Zawgyiျဖင့္ဖတ္ရန္

 

ကေလးငယ္ေတြဟာ သိလိုစိတ္ျပင္းျပၾကပါတယ္။ သူတို႔ပတ္ဝန္းက်င္ကအရာမွန္သမွ်ကို ေမးျမန္းစူးစမ္းတတ္ ၾကၿပီး အတုျမင္ အတတ္သင္ လြယ္ၾကပါတယ္။ မိဘေတြအေနနဲ႔ ကေလးေတြရဲ႕အမွားေတြနဲ႔ အျပဳအမူေတြ ေၾကာင့္ စိတ္တိုေဒါသထြက္တဲ့အခါမွာ ကေလးေတြကို အမွန္ျပင္ေပးရမယ့္အစား အသံကိုျမႇင့္ကာ ေအာ္ဟစ္ ဆူပူေလ့ရွိၿပီး သင္ခန္းစာရေအာင္ အျပစ္ေပးတတ္ၾကပါတယ္။

ဒါေပမဲ့ အဲဒီလိုလုပ္တာဟာ ကေလးေတြအတြက္ အေကာင္းထက္ အဆိုးဘက္ကို ဦးတည္ေနပါတယ္။ အဲဒီကိစၥကို သုေတသနျပဳလုပ္ ခဲ့တဲ့ စိတ္ပညာရွင္ေတြရဲ႕ ေတြ႕ရွိခ်က္အရေတာ့ မိဘေတြအေနနဲ႔ ေဒါသထြက္ေနခ်ိန္မွာ ကေလးေတြကို ညႇင္ညႇင္သာသာ စကားေျပာ တာဟာ သူတို႔ကိုေအာ္ဟစ္ဆူပူတာထက္စာရင္ သင့္စကားကို ပိုမို နားေထာင္ႏိုင္ေစပါတယ္။

ကေလးေတြဟာ သင္ယူလြယ္တာေၾကာင့္ သူတို႔ကိုေျပာတဲ့ အေသးစိတ္အရာတိုင္းကို သတိရေနတတ္ပါတယ္။ အဲဒီလိုဆူပူေျပာဆိုတာ ဟာ သူတို႔မိဘေတြနဲ႔ ဆက္ဆံေရးမွာေရာ သူတို႔ရဲ႕ႀကီးျပင္းအ႐ြယ္ေရာက္လာမႈမွာပါ အဆိုးဘက္ေရာက္တဲ့ သက္ေရာက္မႈတစ္ခု ျဖစ္လာႏိုင္ပါတယ္။ စိတ္ပညာရွင္ေတြရဲ႕အဆိုအရ မိဘေတြအေနနဲ႔ ကေလးေတြကို အသံႏွိမ့္ၿပီးစကားေျပာဖို႔ နည္းလမ္း အနည္းငယ္ရွိပါတယ္။ အဲဒီနည္းလမ္းဟာ မိဘနဲ႔ကေလး ၾကား ဆက္ဆံေရးနဲ႔ နားလည္မႈကို ပိုေကာင္းေအာင္ တည္ေဆာက္ႏိုင္ဖို႔ ထိေရာက္တဲ့နည္းလမ္းမ်ိဳးပါပဲ။

ပထမဆုံးအေနနဲ႔ မိဘေတြဟာ အသံအနိမ့္အျမင့္မွန္မွန္ကန္ကန္နဲ႔ စကာလုံးေကာင္းေကာင္းကို ေ႐ြးခ်ယ္ ေျပာဆိုဖို႔ လိုပါတယ္။ ဒါေပမဲ့ မိဘေတြအေနနဲ႔ ကေလးေတြအမွားလုပ္မိတဲ့အခါ သူတို႔ရဲ႕စိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲၾကပါတယ္။ ဒါေပမဲ့ သူတို႔ရဲ႕စိတ္ခံစားခ်က္ ကို ဖြင့္ထုတ္မယ့္အစား “ေမေမ သားကို ခ်စ္တယ္ ေနာ္၊ ဒါေပမဲ့ သားလုပ္တာက မမွန္ဘူးေလ” ဆိုတဲ့ စကားမ်ိဳး ေျပာႏိုင္ပါတယ္။

ဒုတိယအေနနဲ႔ မိဘေတြဟာ ကေလးေတြကို သူတို႔ျဖစ္ေစခ်င္တဲ့အတိုင္း ရွင္းရွင္းလင္းလင္း ေျပာထားဖို႔ လိုအပ္ ပါတယ္။ ဥပမာ စူပါမားကတ္တစ္ခုထဲမွာဆိုရင္ မလုပ္ရတဲ့ စည္းကမ္းေတြရွိတတ္တာေၾကာင့္ အဲဒီလိုေနရာမ်ိဳး မွာ သူတို႔ကို ရွင္းရွင္းလင္းလင္း ေျပာထားမယ္ဆိုရင္ အေထာက္အကူျဖစ္ႏိုင္ပါတယ္

တတိယအေနနဲ႔ မိဘေတြ ဟာ ကေလးေတြရဲ႕ ကိုယ့္ကိုယ္ကိုတန္ဖိုးထားစိတ္ကိုလည္း မထိခိုက္ေစသင့္ပါဘူး။ အဲဒီလိုဆူပူမာန္မဲတာဟာ သင့္အတြက္ ကေလးကိုမေက်နပ္ခ်က္ကို ေဖာ္ျပတာျဖစ္ေပမဲ့ ကေလးအတြက္က ေတာ့ စိတ္ဒဏ္ရာရသြားေစပါတယ္။ အဲဒါေၾကာင့္ သူတို႔ရဲ႕ ကိုယ့္ကိုယ္ကိုတန္ဖိုးထားမႈကို ထိခိုက္တာနဲ႔ တစ္ၿပိဳက္နက္ သူတို႔ရဲ႕ပုန္ကန္လိုစိတ္ေတြဟာ ပိုမိုထႂကြလာတတ္ပါတယ္။

အဲဒါေၾကာင့္ ကေလးေတြကို ဆူပူမာန္မဲၿပီး ေျပာတာဟာ မွန္ကန္တဲ့နည္းလမ္းမဟုတ္သလို သူတို႔ကိုလည္း ပိုဆိုးသြားေစပါတယ္။ မိဘေတြအေနနဲ႔ စိတ္တိုေနခ်ိန္မွာေတာင္ ကေလးေတြကို သူတို႔နားလည္ေအာင္ ခ်ိဳခ်ိဳသာသာ ေျပာဆိုဆုံးမသင့္ပါတယ္။

by Cherry Mon

Ref; Good Times

Credit:we media

 

Unicodeဖြင့်ဖတ်ရန်

 

ကလေးတွေကို ဆူပူခြင်းထက် ချိုချိုသာသာဆုံးမခြင်းက ပိုမိုထိရောက်မှုရှိ

 

ကလေးငယ်တွေဟာ သိလိုစိတ်ပြင်းပြကြပါတယ်။ သူတို့ပတ်ဝန်းကျင်ကအရာမှန်သမျှကို မေးမြန်းစူးစမ်းတတ် ကြပြီး အတုမြင် အတတ်သင် လွယ်ကြပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေရဲ့အမှားတွေနဲ့ အပြုအမူတွေ ကြောင့် စိတ်တိုဒေါသထွက်တဲ့အခါမှာ ကလေးတွေကို အမှန်ပြင်ပေးရမယ့်အစား အသံကိုမြှင့်ကာ အော်ဟစ် ဆူပူလေ့ရှိပြီး သင်ခန်းစာရအောင် အပြစ်ပေးတတ်ကြပါတယ်။

ဒါပေမဲ့ အဲဒီလိုလုပ်တာဟာ ကလေးတွေအတွက် အကောင်းထက် အဆိုးဘက်ကို ဦးတည်နေပါတယ်။ အဲဒီကိစ္စကို သုတေသနပြုလုပ် ခဲ့တဲ့ စိတ်ပညာရှင်တွေရဲ့ တွေ့ရှိချက်အရတော့ မိဘတွေအနေနဲ့ ဒေါသထွက်နေချိန်မှာ ကလေးတွေကို ညှင်ညှင်သာသာ စကားပြော တာဟာ သူတို့ကိုအော်ဟစ်ဆူပူတာထက်စာရင် သင့်စကားကို ပိုမို နားထောင်နိုင်စေပါတယ်။

ကလေးတွေဟာ သင်ယူလွယ်တာကြောင့် သူတို့ကိုပြောတဲ့ အသေးစိတ်အရာတိုင်းကို သတိရနေတတ်ပါတယ်။ အဲဒီလိုဆူပူပြောဆိုတာ ဟာ သူတို့မိဘတွေနဲ့ ဆက်ဆံရေးမှာရော သူတို့ရဲ့ကြီးပြင်းအရွယ်ရောက်လာမှုမှာပါ အဆိုးဘက်ရောက်တဲ့ သက်ရောက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ စိတ်ပညာရှင်တွေရဲ့အဆိုအရ မိဘတွေအနေနဲ့ ကလေးတွေကို အသံနှိမ့်ပြီးစကားပြောဖို့ နည်းလမ်း အနည်းငယ်ရှိပါတယ်။ အဲဒီနည်းလမ်းဟာ မိဘနဲ့ကလေး ကြား ဆက်ဆံရေးနဲ့ နားလည်မှုကို ပိုကောင်းအောင် တည်ဆောက်နိုင်ဖို့ ထိရောက်တဲ့နည်းလမ်းမျိုးပါပဲ။

ပထမဆုံးအနေနဲ့ မိဘတွေဟာ အသံအနိမ့်အမြင့်မှန်မှန်ကန်ကန်နဲ့ စကာလုံးကောင်းကောင်းကို ရွေးချယ် ပြောဆိုဖို့ လိုပါတယ်။ ဒါပေမဲ့ မိဘတွေအနေနဲ့ ကလေးတွေအမှားလုပ်မိတဲ့အခါ သူတို့ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ခက်ခဲကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့စိတ်ခံစားချက် ကို ဖွင့်ထုတ်မယ့်အစား “မေမေ သားကို ချစ်တယ် နော်၊ ဒါပေမဲ့ သားလုပ်တာက မမှန်ဘူးလေ” ဆိုတဲ့ စကားမျိုး ပြောနိုင်ပါတယ်။

ဒုတိယအနေနဲ့ မိဘတွေဟာ ကလေးတွေကို သူတို့ဖြစ်စေချင်တဲ့အတိုင်း ရှင်းရှင်းလင်းလင်း ပြောထားဖို့ လိုအပ် ပါတယ်။ ဥပမာ စူပါမားကတ်တစ်ခုထဲမှာဆိုရင် မလုပ်ရတဲ့ စည်းကမ်းတွေရှိတတ်တာကြောင့် အဲဒီလိုနေရာမျိုး မှာ သူတို့ကို ရှင်းရှင်းလင်းလင်း ပြောထားမယ်ဆိုရင် အထောက်အကူဖြစ်နိုင်ပါတယ်

တတိယအနေနဲ့ မိဘတွေ ဟာ ကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားစိတ်ကိုလည်း မထိခိုက်စေသင့်ပါဘူး။ အဲဒီလိုဆူပူမာန်မဲတာဟာ သင့်အတွက် ကလေးကိုမကျေနပ်ချက်ကို ဖော်ပြတာဖြစ်ပေမဲ့ ကလေးအတွက်က တော့ စိတ်ဒဏ်ရာရသွားစေပါတယ်။ အဲဒါကြောင့် သူတို့ရဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုကို ထိခိုက်တာနဲ့ တစ်ပြိုက်နက် သူတို့ရဲ့ပုန်ကန်လိုစိတ်တွေဟာ ပိုမိုထကြွလာတတ်ပါတယ်။

အဲဒါကြောင့် ကလေးတွေကို ဆူပူမာန်မဲပြီး ပြောတာဟာ မှန်ကန်တဲ့နည်းလမ်းမဟုတ်သလို သူတို့ကိုလည်း ပိုဆိုးသွားစေပါတယ်။ မိဘတွေအနေနဲ့ စိတ်တိုနေချိန်မှာတောင် ကလေးတွေကို သူတို့နားလည်အောင် ချိုချိုသာသာ ပြောဆိုဆုံးမသင့်ပါတယ်။

by Cherry Mon

Ref; Good Times

Credit:we media