Zawgyiျဖင့္ဖတ္ရန္

 

ဓမၼရိိပ္လႊမ္းသည့္ တို႔ိတိုင္းျပည္

ဗုဒၶဘာသာဝင္ပဲ ျဖစ္ျဖစ္ ၊မည္သည့္ဘာသာဝင္ပဲ ျဖစ္ျဖစ္ ကပ္သုံးပါးကိုေတာ့ အားလုံးေၾကာက္ရြံၾကပါလိမ့္မည္ ။ မိမိတို႔ လူသားမ်ိဳးႏြယ္အားလုံး အတုန္းအ႐ုန္း ေသဆုံးရသည့္ အျဖစ္ဆိုးမ်ိဳးကို ေတာ့ မည္သည့္ဘာသာဝင္မၽွ လိုလားၾကလိမ့္မည္မဟုတ္ပါ ။

ယခုအခ်ိန္၌ တ႐ုပ္ျပည္ ဝူဟန္ၿမိဳ႕မွ စတင္ခဲ့ေသာ corona virus ေၾကာင့္ တစ္ကမၻာလုံး ေခ်ာက္ခ်ားေနၾကရၿပီ ။

တ႐ုပ္ျပည္တြင္သာမက ကမၻာ့နိုင္ငံ ၇၀ ေက်ာ္အထိ ေရာဂါပိုးက ပ်ံႏွံ့ေနၿပီး ကမၻာ့ကပ္ေရာဂါဆိုးႀကီး Pendamic disease အသြင္ေျပာင္းလာေနၿပီ ။ ကပ္ေရာဂါဆိုးႀကီး pendamic တစ္ခုအျဖစ္ ကမၻာႀကီးကို ၿခိမ္းေျခာက္ေနၿပီျဖစ္သည္

။ၿမိဳ႕ေတြပိတ္ ၊ ေက်ာင္းေတြပိတ္ႏွင့္ ေရာဂါကူးစက္မွုကို ထိန္းခ်ဳပ္နိုင္ဖို႔ ႀကိဳးစားေနၾကရသည္ ။

စီးပြားေရးလုပ္ငန္းေတြလည္း ရပ္တန္္႔ကုန္ၾကၿပီ ။ ေရာဂႏၲရကပ္ေနာက္ဆက္တြဲအေနျဖင့္ စီးပြားပ်က္ကပ္ ၊ ငတ္မြတ္ေခါင္းပါးသည့္ ဒုဗၻိကၡ ႏၲရကပ္ လာလိမ့္ဦးမည္ ။ ငတ္လာၾကလၽွင္ ကမၻာမီးေလာင္ သားေတာင္ခ်နင္းဆိုသည့္အတိုင္း လုယက္သတ္ျဖတ္ၾကလိမ့္ဦးမည္ ။

ထိုအခါ စစ္မက္ေဘးအႏၲာရာယ္ သတၱႏၲရကပ္ လာလိမ့္ဦးမည္ ။ ထိုေၾကာက္စရာကပ္ဆိုးႀကီးေတြ၏ အရိပ္မည္းႀကီး လူသားေတြအေပၚ လႊမ္းျခဳံစျပဳလာၿပီ ။

ထိုိကပ္ဆိုးႀကီးမ်ားမွ လြတ္ေျမာက္နိုင္ဖို႔ မိိမိတို႔အားလုံး သတိရွိဖို႔လိုသည္ ။ ေရာဂါျဖစ္ျခင္း ၊ စီးပြားပ်က္ျခင္း ၊ ေသဆုံးရျခင္း တို႔သည္ ဘဝမ်ားစြာက မိမိိတို႔ျပဳလုပ္ထားခဲ့ေသာ အပရာပရိကကံေတြေၾကာင့္ျဖစ္သည္ ။ ေနာက္မွအရိပ္လိုလိုက္ေနသည့္ ထိုကံမ်ားကို႔တားနိုင္မွျဖစ္မည္ ။

ထိုိကံမ်ားကို တားနိုင္သည္က ဝိပႆနာအားထုတ္သည့္ ”ပထမေဇာ”ဟု မိုးကုတ္ဆရာေတာ္ႀကီးက ေဟာၾကားခဲ့သည္ ။ ပထမေဇာထဲတြင္္ ကံလည္းပါသည္ ၊ ဉာဏ္လည္းပါသည္ ။

ထိုကံ ၊ ဉာဏ္တို႔ျဖင့္ ေနာက္ကလိုက္လာသည့္ ကံေတြကို တားနိုင္သည္ဟု ဆရာေတာ္ဘုရားႀကီး အမိန္႔ရွိဖူးသည္ ။ ထို႔ေၾကာင့္ ကပ္ဆိုးႀကီးမ်ားမွ လြတ္ေျမာက္နိုင္ဖို႔ ဝိပႆနာတရား အားထုတ္ၾကပါဟု တိုက္တြန္းခ်င္သည္ ။

ယခုအခါ ဝူဟန္ဗိုင္းရပ္က တကမၻာလုံးနီးပါး ပ်ံႏံ႔ွံေနၿပီ ။ စကၤာပူ ၊ ကိုးရီးယား ၊ ဂ်ပန္နိုင္ငံမ်ားဆီ ေရာဂါပိုးမ်ား ေရာက္သြားသည့္ အျပင္ အီရန္က်န္းမာေရး ဒုဝန္ႀကီး ၊ အီရန္ဒုသမၼတတို႔ကိုပါ ခ်မ္းသာမေပး ။

တ႐ုပ္ႏွင့္ အဆက္အဆံမရွိသည့္ အီတလီထိလည္း ခရီးဆန္႔သြားၾကၿပီ ။ သို႔ေပမဲ့ ကီလိုမီတာ ႏွစ္ေထာင္ေက်ာ္ နယ္နိမိတ္ခ်င္း ဆက္စပ္ေနၿပီး တ႐ုပ္လူမ်ိဳးေတြႏွင့္ ေထြးေရာယွက္တင္ ကူးလူးဆက္ဆံေနၾကသည့္ တ႐ုပ္ႏွင့္ အိမ္နီးခ်င္း မိမိတို႔နိုင္ငံမွာေတာ့ ေရာဂါကူးစက္သည္ကို မၾကားရေသး ။

ပထမေတာ့ ျမန္မာျပည္တြင္ ေသေသခ်ာခ်ာ တိတိက်က် တိုင္းတာနိုင္သည့္ ပစၥည္းကရိယာမ်ား မရွိေသာေၾကာင့္ေသာ္လည္းေကာင္း ၊ေဆးပညာကၽြမ္းက်င္မွု မရွိေသာေၾကာင့္ ေသာ္လည္းေကာင္း ကူးစက္ေနျခင္းကို မသိျခင္းသာဟု ထင္ခဲ့မိသည္ ။

သိုိ႔ေပမဲ့ ယခုမတ္လထဲေရာက္သည္အထိ ေရာဂါကူးစက္မွု ၊ ေသဆုံးမွုတို႔ကို မၾကားရေသး ။ အကယ္၍ ေရာဂါျဖစ္ပြားမွု ၊ ေသေၾကပ်က္စီးမွုသာ ရွိခဲ့လၽွင္ လင္မယားရန္ျဖစ္သည္ကအစ face book တင္ေနသည့္ ယခုလို ပြင့္လင္းျမင္သာ မီဒီယာေခတ္ႀကီးတြင္ face book ေပၚတြင္ ပလူပ်ံေနေလာက္ၿပီ။

မည္သည့္အဖြဲ႕အစည္းကမွ ဖုံးဖိိထား၍ ရမည္မဟုတ္ ။ အမွန္တကယ္ ကူးစက္မွု ၊ ေရာဂါေၾကာင့္ ေသေၾကပ်က္စီးမွု မရွိ၍သာ face book ေပၚတြင္ မေတြ႕ရျခင္းျဖစ္သည္ ။

UK ၏ နာမည္ႀကီးသတင္းစာ The Sun ကလည္း မတ္လ ၃ ရက္ေန႔ထုတ္ သတင္းစာတြင္ ျမန္မာနိုင္ငံကို ကိုရိုနာဗိုင္းရပ္စ္ ကင္းစင္သာ နိုင္ငံအျဖစ္ ေဖာ္ျပလိုက္သည္ကို ဖတ္လိုက္ရသည္ ။

တစ္ကမၻာလုံးကို ကူးစက္ျပန္႔ပြားေနပါလၽွက္္ ျမန္မာလူမ်ိဳးေတြမွာ မကူးစက္မျပန္႔ပြားျခင္းသည္ အလြန္အံေၾသာစရာ ေကာင္းလြန္းသည့္ ထူးျခားခ်က္ တစ္ခုျဖစ္ေနသည္ ။ထိုထူးျခားခ်က္ႏွင့္ ပတ္သက္ၿပီး Kelvin Albert Power ၏ ထင္ျမင္ယူဆခ်က္ ( hypothesis) တစ္ခုကို ဖတ္မိလိုက္သည္ ။

သူက ျမန္မာလူမ်ိဳးတို႔၏ ေသြးထဲတြင္္ corona virusကိုကာကြယ္ေပးနိုင္သည့္ antibody တစ္မ်ိဳးမ်ိဳး အေၾကာင္းတစ္ခုခုေၾကာင့္ အလိုလိုရွိႏွင့္ေနေသာေၾကာင့္ဟု ယူဆသည္ ။ တျခားလူမ်ိဳးမ်ားထံတြင္ မေတြ႕ရသေလာက္နည္းေသာ္လည္း ျမန္မာလူမ်ိဳးတိုင္း၏ ေသြးထဲမွာသာလၽွင္ အမ်ားဆုံးေတြ႕ရသည့္

( Ede 1-C 10 ၊ Ede2-A11 ၊ Ede2- B7) ဆိုသည့္ human antibodies သုံးမ်ိဳးထဲက တစ္မ်ိဳးမ်ိဳးေၾကာင့္ corona virusကို ကာကြယ္နိုင္စြမ္း ရွိေနျခင္း ျဖစ္နိုင္သည္တဲ့ ။

ညစ္ပတ္စုုတ္ျပတ္သည့္ ေျမာင္းပုတ္ေရပုတ္ေတြမ်ားသည့္္ တိုင္းျပည္ဆိုေတာ့ ျခင္အကိုက္မခံရသည့္ ျမန္မာလူမ်ိဳးဟုမရွိ ။ ေရဆိုးအိုင္ေတြထဲ ေပါက္ဖြားရွင္သန္ၾကၿပီ

း ေန႔ခင္းေန႔လည္ ထြက္ကိုက္တတ္သည့္ ျခင္ပုန္းမ်ားက သယ္ေဆာင္လာသည့္ ေသြးလြန္တုပ္ေကြး ( Dengue) ေရာဂါကို ျဖစ္ေစတတ္ေသာ ဗိုင္းရပ္ပိုးေလးမ်ိဳးကို ခုခံကာကြယ္ဖို႔အတြက္ ျမန္မာလူမ်ိဳးမ်ား၏ ခုခံမွုစနစ္ထဲတြင္ ထိုantibodies မ်ား ရွိႏွင့္ေနၿပီး ျဖစ္သည္တဲ့ ။

တိုးတက္သည့္နိုိင္ငံမ်ား ၊ ရာသီဥတုေအးခ်မ္းသည့္ နိုိင္ငံေတြ၌ ျခင္မရွိေသာေၾကာင့္ ထိုနိုင္ငံရွိလူမ်ား၏ ေသြးထဲတြင္ ထိုantibodiesမ်ားမရွိ ။ ထို႔ေၾကာင့္ တ႐ုပ္ ၊ ဂ်ပန္ ၊ အီတလီ ၊ ကိုးရီးယား ၊ အဂၤလိပ္ ၊အေမရိကန္ နိုင္ငံသားမ်ား၏ ကိုယ္ခံအားစနစ္ထဲတြင္ ထို antibodiesမ်ားမရွိၾက ။

သို႔ေပမဲ့လည္း ျခင္ေပါသည့္ တိုင္းျပည္မ်ားတြင္ ေနထိုင္ၾကရသည့္ ျမန္မာ ၊ ဘဂၤလားေဒ့ရွ္ ႏွင့္ လာအိုလူမ်ိဳးတို႔တြင္ေတာ့ အမ်ားအျပားရွိသည္ ။ ထို႔ေၾကာင့္ တစ္ကမၻာလုံး ေရာဂါကူးစက္ေနေသာ္လည္း ျမန္မာ ၊

ဘဂၤလားေဒ့ရွ္ ၊ လာအို ၊ ဘ႐ူနိုင္းႏွင့္ အေရွ႕တီေမာတို႔တြင္ ယခုထိေရာဂါကူးစက္မွု မရွိေသးျခင္း ျဖစ္သည္တဲ့ ။

ၿပီးေတာ့ ေသြးလြန္တုုပ္ေကြး ျဖစ္ေစသည့္ virus ႏွင့္ corona virus ႏွစ္မ်ိဳးစလုံးသည္ single strand RNA virus ေတြ ျဖစ္ၾကသည္တဲ့ ။ ၿပီးေတာ့ မ်က္ႏွာျပင္ေပၚရွိ ပရိုတိန္းအမ်ိဳးအစားကလည္း တိုက္တိုက္ဆိုင္ဆိုင္ သြားတူေနပါသတဲ့ ။

သည္ေတာ့ ေသြးထဲရွိ antibodies မ်ားက ဝူဟန္ကိုရိုနာ ဗိုင္းရပ္စ္ကို ေသြးလြန္တုပ္ေကြး ဗိုင္းရပ္စ္လို႔ အမွတ္မွားၿပီး မွားယြင္းတိုက္ခိုက္မိတာ ျဖစ္နိုင္ပါတယ္တဲ့ ။ ဒါေၾကာင့္ ျမန္မာေတြ ဝူဟန္ဗိုင္းရပ္စ္ ကူစက္ခံရေစဦးေတာ့

ေသြးထဲရွိ antibodiesေတြရဲ့ တိုက္ခိုက္မွုေၾကာင့္ ဗိုင္းရပ္စ္ေသသြားသည့္အတြက္ ေရာဂါကူးစက္ျပန္႔ပြားမွု မရွိျခင္း ျဖစ္နိုင္ပါသည္တဲ့ ။ သု႔အယူအဆအရဆိုလၽွင္ ဆင္းရဲသားျဖစ္ျခင္းကိုပဲ ဂုဏ္ယူရေတာ့မလိုလို ။

ဘာပဲျဖစ္ျဖစ္ သူ႔အယူအဆသာ မွန္လၽွင္ေတာ့ ျမန္မာေတြ လက္ခေမာင္းခတ္သင့္ၿပီ ။တျခားလူမ်ိဳးေတြမွာ မရွိဘဲ မိမိတို႔ေသြးတြင္းမွာသာ ရွိသည့္ antibodies မ်ားသည္ ဘုရားေပးသည့္ဆုဟု ဆိုရမလိုျဖစ္ေနၿပီ ။

သို႔ေပမဲ့ သူ၏တင္ျပခ်က္သည္ ထင္ျမင္ယူဆခ်က္ hypothesis တစ္ခုသာျဖစ္သည္ ။ သုေတသနခိုင္ခိုင္မာမာႏွင့္ ေတြ႕ရွိခ်က္တစ္ခု မဟုတ္ပါ ။ အမွန္တရားဟု ေလွနံဓားထစ္ ယူဆ၍ေတာ့မရပါ ။

ဝမ္းသာစရာဟု ဆိုနိုင္ေသာ္လည္း ငါတို႔မကူးနိုင္ဘူးဟု ယူဆကာ ေပါ့ေပါေလ်ာ့ေလ်ာ့ မေနသင့္္ပါ ။ မကူးစက္နိုိင္ဟုထင္ၿပီး ကာကြယ္ေရးလုပ္ငန္းမ်ားကို လ်စ္လ်ဴရွုကာ ေပါ့ေပါ့ဆဆ ေနလၽွင္ေတာ့ ကံကိုယုံၿပီး ဆူးပုံနင္းသလို ျဖစ္ေနပါလိမ့္မည္ ။

ထို႔ျပင္ ထိုိယူဆခ်က္သည္ အေျခအျမစ္မရွိေၾကာင္း ၊ ျဖစ္နိုိင္ေျခမရွိေၾကာင္း အျခားေဆးသိပၸံပညာရွင္တို႔၏ ေခ်ပခ်က္မ်ားကိုလည္း သိထားသင့္သည္ ။ virus တစ္မ်ိဳးႏွင့္တစ္မ်ိဳး အေပၚယံတူသေယာင္ ထင္ရေသာ္လည္း အလုံးစုံတူဖို႔ ဆိုသည္မွာ လုံးဝမျဖစ္နိုင္ေၾကာင္း ၊

မ်ိဳးစိတ္တစ္ခုထဲမွာပင္လၽွင္ အသြင္ကြဲ ဗီဇေျပာင္းမ်ားရွိေၾကာင္း ဆိုၾကသည္ ။ မ်ိဳးဗီဇထပ္တူမဟုတ္လၽွင္ ကာကြယ္နိုင္စြမ္းမရွိေၾကာင္း ၊ H1N1 ကိုကာကြယ္နိုင္သည့္ antibody သည္ H1N5 ကိုမကာကြယ္နိုင္ေၾကာင္း တင္ျပၾကျခင္းကိုလည္း သတိျပဳဖို႔လိုသည္ ။

လူမ်ိဳး၏ မ်ိဳးရိုးဗီဇေၾကာင့္္ ၊ antibodies မ်ားေၾကာင့္ မဟုတ္လၽွင္ေတာ့ ေရာဂါမကူးစက္ရျခင္း၏ အေၾကာင္းရင္းသည္ တစ္ခုသာရွိေတာ့သည္ ။ ျမတ္ဗုဒၶ၏ ႏွုတ္ကပါဌ္ေတာ္ ပရိတ္တရားေတာ္မ်ား၏ အစြမ္းေၾကာင့္ျဖစ္ရမည္ ။

ယခုအခ်ိန္တြင္ ျမန္မာျပည္တြင္ အရိယာမ်ား မဆိတ္သုဥ္းေသး ။ လူမ်ား ကိုယ္က်င့္သီလ ပ်က္ေနၾကၿပီဟု ဆိုနိုင္ေသာ္လည္း အရိယာမ်ား ၊ သီလသမာဓိစင္ၾကယ္သူမ်ား ျမန္မာျပည္တစ္နံတစ္လ်ား အေျမာက္အမ်ားရွိေသးသည္ ။

သူတို႔၏ ေမတၱာစြမ္းအား ၊ သူတို႔ရြတ္ဖတ္ၾကသည့္ ပရိတ္တရားေတာ္၏ အစြမ္းက ျမန္မာျပည္သူျပည္သားမ်ား ကပ္ဆိုးႀကီးမ်ားမက်ေရာက္ရေလေအာင္ ကာကြယ္ေပးနိုင္လိမ့္မည္မွာ ေသခ်ာသည္ ။

ဘုရားရွင္လက္ထက္ေတာ္္ ေဝသာလီျပည္တြင္ ေဘးဆိုးကပ္ဆိုးႀကီး က်ေရာက္သည့္အခါတြင္လည္း ဘုရားရွင္က ရတနာ့သုတ္ပရိတ္ကို ရွင္အာနႏၵာအားသင္ၾကားေပးၿပီး ရြတ္ဖတ္ေစေသာေၾကာင့္ ထိုကပ္ဆိုးႀကီး ကင္းၿငိမ္းသြားခဲ့ဖူးသည္ ။

လယ္တီဆရာေတာ္ဘုုရားႀကီး ၊ ေဝဘူဆရာေတာ္ဘုရားႀကီး တို႔ိလက္ထက္ေတာ္ကလည္း ျမန္မာျပည္တြင္ ေရာဂါကပ္ဆိုးႀကီးမ်ား က်ေရာက္သည့္အခါ ပရိတ္တရားေတာ္မ်ား ရြတ္ဖတ္ေပးၿပီး လူအေပါင္းအား ေဘးအႏၲရာယ္ဆိုးႀကီးမွ ကယ္တင္ေပးခဲ့ဖူးသည္ ။

ေတာင္တန္းသာသနာျပဳဆရာေတာ္ႀကီးကလည္း မုန္တိုင္းမ်က္စိထဲ စိတ္ညႊတ္ၿပီး မုန္တိုင္းလမ္းေၾကာင္း ေျပာင္းသြားေအာင္ စြမ္းေဆာင္ေပးေၾကာင္း ကိုယ္တိုင္မိန္႔ၾကားသည္ကို ၾကားဖူးခဲ့သည္ ။

မိုးေခါင္သည့္အခါ အခါမဲ့မိုးရြာသြန္းေအာင္ ပရိတ္ရြတ္ဖတ္ၿပီး စြမ္းေဆာင္ေပးနိုင္ခဲ့ေသာ လယ္တီဆရာေတာ္ႀကီးကဲ့သို႔ အရိယာမ်ား သမိုင္းတြင္ အထင္အရွားရွိခဲ့ဖူးသည္ ။

ထိုကဲ့သို႔ သူေတာ္ေကာင္းမ်ား၏ ေမတၱာရိပ္ေအာက္တြင္ ေနထိုင္ၾကရေသာ ျမန္မာလူမ်ိဳးမ်ား ကံေကာင္းၾကပါသည္ ။

ဝိပႆနာထြန္းကားသည့္ တိုင္းျပည္ျဖစ္ေသာေၾကာင့္ ဝိပႆနာတရားအားထုတ္သူအသီးသီး၏ ပထမေဇာမ်ားက သူ႔မိသားစု ၊ သူ႔ပတ္ဝန္းက်င္ရွိ လူအမ်ား ကပ္ဆိုးႀကီးမွ ကင္းေဝးေအာင္ စြမ္းေဆာင္ေပးနိုင္ၾကပါလိမ့္မည္ ။.

ထို႔ေၾကာင့္ ဘုရားရွင္ကို ယုံၾကည္ကိုးကြယ္ၿပီး ငါးပါးသီလ လုံျခဳံေအာင္ ေစာင့္ထိန္းျခင္း ၊ ပရိိတ္တရားေတာ္မ်ား ရြတ္ဖတ္နာၾကားျခင္း ၊ ဝိပႆနာတရား အားထုတ္ျခင္းတို႔ကို ယုံယုံၾကည္ၾကည္ ျပဳလုပ္ျခင္းျဖင့္ ဝူဟန္ကပ္ဆိုးႀကီးကို ေရွာင္ရွားနိုင္ပါလိမ့္မည္ ။

တိိဗက္ေဒသမွလြဲ၍ တ႐ုပ္ျပည္တစ္ျပည္လုံး ဝူဟန္ဗိုင္းရပ္စ္ ပ်ံ႕့ႏွံ့သြားၿပီျဖစ္ေၾကာင္း ၊ ထိန္းခ်ဳပ္ဖို႔ိ ခက္ခဲေနေၾကာင္း ဝူက်င့္ဖ်င္၏ ဝန္ခံခ်က္ကလည္း ထိုအခ်က္မွန္ကန္ေၾကာင္း သက္ေသတစ္ခု ျဖစ္ပါသည္ ။

သို႔အတြက္ antibodies မ်ားေၾကာင့္ ၊ မ်ိဳးရိုးဗီဇေၾကာင့္္ မကူးစက္နိုင္ဟု တရားေသမွတ္ယူၿပီး ေပါ့ေပါ့ဆဆ မေနၾကဘဲ က်န္းမာေရး႒ာနမွ ထုတ္ျပန္ေသာ ကာကြယ္ေရးလမ္းညႊန္ခ်က္မ်ားကို

အျပည့္အဝ လိုက္နာရင္း တစ္ဖက္ကလည္း ပရိတ္တရားေတာ္မ်ား ရြတ္ဖတ္နာယူၿပီး ဝိပႆနာတရားကို ပို၍ႀကိဳးႀကိဳးစားစား အားထုတ္ၾကဖို႔ တိုက္တြန္းလိုက္ရပါသည္ ။

ေမတၱာျဖင့္္…..

Credit:ထင္ေက်ာ္ (စက္မွုတကၠသိုလ္)

 

Unicodeဖြင့်ဖတ်ရန်

 

ဓမ္မရိပ်လွှမ်းသဖြင့် ကပ်ဘေးကင်းသည့့် တိုင်းပြည်

 

ဓမ္မရိပ်လွှမ်းသည့် တို့ိတိုင်းပြည်

ဗုဒ္ဓဘာသာဝင်ပဲ ဖြစ်ဖြစ် ၊မည်သည့်ဘာသာဝင်ပဲ ဖြစ်ဖြစ် ကပ်သုံးပါးကိုတော့ အားလုံးကြောက်ရွံကြပါလိမ့်မည် ။ မိမိတို့ လူသားမျိုးနွယ်အားလုံး အတုန်းအရုန်း သေဆုံးရသည့် အဖြစ်ဆိုးမျိုးကို တော့ မည်သည့်ဘာသာဝင်မျှ လိုလားကြလိမ့်မည်မဟုတ်ပါ ။

ယခုအချိန်၌ တရုပ်ပြည် ဝူဟန်မြို့မှ စတင်ခဲ့သော corona virus ကြောင့် တစ်ကမ္ဘာလုံး ချောက်ချားနေကြရပြီ ။

တရုပ်ပြည်တွင်သာမက ကမ္ဘာ့နိုင်ငံ ၇၀ ကျော်အထိ ရောဂါပိုးက ပျံနှံ့နေပြီး ကမ္ဘာ့ကပ်ရောဂါဆိုးကြီး Pendamic disease အသွင်ပြောင်းလာနေပြီ ။ ကပ်ရောဂါဆိုးကြီး pendamic တစ်ခုအဖြစ် ကမ္ဘာကြီးကို ခြိမ်းခြောက်နေပြီဖြစ်သည်

။မြို့တွေပိတ် ၊ ကျောင်းတွေပိတ်နှင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြရသည် ။

စီးပွားရေးလုပ်ငန်းတွေလည်း ရပ်တန့််ကုန်ကြပြီ ။ ရောဂန္တရကပ်နောက်ဆက်တွဲအနေဖြင့် စီးပွားပျက်ကပ် ၊ ငတ်မွတ်ခေါင်းပါးသည့် ဒုဗ္ဘိက္ခ န္တရကပ် လာလိမ့်ဦးမည် ။ ငတ်လာကြလျှင် ကမ္ဘာမီးလောင် သားတောင်ချနင်းဆိုသည့်အတိုင်း လုယက်သတ်ဖြတ်ကြလိမ့်ဦးမည် ။

ထိုအခါ စစ်မက်ဘေးအန္တာရာယ် သတ္တန္တရကပ် လာလိမ့်ဦးမည် ။ ထိုကြောက်စရာကပ်ဆိုးကြီးတွေ၏ အရိပ်မည်းကြီး လူသားတွေအပေါ် လွှမ်းခြုံစပြုလာပြီ ။

ထိုကပ်ဆိုးကြီးများမှ လွတ်မြောက်နိုင်ဖို့ မိမိတို့အားလုံး သတိရှိဖို့လိုသည် ။ ရောဂါဖြစ်ခြင်း ၊ စီးပွားပျက်ခြင်း ၊ သေဆုံးရခြင်း တို့သည် ဘဝများစွာက မိမိတို့ပြုလုပ်ထားခဲ့သော အပရာပရိကကံတွေကြောင့်ဖြစ်သည် ။ နောက်မှအရိပ်လိုလိုက်နေသည့် ထိုကံများကို့တားနိုင်မှဖြစ်မည် ။

ထိုကံများကို တားနိုင်သည်က ဝိပဿနာအားထုတ်သည့် ”ပထမဇော”ဟု မိုးကုတ်ဆရာတော်ကြီးက ဟောကြားခဲ့သည် ။ ပထမဇောထဲတွင် ကံလည်းပါသည် ၊ ဉာဏ်လည်းပါသည် ။

ထိုကံ ၊ ဉာဏ်တို့ဖြင့် နောက်ကလိုက်လာသည့် ကံတွေကို တားနိုင်သည်ဟု ဆရာတော်ဘုရားကြီး အမိန့်ရှိဖူးသည် ။ ထို့ကြောင့် ကပ်ဆိုးကြီးများမှ လွတ်မြောက်နိုင်ဖို့ ဝိပဿနာတရား အားထုတ်ကြပါဟု တိုက်တွန်းချင်သည် ။

ယခုအခါ ဝူဟန်ဗိုင်းရပ်က တကမ္ဘာလုံးနီးပါး ပျံနံ့ှံနေပြီ ။ စင်္ကာပူ ၊ ကိုးရီးယား ၊ ဂျပန်နိုင်ငံများဆီ ရောဂါပိုးများ ရောက်သွားသည့် အပြင် အီရန်ကျန်းမာရေး ဒုဝန်ကြီး ၊ အီရန်ဒုသမ္မတတို့ကိုပါ ချမ်းသာမပေး ။

တရုပ်နှင့် အဆက်အဆံမရှိသည့် အီတလီထိလည်း ခရီးဆန့်သွားကြပြီ ။ သို့ပေမဲ့ ကီလိုမီတာ နှစ်ထောင်ကျော် နယ်နိမိတ်ချင်း ဆက်စပ်နေပြီး တရုပ်လူမျိုးတွေနှင့် ထွေးရောယှက်တင် ကူးလူးဆက်ဆံနေကြသည့် တရုပ်နှင့် အိမ်နီးချင်း မိမိတို့နိုင်ငံမှာတော့ ရောဂါကူးစက်သည်ကို မကြားရသေး ။

ပထမတော့ မြန်မာပြည်တွင် သေသေချာချာ တိတိကျကျ တိုင်းတာနိုင်သည့် ပစ္စည်းကရိယာများ မရှိသောကြောင့်သော်လည်းကောင်း ၊ဆေးပညာကျွမ်းကျင်မှု မရှိသောကြောင့် သော်လည်းကောင်း ကူးစက်နေခြင်းကို မသိခြင်းသာဟု ထင်ခဲ့မိသည် ။

သို့ပေမဲ့ ယခုမတ်လထဲရောက်သည်အထိ ရောဂါကူးစက်မှု ၊ သေဆုံးမှုတို့ကို မကြားရသေး ။ အကယ်၍ ရောဂါဖြစ်ပွားမှု ၊ သေကြေပျက်စီးမှုသာ ရှိခဲ့လျှင် လင်မယားရန်ဖြစ်သည်ကအစ face book တင်နေသည့် ယခုလို ပွင့်လင်းမြင်သာ မီဒီယာခေတ်ကြီးတွင် face book ပေါ်တွင် ပလူပျံနေလောက်ပြီ။

မည်သည့်အဖွဲ့အစည်းကမှ ဖုံးဖိထား၍ ရမည်မဟုတ် ။ အမှန်တကယ် ကူးစက်မှု ၊ ရောဂါကြောင့် သေကြေပျက်စီးမှု မရှိ၍သာ face book ပေါ်တွင် မတွေ့ရခြင်းဖြစ်သည် ။

UK ၏ နာမည်ကြီးသတင်းစာ The Sun ကလည်း မတ်လ ၃ ရက်နေ့ထုတ် သတင်းစာတွင် မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သာ နိုင်ငံအဖြစ် ဖော်ပြလိုက်သည်ကို ဖတ်လိုက်ရသည် ။

တစ်ကမ္ဘာလုံးကို ကူးစက်ပြန့်ပွားနေပါလျှက် မြန်မာလူမျိုးတွေမှာ မကူးစက်မပြန့်ပွားခြင်းသည် အလွန်အံသြောစရာ ကောင်းလွန်းသည့် ထူးခြားချက် တစ်ခုဖြစ်နေသည် ။ထိုထူးခြားချက်နှင့် ပတ်သက်ပြီး Kelvin Albert Power ၏ ထင်မြင်ယူဆချက် ( hypothesis) တစ်ခုကို ဖတ်မိလိုက်သည် ။

သူက မြန်မာလူမျိုးတို့၏ သွေးထဲတွင် corona virusကိုကာကွယ်ပေးနိုင်သည့် antibody တစ်မျိုးမျိုး အကြောင်းတစ်ခုခုကြောင့် အလိုလိုရှိနှင့်နေသောကြောင့်ဟု ယူဆသည် ။ တခြားလူမျိုးများထံတွင် မတွေ့ရသလောက်နည်းသော်လည်း မြန်မာလူမျိုးတိုင်း၏ သွေးထဲမှာသာလျှင် အများဆုံးတွေ့ရသည့်

( Ede 1-C 10 ၊ Ede2-A11 ၊ Ede2- B7) ဆိုသည့် human antibodies သုံးမျိုးထဲက တစ်မျိုးမျိုးကြောင့် corona virusကို ကာကွယ်နိုင်စွမ်း ရှိနေခြင်း ဖြစ်နိုင်သည်တဲ့ ။

ညစ်ပတ်စုတ်ပြတ်သည့် မြောင်းပုတ်ရေပုတ်တွေများသည့်် တိုင်းပြည်ဆိုတော့ ခြင်အကိုက်မခံရသည့် မြန်မာလူမျိုးဟုမရှိ ။ ရေဆိုးအိုင်တွေထဲ ပေါက်ဖွားရှင်သန်ကြပြီ

း နေ့ခင်းနေ့လည် ထွက်ကိုက်တတ်သည့် ခြင်ပုန်းများက သယ်ဆောင်လာသည့် သွေးလွန်တုပ်ကွေး ( Dengue) ရောဂါကို ဖြစ်စေတတ်သော ဗိုင်းရပ်ပိုးလေးမျိုးကို ခုခံကာကွယ်ဖို့အတွက် မြန်မာလူမျိုးများ၏ ခုခံမှုစနစ်ထဲတွင် ထိုantibodies များ ရှိနှင့်နေပြီး ဖြစ်သည်တဲ့ ။

တိုးတက်သည့်နိုင်ငံများ ၊ ရာသီဥတုအေးချမ်းသည့် နိုင်ငံတွေ၌ ခြင်မရှိသောကြောင့် ထိုနိုင်ငံရှိလူများ၏ သွေးထဲတွင် ထိုantibodiesများမရှိ ။ ထို့ကြောင့် တရုပ် ၊ ဂျပန် ၊ အီတလီ ၊ ကိုးရီးယား ၊ အင်္ဂလိပ် ၊အမေရိကန် နိုင်ငံသားများ၏ ကိုယ်ခံအားစနစ်ထဲတွင် ထို antibodiesများမရှိကြ ။

သို့ပေမဲ့လည်း ခြင်ပေါသည့် တိုင်းပြည်များတွင် နေထိုင်ကြရသည့် မြန်မာ ၊ ဘင်္ဂလားဒေ့ရှ် နှင့် လာအိုလူမျိုးတို့တွင်တော့ အများအပြားရှိသည် ။ ထို့ကြောင့် တစ်ကမ္ဘာလုံး ရောဂါကူးစက်နေသော်လည်း မြန်မာ ၊

ဘင်္ဂလားဒေ့ရှ် ၊ လာအို ၊ ဘရူနိုင်းနှင့် အရှေ့တီမောတို့တွင် ယခုထိရောဂါကူးစက်မှု မရှိသေးခြင်း ဖြစ်သည်တဲ့ ။

ပြီးတော့ သွေးလွန်တုပ်ကွေး ဖြစ်စေသည့် virus နှင့် corona virus နှစ်မျိုးစလုံးသည် single strand RNA virus တွေ ဖြစ်ကြသည်တဲ့ ။ ပြီးတော့ မျက်နှာပြင်ပေါ်ရှိ ပရိုတိန်းအမျိုးအစားကလည်း တိုက်တိုက်ဆိုင်ဆိုင် သွားတူနေပါသတဲ့ ။

သည်တော့ သွေးထဲရှိ antibodies များက ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ်ကို သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်လို့ အမှတ်မှားပြီး မှားယွင်းတိုက်ခိုက်မိတာ ဖြစ်နိုင်ပါတယ်တဲ့ ။ ဒါကြောင့် မြန်မာတွေ ဝူဟန်ဗိုင်းရပ်စ် ကူစက်ခံရစေဦးတော့

သွေးထဲရှိ antibodiesတွေရဲ့ တိုက်ခိုက်မှုကြောင့် ဗိုင်းရပ်စ်သေသွားသည့်အတွက် ရောဂါကူးစက်ပြန့်ပွားမှု မရှိခြင်း ဖြစ်နိုင်ပါသည်တဲ့ ။ သု့အယူအဆအရဆိုလျှင် ဆင်းရဲသားဖြစ်ခြင်းကိုပဲ ဂုဏ်ယူရတော့မလိုလို ။

ဘာပဲဖြစ်ဖြစ် သူ့အယူအဆသာ မှန်လျှင်တော့ မြန်မာတွေ လက်ခမောင်းခတ်သင့်ပြီ ။တခြားလူမျိုးတွေမှာ မရှိဘဲ မိမိတို့သွေးတွင်းမှာသာ ရှိသည့် antibodies များသည် ဘုရားပေးသည့်ဆုဟု ဆိုရမလိုဖြစ်နေပြီ ။

သို့ပေမဲ့ သူ၏တင်ပြချက်သည် ထင်မြင်ယူဆချက် hypothesis တစ်ခုသာဖြစ်သည် ။ သုတေသနခိုင်ခိုင်မာမာနှင့် တွေ့ရှိချက်တစ်ခု မဟုတ်ပါ ။ အမှန်တရားဟု လှေနံဓားထစ် ယူဆ၍တော့မရပါ ။

ဝမ်းသာစရာဟု ဆိုနိုင်သော်လည်း ငါတို့မကူးနိုင်ဘူးဟု ယူဆကာ ပေါ့ပေါလျော့လျော့ မနေသင့်ပါ ။ မကူးစက်နိုင်ဟုထင်ပြီး ကာကွယ်ရေးလုပ်ငန်းများကို လျစ်လျူရှုကာ ပေါ့ပေါ့ဆဆ နေလျှင်တော့ ကံကိုယုံပြီး ဆူးပုံနင်းသလို ဖြစ်နေပါလိမ့်မည် ။

ထို့ပြင် ထိုယူဆချက်သည် အခြေအမြစ်မရှိကြောင်း ၊ ဖြစ်နိုင်ခြေမရှိကြောင်း အခြားဆေးသိပ္ပံပညာရှင်တို့၏ ချေပချက်များကိုလည်း သိထားသင့်သည် ။ virus တစ်မျိုးနှင့်တစ်မျိုး အပေါ်ယံတူသယောင် ထင်ရသော်လည်း အလုံးစုံတူဖို့ ဆိုသည်မှာ လုံးဝမဖြစ်နိုင်ကြောင်း ၊

မျိုးစိတ်တစ်ခုထဲမှာပင်လျှင် အသွင်ကွဲ ဗီဇပြောင်းများရှိကြောင်း ဆိုကြသည် ။ မျိုးဗီဇထပ်တူမဟုတ်လျှင် ကာကွယ်နိုင်စွမ်းမရှိကြောင်း ၊ H1N1 ကိုကာကွယ်နိုင်သည့် antibody သည် H1N5 ကိုမကာကွယ်နိုင်ကြောင်း တင်ပြကြခြင်းကိုလည်း သတိပြုဖို့လိုသည် ။

လူမျိုး၏ မျိုးရိုးဗီဇကြောင့်် ၊ antibodies များကြောင့် မဟုတ်လျှင်တော့ ရောဂါမကူးစက်ရခြင်း၏ အကြောင်းရင်းသည် တစ်ခုသာရှိတော့သည် ။ မြတ်ဗုဒ္ဓ၏ နှုတ်ကပါဌ်တော် ပရိတ်တရားတော်များ၏ အစွမ်းကြောင့်ဖြစ်ရမည် ။

ယခုအချိန်တွင် မြန်မာပြည်တွင် အရိယာများ မဆိတ်သုဉ်းသေး ။ လူများ ကိုယ်ကျင့်သီလ ပျက်နေကြပြီဟု ဆိုနိုင်သော်လည်း အရိယာများ ၊ သီလသမာဓိစင်ကြယ်သူများ မြန်မာပြည်တစ်နံတစ်လျား အမြောက်အများရှိသေးသည် ။

သူတို့၏ မေတ္တာစွမ်းအား ၊ သူတို့ရွတ်ဖတ်ကြသည့် ပရိတ်တရားတော်၏ အစွမ်းက မြန်မာပြည်သူပြည်သားများ ကပ်ဆိုးကြီးများမကျရောက်ရလေအောင် ကာကွယ်ပေးနိုင်လိမ့်မည်မှာ သေချာသည် ။

ဘုရားရှင်လက်ထက်တော် ဝေသာလီပြည်တွင် ဘေးဆိုးကပ်ဆိုးကြီး ကျရောက်သည့်အခါတွင်လည်း ဘုရားရှင်က ရတနာ့သုတ်ပရိတ်ကို ရှင်အာနန္ဒာအားသင်ကြားပေးပြီး ရွတ်ဖတ်စေသောကြောင့် ထိုကပ်ဆိုးကြီး ကင်းငြိမ်းသွားခဲ့ဖူးသည် ။

လယ်တီဆရာတော်ဘုရားကြီး ၊ ဝေဘူဆရာတော်ဘုရားကြီး တို့ိလက်ထက်တော်ကလည်း မြန်မာပြည်တွင် ရောဂါကပ်ဆိုးကြီးများ ကျရောက်သည့်အခါ ပရိတ်တရားတော်များ ရွတ်ဖတ်ပေးပြီး လူအပေါင်းအား ဘေးအန္တရာယ်ဆိုးကြီးမှ ကယ်တင်ပေးခဲ့ဖူးသည် ။

တောင်တန်းသာသနာပြုဆရာတော်ကြီးကလည်း မုန်တိုင်းမျက်စိထဲ စိတ်ညွှတ်ပြီး မုန်တိုင်းလမ်းကြောင်း ပြောင်းသွားအောင် စွမ်းဆောင်ပေးကြောင်း ကိုယ်တိုင်မိန့်ကြားသည်ကို ကြားဖူးခဲ့သည် ။

မိုးခေါင်သည့်အခါ အခါမဲ့မိုးရွာသွန်းအောင် ပရိတ်ရွတ်ဖတ်ပြီး စွမ်းဆောင်ပေးနိုင်ခဲ့သော လယ်တီဆရာတော်ကြီးကဲ့သို့ အရိယာများ သမိုင်းတွင် အထင်အရှားရှိခဲ့ဖူးသည် ။

ထိုကဲ့သို့ သူတော်ကောင်းများ၏ မေတ္တာရိပ်အောက်တွင် နေထိုင်ကြရသော မြန်မာလူမျိုးများ ကံကောင်းကြပါသည် ။

ဝိပဿနာထွန်းကားသည့် တိုင်းပြည်ဖြစ်သောကြောင့် ဝိပဿနာတရားအားထုတ်သူအသီးသီး၏ ပထမဇောများက သူ့မိသားစု ၊ သူ့ပတ်ဝန်းကျင်ရှိ လူအများ ကပ်ဆိုးကြီးမှ ကင်းဝေးအောင် စွမ်းဆောင်ပေးနိုင်ကြပါလိမ့်မည် ။.

ထို့ကြောင့် ဘုရားရှင်ကို ယုံကြည်ကိုးကွယ်ပြီး ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းခြင်း ၊ ပရိတ်တရားတော်များ ရွတ်ဖတ်နာကြားခြင်း ၊ ဝိပဿနာတရား အားထုတ်ခြင်းတို့ကို ယုံယုံကြည်ကြည် ပြုလုပ်ခြင်းဖြင့် ဝူဟန်ကပ်ဆိုးကြီးကို ရှောင်ရှားနိုင်ပါလိမ့်မည် ။

တိဗက်ဒေသမှလွဲ၍ တရုပ်ပြည်တစ်ပြည်လုံး ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံ့သွားပြီဖြစ်ကြောင်း ၊ ထိန်းချုပ်ဖို့ိ ခက်ခဲနေကြောင်း ဝူကျင့်ဖျင်၏ ဝန်ခံချက်ကလည်း ထိုအချက်မှန်ကန်ကြောင်း သက်သေတစ်ခု ဖြစ်ပါသည် ။

သို့အတွက် antibodies များကြောင့် ၊ မျိုးရိုးဗီဇကြောင့်် မကူးစက်နိုင်ဟု တရားသေမှတ်ယူပြီး ပေါ့ပေါ့ဆဆ မနေကြဘဲ ကျန်းမာရေးဋ္ဌာနမှ ထုတ်ပြန်သော ကာကွယ်ရေးလမ်းညွှန်ချက်များကို

အပြည့်အဝ လိုက်နာရင်း တစ်ဖက်ကလည်း ပရိတ်တရားတော်များ ရွတ်ဖတ်နာယူပြီး ဝိပဿနာတရားကို ပို၍ကြိုးကြိုးစားစား အားထုတ်ကြဖို့ တိုက်တွန်းလိုက်ရပါသည် ။

မေတ္တာဖြင့််…..

Credit:ထင်ကျော် (စက်မှုတက္ကသိုလ်)