွေ့လိုက်ရပါတယ်။

ထိုနတ်နန်းမူလအမည်မှာ

“ယိုးဒယားမင်းသမီး အမျိုးရုံမိဖုရားနတ်နန်း” ပါ ။ ယခုပြောင်းလဲထားသောအမည်က”ယိုးဒယားမင်းသမီး ဆုပန်ကလျာ နတ်နန်း” တဲ့

နှစ်ပေါင်းသုံးလေးရာ ခေါ်ဆိုလာခဲ့တဲ့ အမည်တစ်ခုဆိုတာထက် ဒုတိယပြည်ထောင်မင်းကြီး ဘုရင့်နောင်ကျော်ထင်နော်ရထာရဲ့ မိဖုရားယိုးဒယားမင်းသမီး (ယိုးဒယားဘုရင် ဗြနရဇ်ရဲ့နှမတော်မင်းသမီး)နာမည်က အမျိုးရုံမင်းသမီးဆိုတာ မှန်နန်းရာဇဝင်တော်တို့

တွင်းသင်းရာဇဝင်သစ်တို့မှာအထောက်အထားမှန်ကြောင်းပါရှိပါရက်နဲ့ ဘာကြောင့် အလွယ်တကူ ဗြုံးစားကြီးပြောင်းပစ်ကြတာလဲမသိ။စိတ်ထဲဝယ်သိပ်မကျေနပ်ပါ။

သိချင်စူးစမ်းချင်စိတ်နဲ့အတူ ကျနော်ဘုရားဂေါပကအဖွဲ့ဝင်တွေကိုလှည့်ပါတ်မေး ဒုက္ခပေးတော့တာပါဘဲ။

နိဒါန်းဇတ်လမ်းပြန်အစဖေါ်ရလျင်

ဒီဘုရားမှာ “အမျိုးရုံမိဖုရားနတ်နန်း”မရှိခင်အချိန်လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်အချိန်က ယိုးဒယားဘုရားဖူးအဖွဲ့တွေ ဒီကျိုက်ကလော့ဘုရားကို အဖွဲ့လိုက်တွေ မကြာခဏလာကြပါတယ်။

ယိုးဒယားထုံးစံံ ပန်းများကြာပွင့်များ ဆွမ်းအုပ်များ ပန်းအလှအလှူ များ ဆီမီးနံ့သာများနဲ့ ဘုရားကိုအရင်ပူဇော်ပြီး ရင်ပြင်တော် တနင်္ဂနွေထောင့်ကွက်လပ်ညောင်ပင်အောက်မှာ ပူဇော်ပွဲတွေပြင်ဆင်ပြီး ပူဇော်ပွဲ လုပ်ကြပါတယ်။

ယိုးဒယားမင်းသမီး အရိုးအိုးတွေ့ရှိရာတွင်တည်ထားသော ထီးတော်စေတီ

ဒီလို မကြာခဏလုပ်တာများလာတော့ ဘုရားလူကြီးတွေလဲ သို့လော သို့လော သိခြင်စိတ်များလာပါတယ်။ပေါက်ကုန်းရပ်ကွက်ထဲက ယိုးဒယားဘာသာစကားတတ်တဲ့သူတစ်ယောက်အဆင်သင့်ရှာထားပြီး

ယိုးဒယားဘုရားဖူးအဖွဲ့နောက်တစ်ဖွဲ့လာတော့ ဘာသာပြန်အကူအညီနဲ့ မေးမြန်းသိရှိရတာကတော့ ထူးဆန်းအံ့သြဖွယ်ရာအဖြစ်အပျက်ကိုသိရှိရပါတော့တယ်။

ယိုးဒယားမှာကျန်ရှိနေတဲ့ ဘုရင့်နောင်မင်းမိဖုရား အမျိးရုံရဲ့ဆွေတော်မျိုးတော်အဆက်အနွယ်တွေကို မိဖုရားအမျိုးရုံက နတ်ပူးပြောတယ်ဆိုပါတော့ဗျာ။

ယိုးဒယားမင်းသမီးအရိုးအိုး(လူကြီးမရှိ၍ ဓါတ်ပုံကိုပြန်ရိုက်ခဲ့ပါသည်)

သူ့ရဲ့အခေါင်းနဲ့အရိုးအိုးကို ဒီကျိုက်ကလော့ဘုရား ရင်ပြင်တော်တနင်္ဂနွေထောင့်မှာ ဘုရင့်နောင်မင်းအမိန့်နဲ့ မြုတ်နှံထားပါသတဲ့။ ဆွေတော်မျိုးတော်တွေ လာရောက်ပြီးဘုရားပူဇော်ပြီး သူ့ကိုတနင်္ဂနွေထောင့်ရင်ပြင်မှာ ပူဇော်ပွဲလုပ်ပေးပါလို့ပြောသတဲ့။

အနုပညာလုပ်ငန်းလုပ်ကိုင်သူတွေ သူ့အဆက်အနွယ်ထဲမှာရုပ်ရှင်မင်းသမီးများတော့ အောင်မြင်အောင် သူလုပ်ပေးနိုင်ကြောင်း မစပေးနိုင်ကြောင်းပြောသတဲ့။

ဒါကြောင့်် သူ့အဆက်အနွယ်အမျိုးတွေက လာရောက်ပူဇော်ရခြင်းဖြစ်သလို ဒီအကြောင်းသိတဲ့ မြန်မာ ရုပ်ရှင်မင်းသမီးတွေလဲလာရောက်ပူဇော်ခြင်းဖြစ်ကြောင်း စကားပြန်မှတဆင့်သိရပါတယ်။

အခုလာတဲ့အဖွဲ့က လာရောက်တာသုံးနှစ်ရှိပါပြီတဲ့။သူတို့က မင်းသမီးအမျိုးရုံ ဝိညာဉ်ကို ထိုင်းနိုင်ငံသို့ပြန်ခေါ်နေတာ သုံးနှစ် သုံးခါရှိပေမဲ့ မင်းသမီးက ပြန်မလိုက်လိုပါဘူးတဲ့။

သူ့အပေါ် စေတနာမေတ္တာကြီးမား ကြင်နာသနားသော မောင်တော်ဘုရင့်နောင်အပိုင်စားပေးထားသောနေရာ မောင်တော်ရဲ့တိုင်းနိုင်ငံမှာဘဲ ဆက်လက်နေထိုင်လိုကြောင်း နောက်ထပ်မခေါ်ဘို့ ကတိတောင်းကြောင်း ပြောတဲ့အတွက် ထိုထိုင်းအနွယ်အဖွဲ့ ငိုယိုပြီးဝမ်းနည်းပက်လက်နဲ့ပြန်သွားပါတယ်။

သူတို့ပြောတဲ့ ရင်ပြင်တနင်္ဂနွေထောင့်မှာ အခေါင်းနဲ့အရိုးအိုးရှိတယ်ဆိုတာကိုလဲ ဘုရားဂေါပကအဖွဲ့က သိပ်အလေးမထား အမှုမဲ့ အမှတ်မဲ့ မေ့မေ့ပျောက်ပျောက်ထားခဲ့ကြပါတယ်။

၁၉၉၉ ခုနှစ်အရောက်မှာသက်တမ်းနှစ်တစ်ရာကျော်လို့ ပျက်စီးယိုယွင်းနေတဲ့ ကျိုက်ကလော့ဘုရားထီးတော်ကြီးကို နိုင်ငံတော်အဆင့်နဲ့ အသစ်လဲလှယ် ထီးတင်ပွဲကြီးပြုလုပ်ခဲ့ပါတယ်။

မူလထီးတော်အဟောင်းကြီးထားဖို့နေရာကိုစဉ်းစားတဲ့အခါ တနင်္ဂနွေထောင့်က ကျယ်လဲကျယ်တယ် ထီးတော်အဟောင်းကိုကွန်ကရစ်နဲ့ငုံပြီးဘုရားတည်ရင်ကောင်းမယ်လို့ အများသဘောတူဆုံးဖြတ်ကြပြီး ဖောင်ဒေးရှင်းတူးတဲ့အခါ အလုပ်သမားတွေက

“ဆရာတို့ ဒီမှာ အခေါင်းကြီးတစ်ခု တူးမိလို့ဗျ ဘုန်းကြီးအခေါင်းလား လူအခေါင်းလားမသိဘူး လာကြည့်ကြပါအုံး”

ဒီတော့မှ အံ့သြဘနမ်းအားလုံးသွားရောက်ကြည့်ရှု့ပြီး ယိုးဒယားဘုရားဖူးအဖွဲ့ရဲ့စကားကိုအမှတ်ရကာ

“ဟေ့ ဟေ့ ဖြေးဖြေးတူးကြပါ နောက်ထပ် အရိုးအိုးတစ်ခုတွေ့လိမ့်မယ် မပျက်စီးအောင်တူးကြပါ သတိထားကြ”လို့မှာကြားရင်းစေါင့်ကြည့်တဲ့အခါ

မကြာပါဘူး ပုံထဲကအတိုင်းဘုရင့်နောင်မင်းမိဖုရား ယိုးဒယားမင်းသမီးအမျိုးရုံရဲ့ ကျောက်စီရွှေချအရိုးအိုးကို အကောင်းအတိုင်းတွေ့ရှိပြီး အထဲမှာအရိုးစတွေ တွေ့ရှိရပါတော့တယ်။

ဘယ်လိုလုပ်လို့ ဘယ်ထားရမလဲ မသိတော့ ဂေါပကရုံးထဲမှန်ဘီရိုထဲမှာ ယနေ့အထိ ထိန်းသိမ်းထည့်ထားလိုက်ပါတယ်။

အဲ့ဒီနေ့မှာဘဲ အင်းစိန်ကအမျိုးသမီးတစ်ယောက်က မကျွတ်မလွတ်သေးတဲ့သူတွေအမျှအတန်းဝေအလှူ လုပ်ပေးချင်တယ် နောက်ဆိုင်ရာပိုင်ရာတွေကိုနတ်ကနားပေး ချင်တယ်ဆိုတာနဲ့ ဘုရားဂေါပကရုံးရင်ပြင်အောက်မှာလုပ်ခွင့်ပေးလိုက်ပါတယ်။

နတ်ကနားပေးတဲ့အချိန် နတ်ကတော်ကို ဘာသာခြားစကားပြောတဲ့ ဝိညာဉ်တစ်ခု ပူးနေတယ် ဘုရားလူကြီးနဲ့တွေ့ခြင်ကြောင်း ခြေဟန်လက်ဟန် နဲ့ပြောနေတယ်ဆိုလို့ ကြည့်လိုက်တော့ ယိုဒယားစကားမှန်းအတွေ့အကြုံ အရသိနေတော့ ဆိုက်ကယ်နဲ့ ဘာသာပြန်ကိုပြေးခေါ်မေးလိုက်တော့။

ဘုရင့်နောင်မင်းရဲ့ယိုဒယားမိဖုရားအမျိုးရုံဖြစ်ကြောင်း ဒီဘုရားကိုစေါင့်ရှောက်သာသနာပြုနေကြောင်း သူ့အတွက် နတ်နန်းတည်ပေးစေလိုကြောင်း ယိုဒယားကသူ့အဆက်အနွယ်တွေ နန်းတည်ဖို့ ခေါ်လိုက်ပြီဖြစ်ကြောင်း

ဘုရားလူကြီးမှ ခွင့်ပြုပေးစေလိုကြောင်း စကားပြန်မှတစ်ဆင့် ပြောကြားသဖြင့် ဘုရားလူကြီးမှ ခွင့်ပြုပေးမည်ဖြစ်ကြောင်းပြန်ပြောလိုက်မှ စာထု စာထု စာထု ခေါ်ထွက်သွားပါတယ်။

နောက်မကြာပါဘူး ထိုင်းကအငြိမ်းစားဗိုလ်ချုပ်ကြီးနဲ့ ထိုင်းဘိုးတော်ဦးဆောင်တဲ့အဖွဲ့ရောက်လာတယ်။ သူတိုကစကားပြန်ပါလာတယ်။

ဂေါပကရုံးကိုလက်ညှိုးထိုးပြပြီး မင်းသမီးနဲ့တွေ့ခြင်တယ်ပြောတော့ ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးမရှိလို့ ပိတ်ထားကြောင်း အထဲမှာ လူမရှိကြောင်း လုံခြုံ ရေးက ပြောတော့ ထိုင်းဘိုးတော်က စိတ်ဆိုးမာန်ဆိုးနဲ့ တောင်ဝှေးဆောင့်ပြီး

” မင်းငါ့ကိုမလိမ်နဲ့ အထဲမှာငါတို့မင်းသမီးရှိတယ် ဘီရိုထဲမှာထည့်ထားတယ် အခုတံခါးဖွင့်ပေး သော့ဖွင့်ပေးစမ်း”

ဆိုပြီးသောင်းကျန်းတော့တာပါဘဲ။အင်းစိန်ကအလှူရှင်ရယ် သူတို့အဖွဲ့ကဘဲနန်းဆောက်ပြီး “ယိုးဒယားမင်းသမီးအမျိုးရုံနတ်နန်း”ဆိုင်းပုဒ်တပ်သွားပါတယ်။အရိုးစတစ်ခုကို DNA စစ်ရန်ယူဆောင်သွားပါတယ်။

မြန်မာပြည်ကိုဘဲချစ်လို့လား။ ဒါမှမဟုတ် သူ့ရဲ့ချစ်လင်ဘုရင့်နောင်ကိုချစ်လွန်းလို့ လင့်မျက်နှာတစ်ရွာထင် သံယောဇဉ်ကြီးမားလွန်းလို့လား။လင်ကိုသခင်အဖြစ် သစ္စာကြီးမားလွန်းလို့လား။

မိမိရဲ့တိုင်းပြည်က သုံးနှစ်သုံးမိုးလာခေါ်ပေမဲ့ ပြန်မလိုက်တော့ဘဲရန်ကုန် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် ပြည်လမ်းမပေါ်က ကျိုက်ကလော့ဘုရားမှာဘဲ ဆက်လက်နေထိုင်ယုံမက သူ့ရဲ့အမည်ရင်း “အမျိုးရုံ”ဆိုတာထက် ဘုရင့်နောင်မင်းတရားကြီးပေးအပ်တဲ့ ဘွဲ့အမည်

” ဆုပန်ကလျာ မိဖုရား” အမည်ကို မြတ်နိုးစွာပြောင်းလဲပေးဖို့တောင်းဆိုခဲ့တဲ့ သစ္စာကြီးမားလွန်းတဲ့ ယိုးဒယားဘုရင်ဗြနရဇ်ရဲ့ညီမတော် ဘုရင့်နောင်မင်းတရားကြီးနဲ့ရတဲ့သမီးတော် ရှင်အထွေးရဲ့မယ်တော်

“ယိုးဒယားမင်းသမီး မိဖုရားဆုပန်ကလျာ” ရဲ့ဘဝဇတ်ကြောင်းကိုရေးမိရင်းဘုရားပေါ်မှ တစ်ယောက်ထဲဆင်းအလာ အမှတ်မထင်ထီးတော်ဘုရားနားအရောက်မှာတော့ ကြက်သီးထရင်း နားထဲမှာကြားလိုက်ရတဲ့

“စာထု စာထု စာထု”ဆိုတဲ့အသံ မပီဝိုးတစ်ဝါးလေးက။

Credit :မြင့်ဦးရွာကြီး