Zawgyiျဖင့္ဖတ္ရန္

 

” ဒိဝါတပတိိ ဂါထာ “(သို ့မဟုတ္)(သဗၺဇယ မဂၤလာဂါထာ)

ဒီဂါထာေတာ္ႀကီးဟာ ျမတ္စြာဘုရား႐ွင္ ႏူတ္ခပတ္ေတာ္ကေန ေဟာေျပာခဲ့ တဲ့ ဂါထာတပုုဒ္ျဖစ္ပါတယ္

တေထာင္တန္္ ဂါထာလို ့ လဲ ေခၚတြင္ခဲ့က်ပါတယ္..

ေ႐ွးအခါ ဘာတိိက မင္းတရားႀကီးက ပူေဇာ္ပြဲ တခုျပဳလုပ္တဲ့အခ်ိန္္ အမတ္ႀကီး တပါးကို ရတနာသံုးပါးလံုးပါဝင္တဲ့ ဂါထာတပုဒ္ရႊတ္ခိုိင္းရာ

ဒိိဝါတပတိ ဂါထာကို ရႊတ္ျပခဲ့ ပါတယ္္ ဘုရင္က ႏွစ္သက္ သေဘာက်လြန္း လို႔ အသျပာတေထာင္ထုတ္ ခ်ီးျမႇင့္ခံခဲ့ ရာက တေထာင္္တန္ဂါထာ ဆိုၿပီး နာမည္ႀကီးခဲ့ပါတယ္..

ဂါထာေတာ္ႀကီး..ျဖစ္ေပၚလာပံုံကေတာ့…

သီတင္းကြၽတ္လျပည့္္ေန ့ ညေန ဆည္းဆာ အခါ ျမတ္စြာဘုရား႐ွင္္ တရားေဟာရာေနရာ၌ ရွွင္အာနႏၵာသည္ ေအာက္ပါတင့္တယ္လွပမွု့ အလွ (၅) မ်ိဴးကို ျမင္ေတာ္မူ၏။

၁။ မင္းဝတ္တန္ဆာ ရတနာမ်ား ဝတ္ဆင္ထားသည္ ပေသနဒီီ ေကာသလမင္းႀကီး၏ တင့္တယ္လွပမွု့။

၂။ စ်န္သမာပတ္ေတြြဝင္စားေနသျဖင့္ ေရႊအဆင္းကဲ့ သို့ ဝါဝင္းတင့္တယ္လွပေတာ္မူသည့္ ရဟန္းတာ အရွင္ ကာဠဳဒါယီ၏အလွ။

၃။ ညေနဆည္းဆာ အခ်ိိန္ခါ၌ ေကာင္းကင္က ထြက္စျပဳ့ လမင္း၏ ညေန ခင္းအစ တင့္တယ္လွပမွု့အလွ။

၄။ ညေနဆည္းဆာအခ်ိန္အခါ၌ ေကာင္းကင္ကဝင္ေတာ့မည္ဆဲဆဲ ေနမင္း၏ တင့္တယ္လွပမွု့ အလွ။

၅။ ေန ၊ လ ၊ ဘုရင္္ ၊ ရွင္ရဟႏၲာ တို့၏ တင့္တယ္လွပမွု့ထက္ ပိုမိုိတင့္တယ္ လွပေတာ္မူသည့္ ျမတ္စြာဘုရား၏တင့္တယ္မွု့ အလွ(၅) မ်ိဴးကို

ရွင္အာနႏၵာ ေတြ႕ျမင္ေတာ္မူေသာအခါ ….

ရွင္ေတာ္ျမတ္ဘုုရား တပည့္ေတာ္ အာနႏၵာ တင့္တယ္လွပမွု့ အလွ (၅) မ်ိဴး ကိုေတြ႕ျမင္ရပါတယ္ ဘုရား။

အဲ့ဒီ တင့္တယ္လွပမွု့ ငါ့မ်ိဴးတို့ိထဲမွာ

“ရွင္ေတာ္ျမတ္ ဘုရားသည္ အတင့္တယ္ဆုံး အလွွပဆုံး အေတာက္ပဆုံး ျဖစ္ပါတယ္ဘုရား ” ဟုအားပါတရ ေလၽွာက္ထားပါတယ္။

ထိုိအခါ ျမတ္စြာဘုရားက ေအာက္ေဖာ္ျပပါ ဂါထာကို ိေဟာၾကားေတာ္မူပါတယ္ –

ဒိိဝါတပတိ အာဒိၶေစာ၊ ရတၱိမာ ဗာတိ စႏၵိမာ

သႏၷေဒၶါ ခတၱိေယာ တပတိ၊ စ်ာယီ တပတီ ျဗဟၼေဏာ။

အထ သဗၺမေဟာ ရတၱႎ ဗုေဒၶါတပတီ ေတဇသာ။

ခ်စ္သား အာနႏၵာ…..

၁။ ေနမင္းဆိုိတာ ေန႔အခါမွာသာ တင့္တယ္ ေတာက္ပ လွပေနနိုိင္တယ္။

၂။ လမင္းဆိုိတာ ညအခါမွာသာ တင့္တယ္ ေတာက္ပ လွပေနနိုင္တယ္။

၃။ မင္းဆိုတာ အဂၤါေလးပါးနဲ႔ ျပည့္စုံတဲ့ စစ္သည္ မ်ားစြာၿခံရံၿပီး မင္းဝတ္တန္ဆာ ရတနာအလွ ဝတ္ ဆင္မွသာ တင့္တယ္ေတာက္ပ လွပနိုင္တယ္။

၄။ ရဟႏၲာ ဆိုတာ စ်န္ သမာပတ္ေတြ ဝင္စားေနမွ တင့္တယ္ေတာက္ပ လွပနိုင္တယ္။

ေန၊လ၊႐ွင္ဘုရင္္၊ရွင္ရဟႏၲာ

ထိုေလးျဖာတို့ရဲ့ တင့္တယ္ေတာက္ပမွူဟာ အခ်ိိန္ ပိုင္းျခား ကန္႔သတ္ခ်က္နဲ႔ တင့္တယ္ေတာက္ပ လွပပါတယ္္

ျမတ္စြာဘုရား႐ွွင္ကေတာ့ စ်န္ဝင္စားသည္ျဖစ္ေစ မဝင္စားသည္ျဖစ္ေစ ရဟန္းအသံုးေဆာင္ ဝတ္ဆင္ထားသည္႔္ အခါမွာေရာ ဝတ္ဆင္မထားသည့္ အခါမွာေရာ တန္ခိုးေတာ္္ အမ်ဴိးမ်ဴိး ျဖင့္ ေန႔ေန႔ ညည အခ်ိိန္တိုင္းမွာ

တင့္တယ္ ေတာက္ပ ေနပါတယ္လို့ိ မွတ္သားထားလိုက္ပါ ခ်စ္ေသာ အာနႏၵာ…..

၅။ ျမတ္စြာဘုရားသည္္ ” သီီလ ၊ ဂုဏ ၊ ပညာ ၊ ပုည ၊ ဓမၼ ” ဆိုတဲ့ တန္ခိုး (၅)မ်ိဴး ျဖင့္ ေန႔ေရာ ညပါ အခါခပ္သိိမ္း အျမဲတေစ တင့္တယ္ေတာက္ပ လွပေနပါတယ္ဟုု ေျပာၾကားျပဳသည့္အဆုံး ဒီဂါထာတရား နိဂုံးမွာ မ်ားစြာ သိန္းေသာင္း သတၱဝါ အေပါင္းေတြဟာ ေသာတပန္ စတဲ့ ပုဂၢိဳလ္ ေတြ ျဖစ္သြားၾကပါတယ္။

မိိမိ တို ့ဘဝ မွာ… ေလာကဓံ တရားရဲ႕ အနိိမ့္ အျမင့္ ၾကံဳ ရတဲ့ အခါတိုင္း

ျမတ္စြာဘုရား႐ွင္ရဲ႕ တရားေဒသနာေတာ္ေတြ အျပင္္ ဂါထာ အမ်ဴိး ရႊတ္ဖတ္ပူေဇာ္ျခင္းေတြ အျပင္

ျမတ္စြာဘုရား႐ွွင္ ရဲ႕ ဂုဏ္ေတာ္ေတြ နဲ႔ ပုတီးစိိပ္ ပူေဇာ္ျခင္း အဓိိဌာန္ ဝင္ျခင္းေတြ က ကုသိုလ္ရ ကံပြင့္ ေစမွာပါ

ေလာကီီ ေလာကုတၱရာ မဂၤလာအမ်ိဴးမ်ိဴး ခ်မ္းသာအမ်ိဴးမ်ိဴး ေကာင္းျခင္းအမ်ိဴးမ်ိဴး ရာထူးဂုဏ္ သိိမ္ အရွိန္အဝါ အမ်ိဴးမ်ိဴး ေအာင္ျခင္း အမ်ိဴးမ်ိဴး တိုးတက္ရရွိၿပီး ေဘးအတန္တန္ ရန္အသြယ္သြယ္ အႏၲရာယ္မွန္သမၽွကင္းေဝးလိုလၽွင္ အတင့္တယ္ဆုံး ေကာင္းက်ိဴးေတြရလိုလၽွင္…….

ဤ ” ဒိိဝါတပတိဂါထာ ” ကို အျမဲ ေန႔ည သတိရကာ သက္ေစ့ ရြတ္ဆိုၾကပါ။

ပိုိၿပီး ထိေရာက္ လိုလ်ွင္ ထိုဂါထာေတာ္ႀကီးကို…

ပုတီးစိိပ္ ပူေဇာ္ၾကဖို႕ ့ တိုက္တြန္းခ်င္ပါတယ္..

Credit :Thida Phyu‎

 

Unicodeဖြင့်ဖတ်ရန်

 

ဘေးအတန်တန် ရန်အသွယ်သွယ် အန္တရာယ်မှန်သမျှကင်းဝေးသည့့် ထောင်တန် ဂါထာတော်

 

” ဒိဝါတပတိ ဂါထာ “(သို့မဟုတ်)(သဗ္ဗဇယ မင်္ဂလာဂါထာ)

ဒီဂါထာတော်ကြီးဟာ မြတ်စွာဘုရားရှင် နူတ်ခပတ်တော်ကနေ ဟောပြောခဲ့ တဲ့ ဂါထာတပုဒ်ဖြစ်ပါတယ်

တထောင်တန် ဂါထာလို့ လဲ ခေါ်တွင်ခဲ့ကျပါတယ်..

ရှေးအခါ ဘာတိက မင်းတရားကြီးက ပူဇော်ပွဲ တခုပြုလုပ်တဲ့အချိန် အမတ်ကြီး တပါးကို ရတနာသုံးပါးလုံးပါဝင်တဲ့ ဂါထာတပုဒ်ရွှတ်ခိုင်းရာ

ဒိဝါတပတိ ဂါထာကို ရွှတ်ပြခဲ့ ပါတယ် ဘုရင်က နှစ်သက် သဘောကျလွန်း လို့ အသပြာတထောင်ထုတ် ချီးမြှင့်ခံခဲ့ ရာက တထောင်တန်ဂါထာ ဆိုပြီး နာမည်ကြီးခဲ့ပါတယ်..

ဂါထာတော်ကြီး..ဖြစ်ပေါ်လာပုံံကတော့…

သီတင်းကျွတ်လပြည့််နေ့ ညနေ ဆည်းဆာ အခါ မြတ်စွာဘုရားရှင် တရားဟောရာနေရာ၌ ရှင်အာနန္ဒာသည် အောက်ပါတင့်တယ်လှပမှု့ အလှ (၅) မျိူးကို မြင်တော်မူ၏။

၁။ မင်းဝတ်တန်ဆာ ရတနာများ ဝတ်ဆင်ထားသည် ပသေနဒီ ကောသလမင်းကြီး၏ တင့်တယ်လှပမှု့။

၂။ ဈန်သမာပတ်တွေဝင်စားနေသဖြင့် ရွှေအဆင်းကဲ့ သို့ ဝါဝင်းတင့်တယ်လှပတော်မူသည့် ရဟန်းတာ အရှင် ကာဠုဒါယီ၏အလှ။

၃။ ညနေဆည်းဆာ အချိန်ခါ၌ ကောင်းကင်က ထွက်စပြု့ လမင်း၏ ညနေ ခင်းအစ တင့်တယ်လှပမှု့အလှ။

၄။ ညနေဆည်းဆာအချိန်အခါ၌ ကောင်းကင်ကဝင်တော့မည်ဆဲဆဲ နေမင်း၏ တင့်တယ်လှပမှု့ အလှ။

၅။ နေ ၊ လ ၊ ဘုရင် ၊ ရှင်ရဟန္တာ တို့၏ တင့်တယ်လှပမှု့ထက် ပိုမိုတင့်တယ် လှပတော်မူသည့် မြတ်စွာဘုရား၏တင့်တယ်မှု့ အလှ(၅) မျိူးကို

ရှင်အာနန္ဒာ တွေ့မြင်တော်မူသောအခါ ….

ရှင်တော်မြတ်ဘုရား တပည့်တော် အာနန္ဒာ တင့်တယ်လှပမှု့ အလှ (၅) မျိူး ကိုတွေ့မြင်ရပါတယ် ဘုရား။

အဲ့ဒီ တင့်တယ်လှပမှု့ ငါ့မျိူးတို့ိထဲမှာ

“ရှင်တော်မြတ် ဘုရားသည် အတင့်တယ်ဆုံး အလှပဆုံး အတောက်ပဆုံး ဖြစ်ပါတယ်ဘုရား ” ဟုအားပါတရ လျှောက်ထားပါတယ်။

ထိုအခါ မြတ်စွာဘုရားက အောက်ဖော်ပြပါ ဂါထာကို ိဟောကြားတော်မူပါတယ် –

ဒိဝါတပတိ အာဒ္ဓိစော၊ ရတ္တိမာ ဗာတိ စန္ဒိမာ

သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတီ ဗြဟ္မဏော။

အထ သဗ္ဗမဟော ရတ္တိံ ဗုဒ္ဓေါတပတီ တေဇသာ။

ချစ်သား အာနန္ဒာ…..

၁။ နေမင်းဆိုတာ နေ့အခါမှာသာ တင့်တယ် တောက်ပ လှပနေနိုင်တယ်။

၂။ လမင်းဆိုတာ ညအခါမှာသာ တင့်တယ် တောက်ပ လှပနေနိုင်တယ်။

၃။ မင်းဆိုတာ အင်္ဂါလေးပါးနဲ့ ပြည့်စုံတဲ့ စစ်သည် များစွာခြံရံပြီး မင်းဝတ်တန်ဆာ ရတနာအလှ ဝတ် ဆင်မှသာ တင့်တယ်တောက်ပ လှပနိုင်တယ်။

၄။ ရဟန္တာ ဆိုတာ ဈန် သမာပတ်တွေ ဝင်စားနေမှ တင့်တယ်တောက်ပ လှပနိုင်တယ်။

နေ၊လ၊ရှင်ဘုရင်၊ရှင်ရဟန္တာ

ထိုလေးဖြာတို့ရဲ့ တင့်တယ်တောက်ပမှူဟာ အချိန် ပိုင်းခြား ကန့်သတ်ချက်နဲ့ တင့်တယ်တောက်ပ လှပပါတယ်

မြတ်စွာဘုရားရှင်ကတော့ ဈန်ဝင်စားသည်ဖြစ်စေ မဝင်စားသည်ဖြစ်စေ ရဟန်းအသုံးဆောင် ဝတ်ဆင်ထားသည့် အခါမှာရော ဝတ်ဆင်မထားသည့် အခါမှာရော တန်ခိုးတော် အမျိူးမျိူး ဖြင့် နေ့နေ့ ညည အချိန်တိုင်းမှာ

တင့်တယ် တောက်ပ နေပါတယ်လို့ိ မှတ်သားထားလိုက်ပါ ချစ်သော အာနန္ဒာ…..

၅။ မြတ်စွာဘုရားသည် ” သီလ ၊ ဂုဏ ၊ ပညာ ၊ ပုည ၊ ဓမ္မ ” ဆိုတဲ့ တန်ခိုး (၅)မျိူး ဖြင့် နေ့ရော ညပါ အခါခပ်သိမ်း အမြဲတစေ တင့်တယ်တောက်ပ လှပနေပါတယ်ဟု ပြောကြားပြုသည့်အဆုံး ဒီဂါထာတရား နိဂုံးမှာ များစွာ သိန်းသောင်း သတ္တဝါ အပေါင်းတွေဟာ သောတပန် စတဲ့ ပုဂ္ဂိုလ် တွေ ဖြစ်သွားကြပါတယ်။

မိမိ တို့ဘဝ မှာ… လောကဓံ တရားရဲ့ အနိမ့် အမြင့် ကြုံ ရတဲ့ အခါတိုင်း

မြတ်စွာဘုရားရှင်ရဲ့ တရားဒေသနာတော်တွေ အပြင် ဂါထာ အမျိူး ရွှတ်ဖတ်ပူဇော်ခြင်းတွေ အပြင်

မြတ်စွာဘုရားရှင် ရဲ့ ဂုဏ်တော်တွေ နဲ့ ပုတီးစိပ် ပူဇော်ခြင်း အဓိဌာန် ဝင်ခြင်းတွေ က ကုသိုလ်ရ ကံပွင့် စေမှာပါ

လောကီ လောကုတ္တရာ မင်္ဂလာအမျိူးမျိူး ချမ်းသာအမျိူးမျိူး ကောင်းခြင်းအမျိူးမျိူး ရာထူးဂုဏ် သိမ် အရှိန်အဝါ အမျိူးမျိူး အောင်ခြင်း အမျိူးမျိူး တိုးတက်ရရှိပြီး ဘေးအတန်တန် ရန်အသွယ်သွယ် အန္တရာယ်မှန်သမျှကင်းဝေးလိုလျှင် အတင့်တယ်ဆုံး ကောင်းကျိူးတွေရလိုလျှင်…….

ဤ ” ဒိဝါတပတိဂါထာ ” ကို အမြဲ နေ့ည သတိရကာ သက်စေ့ ရွတ်ဆိုကြပါ။

ပိုပြီး ထိရောက် လိုလျှင် ထိုဂါထာတော်ကြီးကို…

ပုတီးစိပ် ပူဇော်ကြဖို့ တိုက်တွန်းချင်ပါတယ်..

Credit :Thida Phyu‎