Zawgyiဖြင့်ဖတ်ရန်
By Paulina
Credit:we media
Unicodeဖြင့်ဖတ်ရန်
အမာရွတ်တွေကို ဖုံးပေးနိုင်မည့်နည်းလမ်းကောင်းများ
နွေရာသီမှာ အတိုအပြတ်လေးတွေ ဝတ်ချင်ပေမဲ့ အမာရွတ်တွေကြောင့် စိတ်ညစ်နေလား။ စိတ်မညစ်ရအောင် နည်းလမ်းလေးတချို့ပြောပြမယ်နော်။
အရင်ဆုံး အမာရွတ်တွေကိုခဏတာဖုံးပေးနိုင်မယ့် Lotion လုပ်နည်းလေးပြောပြပေးမယ်နော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ lotion နဲ့မိတ်ကပ်အရည် ဒီနှစ်ခုပါပဲ။
လုပ်နည်းကတော့ lotion ထဲကို မိတ်ကပ်ရည်ထည့်ပြီးသေချာ သမအောင်မွှေပေးပါ။ ပြီးလျှင် အသားရေပေါ်မှာ ညီညီညာညာလေးဖြစ်အောင် သေချာလိမ်းပေးပါ။ ၁၀၀ရာခိုင်နှုန်းဖုံးသွားတာမဟုတ်ရင်တောင် တော်ရုံတန်ရုံမသိသာတော့ပါဘူး။
ဒီလို လိမ်းရတာ မကြိုက်တဲ့ သူတွေအနေနဲ့ကတော့ အသားကပ် ဝတ်လို့လည်းရပါတယ်။ ကိုယ့်အသားအရောင်နဲ့ ကိုက်ညီတဲ့ အသားကပ်ကို ရွေးချယ်ပြီး ဝတ်ပေးရင်လည်း လှပပြီး အမာရွတ်ကင်းတဲ့ ခြေတံလေးတွေကို ချက်ချင်းရရှိမှာပါနော်။
အမာရွတ်တွေကို ပျောက်ကင်းစေချင်ရင်တော့ ညအိပ်ရာဝင်ခါနီးတိုင်း သံလွင်ဆီ၊ အုန်းဆီတို့ကို လိမ်းပြီး အိပ်လိုက်ပါ။ ပုံမှန်လေး လုပ်ပေးလိုက်ရင် အမာရွတ်တွေ တဖြည်းဖြည်းနဲ့ ပျောက်ကင်းသွားမှာပါ။
By Paulina
Credit:we media