Zawgyiဖြင့်ဖတ်ရန်

 





Credit:We Media

Source: Daily Mail

 

Unicodeဖြင့်ဖတ်ရန်

 

ဗိုင်းရပ်စ်မကူးစက်အောင် ပွေ့ဖက်နမ်းရှုံ့ခြင်းမပြုဖို့ အကြံပေးလိုက်တဲ့ လန်ဒန်ကပါမောက္ခ

 

အခုလတ်တလော ဖြစ်ပွားနေတဲ့ Coronavirus ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်ဖို့ အတွက် အဲဒီလိုပွေ့ဖက်နမ်းရှုံ့မှုတွေ မပြုလုပ်ကြဖို့ သိပ္ပံပညာရှင် တစ်ယောက်က သတိပေးထားပါတယ်။

ယူကေနိုင်ငံ၊ လန်ဒန်မြို့တော်၊ Queen Mary University က ပါမောက္ခ John Oxford က လူတွေအနေနဲ့ Coronavirus ကူးစက်ခံရမှုကနေ မိမိဘာသာကာကွယ်နိုင်ဖို့အတွက် ခပ်ခွာခွာနေသင့်ကြောင်း အကြံပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းကနေ တဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဟာ လူတွေ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် ထိတွေ့မှုကြောင့်လည်း မူတည်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် သူက လက်ဆွဲနှုတ်ဆက်ခြင်း၊ ဖက်ရမ်းခြင်း၊ နမ်းရှုံ့ခြင်းတို့လို တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် ထိတွေ့တဲ့ အပြုအမူတွေကို နည်းနိုင်သမျှနည်းအောင် ပြုမူနေထိုင်ဖို့လည်း ပြောခဲ့ပါတယ်။ အကြောင်းကတော့ ကူးစက်ရောဂါပိုးဟာ အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တာကြောင့်ပါပဲ။

ယခုလက်ရှိ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာမှာ Coronavirus ကူးစက်ခံထားရသူ အရေအတွက်ဟာ ၆ သောင်း ကျော်နေပြီ ဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာလည်း ၁၃၀၀ ကျော်လာပါပြီ။ အင်္ဂလန်နိုင်ငံမှာ လည်း ကူးစက်ခံနေရသူ ၉ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Credit:We Media

Source: Daily Mail