Zawgyiျဖင့္ဖတ္ရန္

 

COVID-19 ဟုတ္၊မဟုတ္ ရန္ကုန္သို႔ ဓာတ္ခြဲနမူနာ ပို႔ထား

မႏၲေလး – မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီေဆး႐ုံ၌ ခြဲျခားထားရွိသည့္ COVID-19 ေစာင့္ၾကည့္လူနာ အမ်ိဳးသမီးတစ္ဦး ယေန႔(မတ္လ ၁၇ရက္)နံနက္က ေသဆုံးခဲ့ေၾကာင္း မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံႀကီးမွ ဒုတိယေဆး႐ုံအုပ္ ေဒါက္တာခင္ေက်ာ္က ေျပာသည္။

အဆုတ္ေရာဂါျဖင့္ ယမန္ေန႔က ေရာက္ရွိလာသည့္ တံတားဦးၿမိဳ႕နယ္မွ လူနာအမ်ိဳးသမီးကို ကန္ေတာ္နဒီေဆး႐ုံသို႔ ပို႔ေဆာင္ကာ သီးျခားေစာင့္ၾကည့္စဥ္ ယေန႔ နံနက္က ေသဆုံးျခင္းျဖစ္သည္။

“အဆုတ္ေရာဂါနဲ႔ ေရာက္လာတာ။ လာကတည္းက ေအာက္ဆီဂ်င္ေတာ္ေတာ္က်တယ္။ ေအာက္ဆီဂ်င္တန္းေပးရတယ္။ ေရာက္လာကတည္းက အေျခအေနဆိုးတယ္” ဟု ေဒါက္တာခင္ေက်ာ္က ေျပာသည္။

ေသဆုံးသူ၏ အဆုတ္သည္ ခဲေနသည့္ အေနအထားတြင္ရွိသည္ဟု ယူဆရၿပီး ၎အေနျဖင့္ ခရီးသြားရာဇဝင္မရွိေၾကာင္း ေဒါက္တာခင္ေက်ာ္က ဆိုသည္။

ေသဆုံးသူ၏ ဓါတ္ခြဲနမူနာကို ယေန႔ ေန႔လယ္တြင္ ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာနသို႔ ေပးပို႔ထားေၾကာင္း ၎က ေျပာသည္။

COVID-19 ေရာဂါပိုးရွိ၊ မရွိ အေျဖကို မနက္ျဖန္တြင္ သိရဖြယ္ရွိေၾကာင္း ေဒါက္တာခင္ေက်ာ္က ေျပာသည္။

ၿပီးခဲ့သည့္ မတ္လ ၆ ရက္ကလည္း မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္မွ ေစာင့္ၾကည့္လူနာ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ၿပီး ေဆးစစ္ခ်က္အေျဖအရ ေရာဂါပိုးမေတြ႕ရွိေပ။

Credit:7daydaily

 

Unicodeဖြင့်ဖတ်ရန်

 

ကန်တော်နဒီဆေးရုံမှ COVID-19 စောင့်ကြည့် လူနာအမျိုးသမီး သေဆုံး

 

COVID-19 ဟုတ်၊မဟုတ် ရန်ကုန်သို့ ဓာတ်ခွဲနမူနာ ပို့ထား

မန္တလေး – မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌ ခွဲခြားထားရှိသည့် COVID-19 စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး ယနေ့(မတ်လ ၁၇ရက်)နံနက်က သေဆုံးခဲ့ကြောင်း မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော်က ပြောသည်။

အဆုတ်ရောဂါဖြင့် ယမန်နေ့က ရောက်ရှိလာသည့် တံတားဦးမြို့နယ်မှ လူနာအမျိုးသမီးကို ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ကာ သီးခြားစောင့်ကြည့်စဉ် ယနေ့ နံနက်က သေဆုံးခြင်းဖြစ်သည်။

“အဆုတ်ရောဂါနဲ့ ရောက်လာတာ။ လာကတည်းက အောက်ဆီဂျင်တော်တော်ကျတယ်။ အောက်ဆီဂျင်တန်းပေးရတယ်။ ရောက်လာကတည်းက အခြေအနေဆိုးတယ်” ဟု ဒေါက်တာခင်ကျော်က ပြောသည်။

သေဆုံးသူ၏ အဆုတ်သည် ခဲနေသည့် အနေအထားတွင်ရှိသည်ဟု ယူဆရပြီး ၎င်းအနေဖြင့် ခရီးသွားရာဇဝင်မရှိကြောင်း ဒေါက်တာခင်ကျော်က ဆိုသည်။

သေဆုံးသူ၏ ဓါတ်ခွဲနမူနာကို ယနေ့ နေ့လယ်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ထားကြောင်း ၎င်းက ပြောသည်။

COVID-19 ရောဂါပိုးရှိ၊ မရှိ အဖြေကို မနက်ဖြန်တွင် သိရဖွယ်ရှိကြောင်း ဒေါက်တာခင်ကျော်က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှ စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဆေးစစ်ချက်အဖြေအရ ရောဂါပိုးမတွေ့ရှိပေ။

Credit:7daydaily