Zawgyiဖြင့်ဖတ်ရန်

 




၎-မြတ်စွာဘုရား၏ဆံတော် ဌာပနာခြင်း။







 

Unicodeဖြင့်ဖတ်ရန်

 

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီး၏ အံ့ဖွယ်(၉)ပါး

 

၁-ဗုဒ္ဓဆံတော်မြတ်ကို မိမိဆံကျစ်၌ အမြဲကိုးကွယ် သော တိဿရသေ့ကြီး နာမကျန်းဖြစ်၍ ထိုဆံတော်မြတ်ကို ဌာပနာ၍ဘုရားတည်လိုသော အခါ သိကြားမင်းသည် ထိုရသေ့၏ဦးခေါင်းနှင့် တူသော ကျောက်တုံးကြီးကို သမုဒ္ဒရာအတွင်းမှ ဆောင့်ယူ၍ ကျိုက်ထီးရိုးကျောက်တောင်ထိပ်၌ ဘုရားတည်ရန်တင်ထားခြင်း။

၂-ထိုကျောက်တုံးကြီးသည် ကျောက်တောင် စောင်းထိပ်၌ တည်ပါလျက် ငလျင်လှုပ်ခြင်း စသောအကြောင်းကြောင့် ရွေ့လျားခြင်းမရှိခြင်း။

၃-ထိုကျောက်တုံးကြီးပေါ်၌ ခက်ခဲစွာစေတီ တည်ထားခြင်း။

၄-မြတ်စွာဘုရား၏ဆံတော် ဌာပနာခြင်း။

၅-ကမ္ဘာမြေပေါ်တွင် ကျိုက်ထီးရိုးစေတီနှင့် တူသော စေတီမရှိခြင်း။

၆-ဘုရားဖူးတို့သည့် ခက်ခဲစွာ တောတောင် လျှိုမြောင်တို့ကိုဖြတ်ကျော်၍ တောင်တက်ဘုရား ဖူးရခြင်း။

၇-ဘုရားဖူးသူတို့သည် ဖူးမဝဖြစ်၍ နောက်ထပ် လာရောက်ဖူးပါရစေဟု ဆုတောင်းခြင်း၊ အခေါက်ပေါင်းများစွာ လာရောက်ဖူးမြော်ကြရခြင်း။

၈-ဘုရားဖူးတို့သည် ဘေးရန်အန္တရာယ်မရှိ၊ ကြည်နူးချမ်းသာခြင်း။

၉-နှစ်စဉ်မပျက် တောင်တက်ဘုရားဖူးများ အဆင်းအတက်ဖွေးဖွေးရှိလျက် ရင်ပြင်တော်၌ ပြည့်ကြပ်များပြားခြင်း။

Credit:မဟာသုတဒီပနီကျမ်း